Connect with us

Hi, what are you looking for?

သတင်း

မြိုင်နဲ့ ဆိပ်ဖြူမှာ နှစ်ရက်ဆက်လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူတစ်ဦးသေဆုံး၊ နေအိမ်နဲ့ ဆိုင်ခန်းတွေ မီးလောင်

မကွေးတိုင်း၊ မြိုင်နဲ့ ဆိပ်ဖြူမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ နှစ်ရက်ဆက် လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူတစ်ဦးသေဆုံးကာ နေအိမ် ၂၀ကျော်နဲ့ ဈေးဆိုင်ခန်းတွေ မီးလောင်ပျက်စီးခဲ့ပါတယ်။

လေကြောင်းတိုက်ခိုက်မှု အတွင်း ထိခိုက်ပျက်စီးသွားသော နေအိမ်များ၊ ဆိုင်ခန်းများအား တွေ့ရစဥ်။ ဓာတ်ပုံ-ပခုက္ကူခရိုင်အမှတ် ၁၉ တပ်ရင်း၊ We Love Myaing

ဇန်နဝါရီ ၁၊ ၂၀၂၆။ ဟာနာဆန်/People’s Spring

မကွေးတိုင်း၊ မြိုင်နဲ့ ဆိပ်ဖြူမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ နှစ်ရက်ဆက် လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူတစ်ဦးသေဆုံးကာ နေအိမ် ၂၀ကျော်နဲ့ ဈေးဆိုင်ခန်းတွေ မီးလောင်ပျက်စီးခဲ့ပါတယ်။

မနေ့က ဒီဇင်ဘာ ၃၁ ရက် ညနေ ၄နာရီခန့်က မြိုင်မြို့နယ်၊ ညောင်ကုန်းကျေးရွာကို လေကြောင်းတိုက်ခိုက်ခဲ့ရာ ပြည်သူတစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရကြောင်း၊ ဒါ့အပြင်နေအိမ် သုံးလုံးနဲ့ ဆိုင်ခန်းများမီးလောင်ပျက်စီးခဲ့ကြောင်း We Love Myaing အဖွဲ့က ပြောပါတယ်။

“ပေါင်ဗုံးအရင်ချပြီး ရော့ကတ်နဲ့ စက်လက်နဲ့ပါ ပစ်သွားတာ”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

သေဆုံးသူဟာ စျေးဆိုင်ဖွင့်ထားတဲ့ အမျိုးသမီးတစ်ဦးဖြစ်ကြောင်း ဒေသခံတွေက ပြောပါတယ်။

အလားတူ ဒီဇင်ဘာ ၃၀ရက် ညနေ၆နာရီ မိနစ် ၄၀ ခန့်ကနေ ည ၇ နာရီခွဲခန့်အထိ ဆိပ်ဖြူမြို့နယ်က လိပ်ခြံကျေးရွာ၊သဖန်းတုန်းကျေးရွာ၊ အနောက်ကံတွင်း ကျေးရွာ၊ ရေပုတ်ကျေးရွာတို့က နေအိမ်တွေကို မကွေးလေတပ်ကနေတက်လာတဲ့ Y12 လေယာဉ်နဲ့ ဗုံးအလုံးရေ ၅၀ခန့် ကြဲချကာ တိုက်ခိုက်ခဲ့ကြောင်း ပခုက္ကူခရိုင် အမှတ်(၁၉)တပ်ရင်းက အသိပေးပါတယ်။

အဲဒီတိုက်ခိုက်မှုကြောင့် နေအိမ် ၁၇လုံးခန့် ပျက်စီးခဲ့ကြောင်း ပခုက္ကူခရိုင် အမှတ်(၁၉) တပ်ရင်းက ထပ်မံအသိပေးပါတယ်။

စစ်ကောင်စီဟာ ၎င်းတို့ ရွေးကောက်ပွဲလုပ်မယ့် ဒီဇင်ဘာလအတွင်းမှာ ပြည်သူတွေကို လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေပြီး ဒီဇင်ဘာ ၁ ရက်ကနေ ဒီဇင်ဘာ ၂၉ ရက်အတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၁၅၀ ကျော် သေဆုံးခဲ့ပြီး အနည်းဆုံး ၁၈ဝ ကျော် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ မြဇီးတောရွာကို အာဏာသိမ်းစစ်တပ်က ဝင်ရောက်မီးရှို့ဖျက်ဆီးရာ ဘုန်းကြီးကျောင်းနဲ့ နေအိမ် ၂၀ ကျော်အပြင် အိမ်သုံးနဲ့ လယ်ယာသုံးစက်ပစ္စည်းတွေ မီးလောင် ပျက်စီးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ညောင်ပင်ကြီးတောရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ကိုယ်ဝန်သည်မိခင်အပါအဝင် အမျိုးသမီး ၃ဦး သေဆုံးကာ ဒဏ်ရာရသူ အများအပြားရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်(CDF) ဇိုဖေ ဌာနချုပ်ကို စစ်တပ်က လေယာဉ်နဲ့ အပြင်းအထန် ဗုံးကြဲခဲ့သလို တိုက်ခိုက်မှုမျိုး အာဏာသိမ်းစစ်တပ်က ထပ်မံ လုပ်ဆောင်လာနိုင်တာကို တွက်ဆထားပြီးဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ် အရှေ့မြောက်ခြမ်းကို စစ်တပ်က လေယာဉ် ၇စီးနဲ့ ဗုံးကြဲတိုက်ခိုက်မှုအတွင်း ရဲဘော် ၁ ဦး ကျဆုံးကာ အမျိုးသမီး ရဲဘော်တွေအပါအဝင် ၅ ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။