Hi, what are you looking for?
စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ရဲဘော်အထိအခိုက်မရှိခဲ့ပေမယ့် စခန်းပျက်စီးဆုံးရှုံးမှုများခဲ့တယ်လို့ မကွေးတိုင်း၊ရေစကြိုမြို့နယ် အခြေစိုက် Yesagyo Revolution Group (YRG) က ဒီကနေ့ ထုတ်ပြန်ပါတယ်။
နွေဦးတော်လှန်ရေးတွင် စစ်တပ်ကိုခုခံတိုက်ခိုက်နေသော တော်လှန်ရေးအဖွဲ့များ တစ်ဖွဲ့ မှ မတက်ရောက်ဘဲ စစ်တပ်ကိုမတိုက်သည့် လက်နက်ကိုင်အဖွဲ့များသာတက်ခဲ့သောနေပြည်တော်မှငြိမ်းချမ်းရေးဖိုရမ်သည် အမှန်တကယ် ငြိမ်းချမ်းရေးအတွက်ထိရောက်ခြင်းမရှိဘဲ စစ်ကောင်စီ ရပ်တည်နိုင်ရေး၊ အာဏာရယူရေးအတွက် ရည်ရွယ်ခြင်းသာဖြစ်ကြောင်း တော်လှန်ရေးအင်အားစုများမှတာဝန်ရှိသူများက ပြောကြားသည်။