Connect with us

Hi, what are you looking for?

သတင်း

ရေတာရှည်မြို့နယ်တိုက်ပွဲတွေမှာ စစ်တပ် ၄၀ထက်မနည်းသေဆုံးပြီး လက်နက်ခဲယမ်းတွေသိမ်းရတယ်လို့ နေပြည်တော် PDFပြော

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အရှေ့ဘက်နဲ့ အနောက်ဘက်ခြမ်း တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်သား ၄၀ထက်မနည်းသေဆုံးပြီး လက်နက်ခဲယမ်းတွေရရှိတယ်လို့ နေပြည်တော် တိုင်းစစ်ဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် က ဒီကနေ့ (ဇန်နဝါရီ၁ရက်) ထုတ်ပြန်ပါတယ်။

ရေတာရှည်မြို့နယ် စစ်တောင်းမြစ်တကြော တိုက်ပွဲတွေမှာ ဖမ်းမိတဲ့ သုံ့ပန်းတွေနဲ့ သိမ်းရတဲ့ လက်နက်ခဲယမ်းတွေ။ ဓာတ်ပုံ - နေပြည်တော် PDF

ဇန်နဝါရီ-၁ ၊၂၀၂၆။မိုမို/People’s Spring

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အရှေ့ဘက်နဲ့ အနောက်ဘက်ခြမ်း တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်သား ၄၀ထက်မနည်းသေဆုံးပြီး လက်နက်ခဲယမ်းတွေရရှိတယ်လို့ နေပြည်တော် တိုင်းစစ်ဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် က ဒီကနေ့ (ဇန်နဝါရီ၁ရက်) ထုတ်ပြန်ပါတယ်။

စစ်တောင်းမြစ်အနောက်ဘက်ကမ်းက ဒိုးတန်း၊ ခင်တန်းလေးကျေးရွာတွေနဲ့ အရှေ့ဘက်ကမ်းက အိုးမြေဒူးကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းတွေကို ပြီးခဲ့တဲ့ ၂၀၂၅ ဒီဇင်ဘာ ၃၀ ရက်က တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“အဓိကရည်ရွယ်ချက်ကတော့ ကျွန်တော်တို့ နယ်မြေစိုးမိုးမှု ရယူဖို့နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့ ထိုးစစ်အရှိန်ကို အတူတူဆောင်ရွက်တဲ့ စစ်ဆင်ရေး”လို့ နေပြည်တော်တိုင်းစစ်ဌာန တိုင်းကွပ်ကဲရေးမှူး ဗိုလ်လကျာ်က တိုက်ခိုက်မှု ဖြစ်စဥ်ကို ရှင်းပြပါတယ်။

Public Service Announcement

Public Service Announcement

ရေတာရှည်မြို့နယ် စစ်တောင်းမြစ်တကြော တိုက်ပွဲတွေမှာ သိမ်းရတဲ့ လက်နက်ခဲယမ်းတွေ။

ဓာတ်ပုံ – နေပြည်တော် PDF

စစ်တပ်အင်အား ၄၀နီးပါးရှိတဲ့ ဒိုးတန်းကျေးရွာတပ်စခန်းကို နေပြည်တော်တိုင်းစစ်ဌာန တပ်ရင်းတွေ၊ပဲခူးတိုင်းစစ်ဌာန(၃၅၀၄)တပ်ရင်းနဲ့ ရေတာရှည်ပကဖတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတယ်လို့ အသိပေးပါတယ်။အဲဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်သား နှစ်ဦးကျဆုံးပြီး ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့ပါတယ်။

ဒိုးတန်းကျေးရွာတိုက်ပွဲကို အောင်ချမ်းသာကျေးရွာဘက်ကနေ အင်အား ၇၀ဝန်းကျင်နဲ့ စစ်တပ်က စစ်ကူစစ်ကြောင်းကို တခွဲကျဲကျေးရွာမှာ ဖြတ်တောက်ရေးအဆင့်ဆင့် ယူထားတဲ့ နေပြည်တော်တိုင်းစစ်ဌာနတပ်ရင်းတွေက ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ကြံခင်းကွင်းပြင်ကနေတက်လာတဲ့ စစ်ကောင်စီတပ်ကို စောင့်ကြိုပစ်ခတ်ရတာကြောင့် စစ်ကောင်စီတပ် ထိခိုက်သေဆုံးမှုများပြီး လူနာတင်ကားတွေနဲ့ပါ သယ်ရတယ်လို့ ဆိုပါတယ်။ အဲဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က ၂၀ဦးနီးပါးသေဆုံးနိုင်တယ်လို့ နေပြည်တော်တိုင်းစစ်ဌာနက ခန့်မှန်းပါတယ်။

အဲဒါအပြင် စစ်ကောင်စီတပ်က တင့်ကားတွေ အသုံးပြုပြီး ဒိုးတန်းကျေးရွာ တိုက်ပွဲစစ်ကူပေးဖို့ ကြိုးစားခဲ့ပေမယ် ဖြတ်တောက်တားဆီးနိုင်ခဲ့တယ်လို့ အသိပေးပါတယ်။

စစ်တောင်းမြစ်အနောက်ဘက်ကမ်း၊ ခင်တန်းလေးကျေးရွာက စစ်တပ်အထိုင်ချဂိတ်စခန်းတိုက်ခိုက်မှုမှာလည်း စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးခဲ့တယ်လို့ ဖော်ပြပါတယ်။

အဲဒီနောက် စစ်တောင်းမြစ်အရှေ့ဘက်ကမ်း အိုးမြေဒူးကျေးရွာက အင်အား(၆၀)နီးပါးရှိတဲ့ စစ်ကောင်စီတပ်အထိုင်စခန်းကို နေပြည်တော် PDF တပ်ရင်းတွေနသံတောင် မြောက်ပိုင်းအဖွဲ့တို့ ပူးပေါင်း တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

အိုးမြေဒူးတစ်ရွာလုံးကို သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်သားတွေ စစ်တောင်းမြစ်ကို ဖြတ်ကူးပြီး အနောက်ဘက်ကမ်း ထွက်ပြေးခဲ့ပေမယ့်တချို့ကို ဖမ်းဆီးနိုင်ခဲ့ပါတယ်။

အိုးမြေဒူးကျေးရွာတိုက်ပွဲမှာ စစ်ကောင်စီတပ်က ထိခိုက်သေဆုံးသူ ၂၀ဝန်းကျင်နဲ့ စစ်သုံ့ပန်းသုံးဦး ဖမ်းမိပြီး လက်နက်ခဲယမ်းနဲ့ ဆက်စပ်ပစ္စည်းတွေ သိမ်းရခဲ့တယ်လို့ သိရပါတယ်။ပူးပေါင်းတပ်ဖွဲ့ဘက်ကလည်း ရဲဘော်တစ်ဦး ကျဆုံးပြီး ငါးဦး ဒဏ်ရာ ရခဲ့ပါတယ်။

ဒီဇင်ဘာ ၃၀ ရက် တစ်ရက်တာအတွင်း စစ် တောင်းမြစ်အရှေ့ဘက်ကမ်းနဲ့ အနောက်ဘက်ကမ်း နှစ်ခုလုံးမှာ နေပြည်တော်တိုင်းစစ်ဌာနတပ် ရင်းတွေနဲ့ မဟာမိတ်အဖွဲ့တွေပူးပေါင်းစစ်ဆင်ရေးကြောင့် စစ်ကောင်စီတပ် အထိနာခဲ့ပြီး တစ်နေ့တာအတွင်း စစ်ကောင်စီတပ်သား ၄၀ကျော် သေဆုံးခဲ့လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒါပေမယ့် တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဘက်က သေဆုံးထိခိုက်မှုတွေကို လူထုနွေဦးက သီးခြားအတည်မပြုနိုင်သေးပါဘူး။

အထိနာတဲ့ စစ်ကောင်စီတပ်က စစ်ကူအင်အားဖြည့်တင်းတာနဲ့ စစ်တောင်းမြစ်ကမ်းတစ်ဝိုက်က ကျေးရွာအားလုံးနီးပါးကိုလက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုရှိနေတယ်လို့ ဆိုပါတယ်။

စစ်ရေးအချက်အလက်တွေအရ ရေတာရှည်မြို့နယ်၊စစ်တောင်မြစ်ဝှမ်းတ​စ်လျှောက်မှာ စစ်ကောင်စီတပ်က ပင်မအထိုင်စခန်းကြီးလေးခု နဲ့ နေရာ ၁၀ ခုထက်မနည်းမှာ တပ်စွဲထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနရဲ့လမ်းညွှန်ချက်တွေအတိုင်း ပြည်သူ့စစ်မဟာဗျူဟာကို အခြေခံပြီး စစ်ကောင်စီတပ်ကို ဘက်ပေါင်းစုံကနေ ထိုးနှက်တိုက်ခိုက်နေတဲ့အပြင် စစ်ဆင်ရေးအရှိန်ကို တိုးမြှင့်မယ်လို့ နေပြည်တော်တိုင်းစစ်ဌာနက ကြေညာထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့မှာ ကင်းပတ်ထွက်လာတဲ့ စစ်တပ် တိုက်ခံရပြီး သေဆုံးထိခိုက်မှုတွေရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြို(ပကဖ) တာ၀န်ရှိသူက ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသား ၁ဦး သေဆုံးပြီးသူ့ရဲ့ ဇနီးဖြစ်သူ ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ဖားကန့်မှာ နေအိမ်နဲ့ လုပ်ငန်းရှင်တွေကိုသာမက လမ်းသွားလမ်းလာတွေဆီကပါ ဓားပြတိုက်နေတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့မှ အဖွဲ့ဝင်တချို့ကိုKIA၊KPDFက ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ရေးမြို့နယ် ရေးချောင်းဖျားဒေသမှာ ဂျန်ပန်နိုင်ငံ နိပွန်ဖောင်ဒေးရှင်း အကူအညီနဲ့ ဆောက်လုပ်ထားတဲ့ ဒုက္ခသည်စခန်းနေရာကို စစ်တပ်က ဒီကနေ့ ဇွန်လ ၁၈ရက်မနက်အစောမှာ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့တယ်လို့ မွန် သတင်းရင်းမြစ်က ပြောပါတယ်။