Connect with us

Hi, what are you looking for?

သတင်း

နှစ်ဆန်းတစ်ရက်စစ်ကောင်စီလွတ်ငြိမ်း နိုင်ကျဉ်း လွတ်မြောက်မှုနည်းနေပြီး စုစုပေါင်း ၁၆၀ ကျော်သာ လွတ်မြောက်သေးဟုဆို

မြန်မာနှစ်ဆန်းတစ်ရက်နေ့မှာ စစ်ကောင်စီက လွတ်ငြိမ်းချမ်းသာခွင့်နဲ့ အကျဉ်းသားအချို့ကို ပြန်လည်လွှတ်ပေးခဲ့ရာမှာ အမှန်တကယ် လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားဦးရေမှာ နည်းပါးနေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ဒီကနေ့ ထုတ်ပြန်ပါတယ်။

(နှစ်ဆန်းတစ်ရက် လွတ်ငြိမ်းမှာ ရန်ကုန်မြို့အင်းစိန်အကျဉ်းထောင်က လွတ်မြောက်လာသူတွေကို တွေ့ရစဉ်။ ဓာတ်ပုံ - PS)

​ဧပြီ-၁၇၊ ၂၀၂၆။ဟာနာဆန်/People’s Spring

​မြန်မာနှစ်ဆန်းတစ်ရက်နေ့မှာ စစ်ကောင်စီက လွတ်ငြိမ်းချမ်းသာခွင့်နဲ့ အကျဉ်းသားအချို့ကို ပြန်လည်လွှတ်ပေးခဲ့ရာမှာ အမှန်တကယ် လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားဦးရေမှာ နည်းပါးနေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ဒီကနေ့ ထုတ်ပြန်ပါတယ်။

​PPNMရဲ့ စာရင်းအရ ဒီကနေ့ ဧပြီ ၁၇ရက်၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့ နေ့လယ် (၂) နာရီအထိ အတည်ပြုနိုင်တဲ့ အချက်အလက်တွေအရ အမှုပေါင်းစုံနဲ့ လွတ်မြောက်လာသူ ၅၀၀ ကျော်ရှိတဲ့အနက် နိုင်ငံရေးအကျဉ်းသားဦးရေမှာ ၁၆၅ ဦးသာ ပါဝင်သေးကြောင်း သိရပါတယ်။

စုစုပေါင်းလွတ်မြောက်လာသူ အရေအတွက်နဲ့ နှိုင်းယှဉ်ပါက နိုင်ငံရေးအကျဉ်းသား ပြန်လည် လွတ်မြောက်လာမှုဟာ နည်းပါးနေတာကို တွေ့ရှိရတယ်လို့ PPNMက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

“သူတို့(စစ်ကောင်စီဘက်က) ၄၃၃၅ ဦးဆိုတာက အမှုတွေအားလုံးပေါင်းပေါ့နော်။ နိုင်ငံရေးအကျဥ်းသား အမှုတွေလည်း ပါသလို အခြားအမှုတွေလည်း ပါတယ်။ အားလုံးပေါင်းကို ပြောချင်တာဖြစ်ပါတယ်။ ကျွန်တော်တို့ရရှိထားတဲ့ အတည်ပြုထားတဲ့ စာရင်းတွေကတော့ တစ်ရာကျော်ပဲ ရှိပါသေးတယ်။”လို့ PPNMရဲ့ ဦးဆောင်ကော်မတီဝင် မရောင်နီလင်းက ပြောပါတယ်။

ကျန်ရှိနေသေးတဲ့ လွတ်မြောက်လာသူတွေရဲ့ အချက်အလက်တွေကို PPNM က ဆက်လက်စိစစ်နေပြီး အတည်ပြုချက်တွေ ထပ်မံရရှိပါက ဆက်လက်ထုတ်ပြန်သွားမယ်လို့ အသိပေးပါတယ်။

နှစ်စဉ်အခါကြီးရက်ကြီးတွေနဲ့ နေ့ထူးနေ့မြတ်တွေမှာ စစ်ကောင်စီက လွတ်ငြိမ်းချမ်းသာခွင့် တွေပေးပြီး နိုင်ငံတကာရဲ့ ဖိအားကို လျှော့ချဖို့နဲ့ ပုံရိပ်ကောင်းရဖို့အတွက်သာ လုပ်ဆောင်လေ့ပေမဲ့ အမှန်တကယ် မတရားဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဥ်းသားတွေကိုတော့ လွှတ်ပေးတာ နည်းပါးနေဆဲဖြစ်ကြောင်း နိုင်ငံရေးလေ့လာသူတွေက ဝေဖန်နေပါတယ်။

ဒီကနေ့ လွတ်မြောက်သူတွေထဲမှာ သမ္မတဦးဝင်းမြင့်ပါဝင်ခဲ့ပြီး အများစုမျှော်လင့်နေကြတဲ့ လူထုခေါင်းဆောင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်ဆောင်ဆန်းစုကြည်လည်း လွတ်မြောက်လာမယ်လို့ သတင်းထွက်ပေါ်နေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။