သတင်း ဒုတပ်ကြပ်အပါအဝင် စစ်သား ၄ဦး လက်နက်နဲ့အတူ PRA မကွေးထံအလင်းဝင် လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA - Magway)လှုပ်ရှားနေတဲ့ အမ်း - ပဒန်းလမ်းပိုင်း၊ ဇင်ပြွန်းကျေးရွာအနီး တာဝန်ကျနေတဲ့ ဒုတပ်ကြပ် တစ်ဦးအပါအဝင်စစ်သားဝင် ၄ဦး အလင်းဝင်လာကြောင်း PRA – Magway က ဒီကနေ့ (ဒီဇင်ဘာ ၇ရက်)မှာ ထုတ်ပြန်ပါတယ်။ ludunwayooဒီဇင်ဘာ 8, 2025
သတင်း မုံရွာမှာ စစ်တပ်က ပေါ်တာဆွဲလို့အလုပ်ပြန်လူငယ်တွေ ဖမ်းဆီးခံရ စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ ဒီကနေ့ ညနေပိုင်းကလည်း စစ်တပ်က အိမ်စီးကားတွေနဲ့ ပေါ်တာပတ်ဆွဲလို့ အလုပ်ပြန်လူငယ်တွေ အများအပြား ဖမ်းဆီးခံလိုက်ရကြောင်းမြို့ခံတွေကပြောပါတယ်။ ludunwayooဒီဇင်ဘာ 8, 2025
သတင်း ဗန်းမောက်ကို စစ်တပ်ဗုံးကြဲ၊ စစ်ဘေးရှောင်၁ဦး သေဆုံးပြီး ၆ဦးဒဏ်ရာရ ပြည်သူ့ကာကွယ်ရေးတပ် တွေထိန်းချုပ်ထားတဲ့နဲ့ဗန်းမောက်မြို့ကို စစ်ကောင်စီကလေကြောင်းကနေ ဗုံးကြဲလို့ စစ်ဘေးရှောင်၁ဦး သေဆုံးပြီး၆ဦးဒဏ်ရာရသွားပါတယ်။ ludunwayooဒီဇင်ဘာ 8, 2025
သတင်း ဗုံးကြဲခံရလို့ လူအစုလိုက်အပြုံလိုက်သေခဲ့တဲ့မိုးမိတ်မြို့၊ မြစ်ဆုံရွာကိုစစ်တပ် ဗုံးထပ်ကြဲ စစ်တပ်ကလေကြောင်းကနေ ဗုံးကြဲလို့ စစ်ရှောင်တွေအပါအဝင် ၁၁ဦးသေဆုံးခဲ့တဲ့ မိုးမိတ်မြို့ မြစ်ဆုံရွာကို ဒီနေ့မှာလည်း စစ်တပ်က ဗုံးထပ်ကြဲနေပါတယ်။ ludunwayooဒီဇင်ဘာ 8, 2025
သတင်း စစ်တပ်ကတောင်သာ-မြင်းခြံလမ်းတလျှောက်ကရွာတွေက အိမ်ခြေနှစ်ရာဝန်းကျင်ကို မီးရှို့ မန္တလေးတိုင်း၊တောင်သာ-မြင်းခြံလမ်းတလျှောက်နဲ့ တောင်သာမြို့အနီးတဝိုက်က ကျေးရွာခြောက်ရွာကို စစ်တပ်မီးရှို့ ဖျက်ဆီးခဲ့တယ်လို့ လူထုလှုပ်ရှားမှု့ကော်မတီ တောင်သာ က ဒီကနေ့ ထုတ်ပြန်ပါတယ်။ ludunwayooဒီဇင်ဘာ 8, 2025
သတင်း ပုလဲ၊မင်းတိုင်ပင်ရွာကနေ စစ်တပ်ကဒရုန်းနဲ့ကင်းထောက်နေလို့စစ်ရေးသတိရှိကြဖို့ PDFသတိပေး စစ်ကိုင်းတိုင်း၊ပုလဲမြို့နယ်မှာစစ်တပ်စစ်ကြောင်းက ဒရုန်းတွေနဲ့ ကင်းထောက်နေတာကြောင့် စစ်ရေးအထူးသတိရှိဖို့ပုံတောင် Tiger PDF က ထုတ်ပြန်ပါတယ်။ ludunwayooဒီဇင်ဘာ 8, 2025
သတင်း ဂျိုရှုအာဗန်ဟာ UFC ဖလိုင်းဝိတ်တန်းချန်ပီယံဖြစ်လာ UFC ဖလိုင်းဝိတ်တန်း ချန်ပီယံခါးပတ်စိန်ခေါ်ပွဲမှာလက်ရှိချန်ပီယံ ဘရာဇီးဖိုက်တာအဲလက်စ်ဇန်းဒရေးပန်တိုဂျာနဲ့ မြန်မာအချိန် ယနေ့ နံနက်ယှဥ်ပြိုင်ထိုးသတ်တာမှာ ပန်ထိုဂျာဟာပထမအချီ၂၆ စက္ကန့် မှာပဲလက်မှာဒဏ်ရာအပြင်းအထန်ရပြီးဆက်မထိုးနိုင်တော့ပဲအရှုံးပေးလိုက်ပါတယ်။ ludunwayooဒီဇင်ဘာ 8, 2025
သတင်း ကိုယ်ကျိုးရှာသူတွေကို တော်လှန်ရေးဘေးထွက်သွားအောင်လုပ်ဖို့လိုဟု ချင်းညီနောင် တာဝန်ရှိသူပြော ကိုယ်ကျိုးရှာချင်တဲ့သူတွေ အမြတ်ထုတ်ချင်တဲ့သူတွေနဲ့ ပေါက်ကရလုပ်ချင်တဲ့ သူတွေအကုန်လုံး တော်လှန်ရေးထဲမှာပါဝင်မလာစေဖို့ တော်လှန်ရေးဘေးထွက်သွားအောင် လုပ်ဖို့ဆိုတာဟာတော်လှန်ရေးရဲ့ တာဝန်ဖြစ်ကြောင်း ချင်းညီနောင် ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမာန်က ပြောပါတယ်။ ludunwayooဒီဇင်ဘာ 8, 2025
သတင်း နေပြည်တော် ကားတိုက်မှု အချိန်မီမကယ်ဆယ်နိုင်လို့ ၂ဦးသေဆုံး နေပြည်တော် ဇေယျာသီရိမြို့နယ်မှာအိမ်စီးကားတစ်စီး လမ်းဘေးသစ်ပင်ကိုဝင်တိုက်ပြီး ကားပေါ်ပါလာတဲ့သူနှစ်ဦးဟာ အချိန်မီဆေးကုသခွင့်မရတာကြောင့်သေဆုံးသွားပါတယ်။ ludunwayooဒီဇင်ဘာ 8, 2025
သတင်း ဆူဒန်မှာ မူကြိုကျောင်းကို ဒရုန်းတိုက်ခိုက်မှုကြောင့် ကလေးအများစု အပါအဝင် ၅၀ ကျော်သေဆုံး ပြည်တွင်းစစ် ဖြစ်ပွားနေရာ ဆူဒန်နိုင်ငံမှာ မူကြိုကျောင်း တစ်ခုကို ဒရုန်းနဲ့ တိုက်ခိုက်မှုကြောင့် ကလေးငယ် အများအပြား အပါအဝင် လူ ၅၀ ကျော် သေဆုံးခဲ့ပါတယ်။ ludunwayooဒီဇင်ဘာ 8, 2025