သတင်း ကသာမြို့စစ်တပ်အုပ်ချုပ်ရေးယန္တရားလုံးဝရပ်ဆိုင်း ကသာမြို့မှာ စစ်ကောင်စီရဲ့အုပ်ချုပ်ရေးယန္တရားလုံးဝရပ်ဆိုင်းသွားပြီဖြစ်သလို အမှတ် ၃၀၉ ခြေမြန်တပ်ရင်း(ခမရ ၃၀၉)ထဲ ထွက်ပြေးတဲ့ စစ်ကောင်စီဝန်ထမ်းတွေကို စစ်တပ်က ထွက်ခွင့်မပေးဘဲ ပိတ်ဆို့ထားတယ်လို့ သတင်းရရှိပါတယ်။ ludunwayooဇန်နဝါရီ 3, 2026
သတင်း အမျိုးသားညီညွတ်ရေးအစိုးရက အကျဉ်းသား၊ အကျဥ်းသူ ၁၀၀ ကျော်ကို လွတ်ငြိမ်းပေး တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ ထိမ်းသိမ်းထားတဲ့ အကျဉ်းသား/အကျဉ်းသူတွေအနက် (၁၁၀)ဦးကို ဒီနေ့ ဇန်နဝါရီလ ၁ရက်နေ့မနက်မှာအမျိုးသားညီညွတ်ရေးအစိုးရက လွတ်ငြိမ်း သက်သာခွင့်ပြုလိုက်ပါတယ်။ ludunwayooဇန်နဝါရီ 1, 2026
သတင်း မြိုင်နဲ့ ဆိပ်ဖြူမှာ နှစ်ရက်ဆက်လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူတစ်ဦးသေဆုံး၊ နေအိမ်နဲ့ ဆိုင်ခန်းတွေ မီးလောင် မကွေးတိုင်း၊ မြိုင်နဲ့ ဆိပ်ဖြူမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ နှစ်ရက်ဆက် လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူတစ်ဦးသေဆုံးကာ နေအိမ် ၂၀ကျော်နဲ့ ဈေးဆိုင်ခန်းတွေ မီးလောင်ပျက်စီးခဲ့ပါတယ်။ ludunwayooဇန်နဝါရီ 1, 2026
သတင်း ရေတာရှည်မြို့နယ်တိုက်ပွဲတွေမှာ စစ်တပ် ၄၀ထက်မနည်းသေဆုံးပြီး လက်နက်ခဲယမ်းတွေသိမ်းရတယ်လို့ နေပြည်တော် PDFပြော ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အရှေ့ဘက်နဲ့ အနောက်ဘက်ခြမ်း တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်သား ၄၀ထက်မနည်းသေဆုံးပြီး လက်နက်ခဲယမ်းတွေရရှိတယ်လို့ နေပြည်တော် တိုင်းစစ်ဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် က ဒီကနေ့ (ဇန်နဝါရီ၁ရက်) ထုတ်ပြန်ပါတယ်။ ludunwayooဇန်နဝါရီ 1, 2026
သတင်း ချင်းပြည်နယ်တောင်ပိုင်းက လက်နက်ကိုင်တပ်ဖွဲ့ ၄ဖွဲ့ပေါင်းစည်းပြီး CPU/CPA အဖြစ်ဖွဲ့စည်း ချင်းပြည်နယ် မင်းတပ်၊ ကန်ပက်လက်၊ မတူပီနဲ့ ပလက်၀မြို့နယ်တွေက ချင်းဒေသကာကွယ်ရေးတပ်(CDF) လေးဖွဲ့ကို Chin People’s Union/Chin People Army(CPU/CPA) အဖြစ် ပေါင်းစည်းလိုက်ကြောင်း CPU ဥက္ကဋ္ဌ ဆလိုင်းထန်းချွန်းဖေက အတည်ပြုပြီး ချင်းညီနောင် သဘာပတိ ဆလိုင်းပီတာထန်းက ပြောပါတယ်။ ludunwayooဇန်နဝါရီ 1, 2026
သတင်း ဘုတလင်မြို့ကို တော်လှန်ရေးတပ်တွေ ဝိုင်းဝန်းပိတ်ဆို့ထား မြို့သိမ်းတိုက်ပွဲ ၄ရက်အတွင်း စစ်တပ် ၁၅ ဦးထက်မနည်းသေဆုံး၊ တော်လှန်ရေးရဲဘော် ၆ဦး ကျဆုံး ludunwayooဇန်နဝါရီ 1, 2026
သတင်း အာဏာသိမ်း စစ်တပ်က ကျင်းပတဲ့ ဂီနီရာ ရွေးကောက်ပွဲမှာ စစ်ခေါင်းဆောင် အနိုင်ရ ကြိုတင် ခန့်မှန်းထားတဲ့အတိုင်း အာဏာသိမ်း ဂီနီရာ စစ်တပ်က ဦးဆောင်ကျင်းပတဲ့ ရွေးကောက်ပွဲမှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီး မာမာဒီ ဒွမ်ဘူယာကပဲ အနိုင်ရသွားခဲ့ပါတယ်။ ludunwayooဇန်နဝါရီ 1, 2026
သတင်း ပလိပ်-စကားအင်း လမ်းပိုင်းမှာအဝေးပြေးကား မီးလောင် မန္တလေးတိုင်း၊ စဉ့်ကိုင်မြို့နယ် ၊ပလိပ်- စကားအင်းလမ်းပိုင်းမှာ အဝေးပြေး ခရီးသည်တင်ကားတစ်စီး ဒီနေ့ (ဒီဇင်ဘာ ၃၁ ရက်) မနက် ၆ နာရီ ၄၀ မိနစ်မှာ မီးလောင်မှုဖြစ်ပွားတယ်လို့ မီးသတ်က ထုတ်ပြန်ပါတယ်။ ludunwayooဇန်နဝါရီ 1, 2026
သတင်း တောင်ကြီးမှာပျောက်ဆုံးနေတဲ့၉တန်းကျောင်းသားသေဆုံးမှု အမှုမှန်ဖော်ထုတ်ပေးဖို့ဒေသခံတွေလိုလား ရှမ်းပြည်နယ်ရဲ့မြို့တော် တောင်ကြီးမြို့မှာ အိမ်ကနေ ပြင်ပထွက်ရာက ပျောက်ဆုံးနေတဲ့ ၉ တန်းကျောင်းသားကို ၆ရက်အကြာမှာ သေဆုံးလျက်ပြန်တွေ့ခဲ့ရပြီး အမှုကို ဖော်ထုတ်ပေးဖို့ မြို့ခံတွေက တောင်းဆိုနေကြပါတယ်။ ludunwayooဇန်နဝါရီ 1, 2026
သတင်း သန်လျင်မှာ အမျိုးသမီးတစ်ဦး ဆွဲကြိုးလုဓားထိုးခံရ ရန်ကုန်တိုင်း၊ သန်လျင်မြို့ အောင်မင်္ဂလာရပ်ကွက်မှာ အမျိုးသမီးတစ်ဦး ဆွဲကြိုးလု မျက်နှာကိုဓားနဲ့ထိုးခံရတဲ့ ဖြစ်စဉ် ဒီကနေ့မနက်စောမှာ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတချို့က ပြောပါတယ်။ ludunwayooဇန်နဝါရီ 1, 2026