Connect with us

Hi, what are you looking for?

သတင်း

KIO ထိန်းချုပ်နယ်မြေရှိ KTV၊ နိုက်ကလပ်နှင့် ဘားများ ပိတ်ရန်အမိန့်ထုတ်

ကချင်လွတ်လပ်ရေးအဖွဲ့/ကချင်လွတ်လပ်​ရေးတပ်မ​တော်(KIO/KIA) ထိန်းချုပ်နယ်မြေအတွင်းရှိ KTV၊ နိုက်ကလပ် နှင့် ဘားများအားလုံးကိုရက်အကန့်အသတ်မရှိပိတ်ပင်ကြောင်း အမိန့်ထုတ်ပြန်လိုက်သည်။

KIO က ကချင်ဘာသာဖြင့် ထုတ်ပြန်​သော အမိန့်ကိုတွေ့ရစဥ်။ဓါတ်ပုံ-File Photo

ဇွန်-၂၇၊၂၀၂၅။ထားမြတ်/People’s Spring

ကချင်လွတ်လပ်ရေးအဖွဲ့/ကချင်လွတ်လပ်​ရေးတပ်မ​တော်(KIO/KIA) ထိန်းချုပ်နယ်မြေအတွင်းရှိ KTV၊ နိုက်ကလပ် နှင့် ဘားများအားလုံးကိုရက်အကန့်အသတ်မရှိပိတ်ပင်ကြောင်း အမိန့်ထုတ်ပြန်လိုက်သည်။

ကချင်ဘာသာဖြင့်ဖော်ပြထားသည့်အဆိုပါအမိန့်စာကိုဇွန်လ၂၂ ရက်နေ့စွဲဖြင့်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

“မူးယစ်ဆေးဝါး ပပျောက်နှိမ်နင်းရေးပေါ်လစီအရ ပိတ်တာဖြစ်ပါတယ်” ဟု KIO/KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက အတည်ပြုသည်။

Public Service Announcement

Public Service Announcement

မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားသူများကို အမြဲတမ်းဖမ်းဆီးနေသကဲ့သို့ KTV၊ နိုက်ကလပ်နှင့် ဘားတို့မှတဆင့်ပေါ်ပေါက်လာနေသည့် မူးယစ်ဆေးနှင့်ဆက်နွယ်သည့် ပြဿနာများ ကိုင်တွယ်နိုင်ရန် ယခုကဲ့သို့ အမိန့်ထုတ်ပြန်ခြင်းဖြစ်သည်ဟုဆိုသည်။

“အခုKTV ၊နိုက်ကလပ်၊ဘားတွေမှာကတော့ မူးယစ်ဆေးဝါးမျိုးစုံပေါ့သူတို့ သုံးစွဲပြီးမှ လူငယ်လူရွယ်တွေ နောက်အိမ်ထောင်သည်တွေက အစ အမျိုးသား၊အမျိုးသမီးတွေအားလုံး အဲဒီမှာ ပျော်ပါးပြီးမှ အကျင့်စာရိတ္တ ပျက်ပြားတာတွေ ငွေရေး၊ ကြေးရေး ပြဿနာပေါ်တာတွေအများကြီးရှိတယ်။ ဒါကြောင့် ကျနော်တို့ ထိန်းသိမ်းနိုင်ဖို့အတွက် အခုလိုမျိုး KTV တို့ နိုက်ကလပ်၊ ဘားတွေကို ပိတ်ခိုင်းတာဖြစ်ပါတယ်” ဟု ဗိုလ်မှူးကြီးနော်ဘူကရှင်းပြသည်။

ရက်အကန့်အသတ်နှင့်ပတ်ခြင်းမျိုးမဟုတ်ဘဲ KIO ထိန်းချုပ် နယ်မြေအားလုံး အတွက် အကျုံးဝင်ကြောင်းလည်း ၎င်းက ဆက်ပြောသည်။

စစ်ကောင်စီ ထိန်းချုပ်ရာ မြို့ကြီးများနှင့် တော်လှန်ရေးအင်အားစုများ ထိန်းချုပ်ရာနယ်မြေအချို့၌လည်း KTV၊ နိုက်ကလပ်၊ ဘား၊ အလုံပိတ် DJခန်း၊ ဟိုင်းခန်း စသည့် အမည်မျိုးစုံဖြင့် နေရာများစွာရှိကြပြီးမူးယစ်ဆေးဝါးမျိုးစုံ ရောင်းဝယ် သုံးစွဲ‌ရာနေရာများအဖြစ်ရှိ​နေသည်။

စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်း ရန်ကုန် ၊မန္တ​လေး အပါအဝင် စစ်တပ်ထိန်းချုပ်ရာမြို့ကြီးများတွင် KTV ၊ ဘား ၊ကလပ်တို့၌ မူးယစ်​ဆေးဝါးပြသာနာပိုကြီးလာပြီး ထိုလုပ်ငန်းများကို စစ်တပ် နှင့်နီးစပ်သူအများစုကလုပ်ကိုင်ကြ​ကြောင်းရန်ကုန်မြို့ရှိ အသက် ၃၅ နှစ်အရွယ် အမျိုးသားတစ်ဦးက​ပြောသည်။ စစ်​ကောင်စီကလည်း လူငယ်များကို​တော်လှန်​​ရေး ၊နိုင်ငံ​ရေးတွင် စိတ်မဝင်စား​​စေရန် ထို​နေရာများကို အထူးအခွင့်အ​ရေး​ပေးသကဲ့သို့ ဖန်တီး​ပေးထား​သောအ​ခြေအ​နေမှာ မူးယစ်​ဆေးပြသာနာများပိုကြီး​လာစေသည်ဟုဆိုသည်။စစ်တပ်က၎င်းတို့ထိန်းချုပ်ရာ​ဒေသများမှလူငယ်များကို စစ်မှုထမ်းရန် အဓမ္မစစ်မှုထမ်း​စေ​သော်လည်း KTV ၊ဘား ၊ကလပ် ၊ ရှိုးပွဲများသို့သွား​ရောက်​ပျော်​ပါးသူများကိုမူ ​ပေါ်တာဆွဲခြင်း၊ ဖမ်းဆီးစစ်မှုထမ်းခိုင်းခြင်းမရှိသည်ကိုကြည့်၍စစ်တပ်၏ရည်ရွယ်ချက်ကိုသိနိုင်​ကြောင်းအထက်ပါအမျိုးသားက​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသမီးငယ်တွေကို အတင်းအဓမ္မလိင်ကျွန်ပြု၊ နှိပ်စက်ပြီး ငွေကြေးခေါင်းပုံဖြတ်ခဲ့တဲ့ မြောက်ဦးမြို့ရှိ ရွှေရိုးရာ KTV မှ ပိုင်ရှင်အပါအဝင် တာဝန်ရှိအမျိုးသမီးသုံးဦးကို အာရက္ခတပ်တော်(AA)ရဲ့တပ်ဖွဲ့က ထောင်ဒဏ်တသက်ထိ ချမှတ်နိုင်တဲ့ လူကုန်ကူးမှုနဲ့ ဖမ်းဆီး၊ အရေးယူထားတယ်လို့ ထုတ်ပြန်ပါတယ်။

သတင်း

ကာလာအိုကေဆိုင်(KTV)က ပြန်လာတဲ့ မကွေးတိုင်း၊ ဆင်ပေါင်ဝဲမြို့နယ်က အကျဉ်းဦးစီးအရာရှိနဲ့ ထောင်တန်းစီးကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သရက်ခရိုင်တပ်ရင်း(၅)က ဒီကနေ့ ဇွန်လ ၅ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့အရှေ့မြို့ပတ်လမ်းက KTV တစ်ခုအနီးမှာ အဝတ်အစားမပါဘဲ သေဆုံးနေတဲ့ အမျိုးသမီးတစ်ဦးရဲ့ ရုပ်အလောင်း တွေ့ရှိရကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ဘန်ကောက် မြို့တော်မှာရှိတဲ့ တရားမဝင် ကာရာအိုကေ ဘားတစ်ခုကို ဝင်ရောက် စစ်ဆေးခဲ့တဲ့နောက် မူးယစ်ဆေး သုံးထားတဲ့ မြန်မာနိုင်ငံသား ၄၀ ကျော်ကို ဖမ်းဆီး ရမိခဲ့တယ်လို့ ထိုင်းရဲတပ်ဖွဲ့က ကြေညာခဲ့ပါတယ်။