Connect with us

Hi, what are you looking for?

သတင်း

စစ်ရေး တင်းမာနေတဲ့ ဖားကန့်မှာ ဘာတွေဖြစ်နေလဲ

ကချင်ပြည်နယ်၊ဖားကန့်မှာ စစ်ရေးတင်းမာနေပြီး အထိနာနေတဲ့ စစ်တပ်က ဒေသခံတွေကို ပစ်မှတ်ထားနေလို့ သတိပြုကြဖို့ KIA ၊KPDFတပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံတွေက သတိပေးနေကြပါတယ်။

ဖားကန့်ကို ၂၀၂၅ မိုးရာသီမှာ စစ်​ကြောင်းထိုးရောက်ရှိလာတဲ့ စစ်တပ်စစ်ကြောင်းကိုတွေ့ရစဥ်။ ဓါတ်ပုံ-CJ

နိုဝင်ဘာ-၁၀၊၂၀၂၅။အိမ်သွင်/People’s Spring

ကချင်ပြည်နယ်၊ဖားကန့်မှာ စစ်ရေးတင်းမာနေပြီး အထိနာနေတဲ့ စစ်တပ်က ဒေသခံတွေကို ပစ်မှတ်ထားနေလို့ သတိပြုကြဖို့ KIA ၊KPDFတပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံတွေက သတိပေးနေကြပါတယ်။

“ဒေသခံတွေ အပြင်မထွက်ကြဖို့ KPDFတွေက သတိပေးသွားတယ်။ စစ်တပ်က မှော်စီစာတကြောကိုတပ်ဖြန့်ထားတယ်။တိုက်ပွဲဆက်ဖြစ်မှာကျိန်းသေပဲ”လို့နိုဝင်ဘာလ၁၀ရက်ညပိုင်းအခြေအနေကို ဒေသခံတဦးကပြောပါတယ်။

အောက်တိုဘာလလယ်ကတိုက်ပွဲဖြစ်ပွားခဲ့ပြီး ငြိမ်သက်နေတဲ့ ဖားကန့်မှာ နိုဝင်ဘာလ၆ရက်နေ့ကစပြီး မြေပြင်တိုက်ပွဲတွေပြင်းထန်လာတာပါ။ ဖားကန့်နဲ့ ကာမိုင်းကြားက နမ့်ယားရွာ၊ လုံးခင်းကျေးရွာအုပ်စုပတ်ဝန်းကျင်တွေမှာ တိုက်ပွဲတွေဖြစ်ပြီး တစ်ရက်ချင်းအလိုက် ပိုပြီးပြင်းထန်လာတယ်လို့ သတင်းရရှိပါတယ်။

Public Service Announcement

Public Service Announcement

ဒီ‌နေ့မနက်ပိုင်းမှာလုံးခင်း‌ကျေးရွာအုပ်စုပတ်ဝန်းကျင်နဲ့ မှော်စီစာလမ်းဆုံမှာတိုက်ပွဲဖြစ်ပွားခဲ့ပြီးစစ်တပ်ယာဉ်တန်းကို KIA ၊KPDFကပြင်းအားမြင့်တဲ့မိုင်းနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့ပါတယ်။

“ကားသုံးစီး‌ပေါ်ကနေသွေးတွေစီးကျနေတာ။သူတို့သယ်လို့မရတော့ ဒေသခံတွေရဲ့ကားတွေကို အတင်းချောဆွဲပြီးသယ်သွားတယ်”လို့ဖြစ်စဉ်ကို မြင်တွေ့ခဲ့သူတစ်ဦးက‌ပြောပါတယ်။

မိုင်းဆွဲတိုက်ခိုက်ခံရတဲ့ နေရာပတ်ဝန်းကျင်ကို စစ်တပ်က တပ်စွဲပြီး ဒေသခံတွေရဲ့အိမ်တွေကို ဝင်စစ်နေတယ်လို့ သိရပါတယ်။ဒါ့အပြင် အဲ့ဒီနားက SKY Hotel ကိုလည်း စစ်တပ်ကဝင်ရောက်တပ်စွဲလိုက်ပြီလို့ သိရပါတယ်။

“SKY Hotel ကို ဝင်စီးသွားပြီ။ ဧည့်သည်တွေရော ဝန်ထမ်းတွေပါ ထွက်ခိုင်းတာ”လို့ ဒေသခံတစ်ဦးကပြောပါတယ်။။

တစ်ချိန်တည်းမှာ စစ်တပ်ရဲ့ ထောက်လှမ်းရေးဒရုန်းတွေ ဝဲနေလို့ သတိပြုကျဖို့ ဒေသခံအချင်းချင်းသတိပေးနေကြပါတယ်။

နိုဝင်ဘာလ ၉ ရက်​နေ့ စစ်တပ်က လက်နက်ကြီးပစ်ခတ်လို့ အရပ်သားအမျိုးသမီးတစ်ယောက်သေဆုံးခဲ့သလို နိုဝင်ဘာ ၁၀ ရက်​နေ့လည်း မိုင်းပေါက်ကွဲမှုကြောင့် အမျိုးသမီးတစ်ဦးထပ်မံသေဆုံးခဲ့တယ်လို့သိရပါတယ်။

ဖားကန့်မှာတိုက်ပွဲဖြစ်ပွားနေတဲ့အချိန် ဒီနေ့ နေ့ခင်း ၁နာရီခန့်မှာအင်းတော်ကြီးဒေသဘက်ကိုစစ်တပ်ကဗုံးကြဲတိုက်ခိုက်သွားပါတယ်။ဖားကန့်နဲ့ အင်းတော်ကြီးက ကားလမ်းချိတ်ဆက်နေပြီး လမ်းတလျှောက်မှာလည်း KIA ထိန်းချုပ်နေရာတွေ ရှိနေပါတယ်။

“အင်းတော်ကြီးကို ကြဲတာက တိုက်ပွဲမဖြစ်ဘဲကြဲတာ။ ဖားကန့်တနယ်လုံး လေကြောင်းနဲ့လက်နက်ကြီးအန္တရာယ် သတိပြုရမယ့်အချိန်ဖြစ်တယ်” လို့ KPDFနဲ့ နီးစပ်သူကသတိပေးပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဖားကန့်မှာ နေအိမ်နဲ့ လုပ်ငန်းရှင်တွေကိုသာမက လမ်းသွားလမ်းလာတွေဆီကပါ ဓားပြတိုက်နေတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့မှ အဖွဲ့ဝင်တချို့ကိုKIA၊KPDFက ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မိုးရာသီရောက်တိုင်းရေဘေးနဲ့မြေပြိုမှုဘေးရင်ဆိုင်နေရတဲ့ကချင်ပြည် နယ်၊ဖားကန့်မြို့နယ်မှာသုံးရက်ခန့်မိုးကြီးပြီးတဲ့နောက်ဒီကနေ့(ဇွန်လ ၁၄ရက်)မနက်ပိုင်းကစပြီး ရပ်ကွက်နဲ့ကျေးရွာအချို့ရေဘေးကြုံတွေ့နေရပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ယူမာကျေးရွာမှာ တပ်စွဲထားတဲ့ စစ်တပ်စစ်ကြောင်းကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊KPDF က အနီးကပ်တိုက်ခိုက်ခဲ့လို့ ထိခိုက်သေဆုံးမှုတွေများတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်ဒေသမှာ ရောက်နေတဲ့ စစ်တပ်နဲ့ပြည်သူ့စစ် ပူးပေါင်းစစ်ကြောင်းဟာ ဒီနေ့ ဇွန်လ ၄ရက် ညနေပိုင်းမှာ မိုးကြိုးပစ်ခံရပြီး ထိခိုက်သေဆုံးမှုတွေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။