Connect with us

Hi, what are you looking for?

သတင်း

ကသာမြို့စစ်တပ်အုပ်ချုပ်​ရေးယန္တရားလုံးဝရပ်ဆိုင်း

ကသာမြို့မှာ စစ်ကောင်စီရဲ့အုပ်ချုပ်ရေးယန္တရားလုံးဝရပ်ဆိုင်းသွားပြီဖြစ်သလို အမှတ် ၃၀၉ ​ခြေမြန်တပ်ရင်း(ခမရ ၃၀၉)ထဲ ထွက်ပြေးတဲ့ စစ်​ကောင်စီဝန်ထမ်းတွေကို စစ်တပ်က ထွက်ခွင့်မပေးဘဲ ပိတ်ဆို့ထားတယ်လို့ သတင်းရရှိပါတယ်။

■ခမရ(၃၀၉)ထွက်​ပြေးတဲ့စစ်​ကောင်စီဝန်ထမ်း​တွေကို စစ်တပ်ကထွက်ခွင့်မ​ပေး​တော့

ဇန်နဝါရီ-၂၊၂၀၂၅။အိမ်သွင်/People’s Spring

ကသာမြို့မှာ စစ်ကောင်စီရဲ့အုပ်ချုပ်ရေးယန္တရားလုံးဝရပ်ဆိုင်းသွားပြီဖြစ်သလို အမှတ် ၃၀၉ ​ခြေမြန်တပ်ရင်း(ခမရ ၃၀၉)ထဲ ထွက်ပြေးတဲ့ စစ်​ကောင်စီဝန်ထမ်းတွေကို စစ်တပ်က ထွက်ခွင့်မပေးဘဲ ပိတ်ဆို့ထားတယ်လို့ သတင်းရရှိပါတယ်။

မြို့ပေါ်မှာ တပ်စွဲထားတဲ့ စစ်တပ်ရဲ့စခန်းတွေအနက် အချို့ကို ​တော်လှန်​ရေးတပ်ဖွဲ့တွေကထိုးစစ်ဆင်တိုက်ခိုက်တဲ့အခါ စစ်သားနဲ့ Non CDM ဝန်ထမ်းတွေက မြို့ပြင်မှာရှိတဲ့ ခမရ(၃၀၉)ထဲကိုထွက်​ပြေး သွားရောက်စုစည်းနေတယ်လို့ မြို့ခံတစ်ဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

“မြို့ထဲကိုဗုံးကြဲတာအထိအခိုက်ရှိတယ်။ ရက်ကွက်(၉)ထဲမှာ လူသေဆုံးတာရှိတယ်။ စစ်တပ်က သူတို့တပ်စွဲထားတဲ့ အထက(၂)ကျောင်းကနေဆုတ်ပြီး ကျောင်းကို ပြန်ဗုံးကြဲသွားလို့ ကျောင်းမီးလောင်သွားပြီ”လို့ဒေသခံတဦးကပြောပါတယ်။

ကသာမြို့မှာ စစ်တပ်စွဲထားတဲ့နေရာတွေကို ဒီဇင်ဘာလ၂၈ရက်မနက်အစောပိုင်းမှာ PDF ​တွေအပါအဝင်​တော်လှန်​ရေးတပ်​တွေက စတင်တိုက်ခိုက်ခပြီး မြို့သိမ်းတိုက်ပွဲဆင်နွှဲ​နေတာပါ။ဇန်နဝါရီ ၂ ရက်အထိ တိုက်ပွဲတွေဆက်ဖြစ်နေပြီး မြို့ခံတွေ ဘေးလွတ်ရာကိုတိမ်းရှောင်ဖို့ကြိုးစားနေကြပါတယ်။

ဇန်နဝါရီက ၁ရက်နေ့မှာ အရပ်သားပြည်သူတွေနဲ့အတူ စစ်ရှောင်အဖြစ်ဟန်ဆောင်ထွက်ပြေး
တဲ့ စစ်တပ်လက်​အောက်ခံဝန်ထမ်း Non CDM ၅၀ ခန့်ကို​တော်လှန်​ရေးတပ်​တွေက ဖမ်းမိခဲ့ပါတယ်။ဇန်နဝါရီလ ၂ရက်နေ့မှာလည်း အရပ်သားတွေပြေးတဲ့ဘက်ကို စစ်တပ်ကလေကြောင်းကနေ ဗုံးကြဲလို့ ဒေသခံတွေဟာ မြို့ထဲကိုပြန်ဝင်ခဲ့ကြရပါတယ်။

“ဒီနေ့က Non တွေနည်းနည်းပဲထပ်မိတယ်။ အရပ်သားတွေနဲ့ရောပြီးထွက်သလိုအရပ်သားတွေနဲ့ပဲ မြို့ထဲကို ပြန်ဝင်သွားတာ။ကသာက ခရိုင်မြို့ဆိုတော့ Non တွေလည်း များတယ်” လို့မြေပြင်သတင်းရင်းမြစ်တစ်ဦးကပြောပါတယ်။

Non CDM အချို့ဟာ ခမရ(၃၀၉)ထဲမှာ သွားရောက်စုစည်းနေစဉ် စစ်ကောင်စီကထွက်ခွာခွင့်
မပေးတော့ဘဲ လက်နက်ထုတ်ပေးပြီး ခုခံခိုင်းနေတယ်လို့ သတင်းရရှိပါတယ်။

“၃၀၉ကို အားကိုးတဲ့ Non တွေဒုက္ခရောက်ပြီ။ စစ်ကောင်စီက မြိုပတ်ချာလည်အပြင်၃၀၉ ဘက်ကိုပါဗုံးကြဲနေတာ ” လို့ ဒေသခံသတင်းရင်းမြစ်ပြောပါတယ်။

ခမရ(၃၀၉)ဟာ ကသာမြို့၊ပြည်သာယာ ရပ်ကွက်နဲ့ နီးပြီး မြို့အပြင်ဘက် တောင်ကုန်းမှာရှိပါတယ်။ စစ်ကောင်စီက မြို့ပြင်ဘက်တွေကို လေကြောင်းကနေမကြာခဏတိုက်ခိုက်နေပါတယ်။ခမရ(၃၀၉)ကျတော့မှာမို့ ခုခံဖို့ဆိုပြီး စစ်တပ်ဝါဒဖြန့်ချိရေးစာမျက်နှာတွေက လူမှုကွန်ရက်ကနေအလှူခံနေတာလည်းတွေ့ရပါတယ်။

မြို့ခံများစုဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့ အင်းတော်နဲ့ မော်လူးမြို့ဘက်အပြင် မြစ်ကြီးနားနဲ့မန္တလေးမြို့ဘက် စစ်ဘေးရှောင်ဖို့ ကြိုးစားနေကြပါတယ်။ဒေသခံတွေစစ်ရှောင်တဲ့လမ်းကြောင်းကို စစ်တပ်ကလေကြောင်းကနေတိုက်ခိုက်မှုတွေပြုလုပ်နေတယ်လို့လည်း မြို့ကိုစွန့်ခွာထွက်ပြေးလာသူတချို့ကပြောပါတယ်။

ကသာမြို့ကနေ ထွက်လာတဲ့ စစ်ဘေးရှောင်တွေကို အမျိူးသားညီညွတ်ရေးအစိုးရရဲ့ လူသားစာနာဌာနအပါအဝင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တွေက အကူအညီတွေပေးနေပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကလည်း လုံခြုံရေးစောင့်ရှောက်မှုနဲ့ စစ်ဆေးမှုတွေလုပ်နေပါတယ်။ 

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ကသာမြို့ကို ပြန်ထိန်းချုပ်နိုင်ပြီလို့ စစ်တပ်ဝါဒဖြန့်ချိရေးတွေက လိမ်လည် ဝါဒဖြန့်နေပြီး မြို့တဖက်ကမ်းကျေးရွာတွေကို ဗုံးကြဲဖျက်ဆီးဖို့အထိ စစ်ရာဇဝတ်မှုကျူးလွန်မယ့်ပုံစံ လှုံ့ဆော်နေပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအထက်ပိုင်းကသာမြို့မှာစစ်ကောင်စီတပ်နဲ့ ကချင်လွတ် လပ်ရေးတပ်မတော်(KIA) ၊ PDF တပ်တွေကြားတိုက်ပွဲ ပြင်းထန်နေပြီး စစ်တပ်က မြို့အဝင်အထွက်ပိတ်ဆို့ထားတဲ့ အတွက် ဒေသခံထောင်နဲ့ချီပမြို့အတွင်းမှာ ပိတ်မိနေဆဲလို့ စစ်ရှောင်လာသူ အမျိုးသမီးတစ်ဦးဆီကသိရပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကသာမြို့ကို စစ်တပ်က ပိတ်ဆို့ပြီး လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေလို့ ဒေသခံပြည်သူတွေ ပိတ်မိနေတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကသာမြို့ရှိ စစ်ကောင်စီတပ်စခန်းတွေကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဒီကနေ့မှာ ဝင်ရောက်တိုက်ခိုက်နေပြီဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်တဦးက ပြောပါတယ်။