Connect with us

Hi, what are you looking for?

သတင်း

ပုလောတွင်ပျူစခန်းတစ်ခုကို တော်လှန်ရေးပူးပေါင်းအဖွဲ့ စီးနင်းတိုက်ခိုက် ၊ ပျူသုံးဦးသေဆုံးပြီး သေနတ်ငါးလက်ရ

တနသ်ာရီတိုင်း ပုလောမြို့နယ် ကျောက္ကာရွာရှိ ပျူစောထီးအထိုင်စခန်းကို ပူးပေါင်းအဖွဲ့များနှင့်အတူ ဝင်ရောက်စီနင်းတိုက်ခိုက်ခဲ့ရာ ပျူသုံးဦးသေဆုံး၍ သေနတ်ငါးလက်ရခဲ့ကြောင်း မြိတ်ခရိုင် အမှတ်(၁)တပ်ရင်းမှ ပြန်ကြားရေးတာ ဝန်ခံ ကိုအာနိုးက ပြောသည်။

ပျူစခန်းကိုစီးနင်းတိုက်ခိုက်ပြီး​နောက် တွေ့ရစဥ်။ ဓါတ်ပုံ- မြိတ်ခရိုင် အမှတ် (၁)တပ်ရင်း

ဇွန်-၂၇၊၂၀၂၅။ကျော်ဇော၊က​ဖေး/People’s Spring

တနသ်ာရီတိုင်း ပုလောမြို့နယ် ကျောက္ကာရွာရှိ ပျူစောထီးအထိုင်စခန်းကို ပူးပေါင်းအဖွဲ့များနှင့်အတူ ဝင်ရောက်စီနင်းတိုက်ခိုက်ခဲ့ရာ ပျူသုံးဦးသေဆုံး၍ သေနတ်ငါးလက်ရခဲ့ကြောင်း မြိတ်ခရိုင် အမှတ်(၁)တပ်ရင်းမှ ပြန်ကြားရေးတာ ဝန်ခံ ကိုအာနိုးက ပြောသည်။

ယနေ့(ဇွန်လ ၂၇)နံနက်၅ နာရီခွဲခန့်ကအင်အား ၁၀ ဦးကျော်ဖြင့် အထိုင်ချထားသော ကျောက္ကာရွာရှိ စစ်ကောင်စီလက်​အောက်ခံပျူစောထီးစခန်းကို မြိတ်ခရိုင်အမှတ်(၁)တပ်ရင်း၊ ကရင်အမျိုးသားကာကွယ်ရေးတပ်(KNDO) တပ် ရင်း(၇) မဟာမိတ်တပ်ပေါင်းစုမှ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ခြင်းဟု ၎င်းက ပြောသည်။

စီးနင်းမှုသည် ၁၅မိနစ်ခန့်သာ ကြာမြင့်ခဲ့ပြီး ပျူစောထီးများ ဒရောသောပါး ထွက်ပြေးသွားခဲ့ရာ ၎င်းတို့စခန်းနေရာအား နယ်မြေရှင်းလင်းစဥ်ရန်သူ့အလောင်း သုံးလောင်း၊ M16A1 ရိုင်ဖယ် လေးလက်၊ ၎င်းကျည်ဘောက် နှစ်ခု၊ AK-47 ရိုင်ဖယ်တစ်လက်၊ ၎င်းကျည်ဘောက်လေးခု၊ (၅.၅၆) ကျည်(၁,ဝဝဝ)တောင့်၊ (၇.၆၂) ကျည် (၁၃၈)တောင့်၊ လက်ပစ်ဗုံးနှစ်လုံးနှင့် အခြားစစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရမိခဲ့သည်ဟု အမှတ်(၁)တပ်ရင်းက အသိပေးသည်။

Public Service Announcement

Public Service Announcement

“အရင်ကတော့ ကျောက္ကာရွာပင်လယ်ပြင်ထဲ စစ်သင်္ဘော ၂ စီး၊ ၃ စီး အမြဲလိုလို ကျောက်ချထားတာရှိတယ်။ ဒါပေမယ့် ဒီနေ့ တိုက်ခိုက်ချိန်မှာတော့ ရှိမနေခဲ့ဘူ”ဟု နယ်မြေအနေကို တပ်ရင်းပြန်ကြားရေးတာဝန်ခံ ကိုအာနိုးက လူ ထုနွေဦးသို့ ပြောသည်။

အထက်ပါ တိုက်ခိုက်မှုအပြီးတွင် မဟာမိတ်တပ်ဖွဲ့ဝင်များသည် နယ်မြေရှင်းလင်းရေးများ ဆောင်ရွက်ပြီး အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း မြိတ်ခရိုင် အမှတ်(၁)တပ်ရင်းက အသိပေးထားသည်။

မြိတ်ခရိုင်အတွင်း ယခုရက်ပိုင်းစစ်ရေး တင်းမာနေပြီး စစ်ကောင်စီကရှေ့တန်းသို့ပို့ဆောင်လိုက်သည့် ပြည်သူ့စစ်မှုထမ်းဆင်းများ လက်နက်ချအလင်းဝင်မှုများရှိနေသည်။ဇွန်လ (၁၈) ရက်နေ့က ပလောက်မြို့၊ အမှတ် (၁၂) တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း(တိုင်းဗဟို ၁၂) မှ အဓမ္မစုဆောင်းခြင်းခံရသူ လူငယ် (၄) ဦးသည် မြိတ်ခရိုင်အမှတ် (၁) တပ်ရင်းထံသို့ ခိုလှုံလာခဲ့သည်။ဇွန်လ ၂၁ရက်နေ့ကလည်း ပုလောမြို့အခြေစိုက် ခလရ(၁၇)မှအဓမ္မစစ်သားစုဆောင်းခံရသူနှစ်ဦးသည် မြိတ်ခရိုင်အမှတ် (၁) တပ်ရင်းထံသို့ လက်နက်ခဲယမ်းအချို့နှင့်အတူ အလင်းဝင်လာခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီတိုင်း၊ပုလောမြို့နယ် တောင်ယာကမ်းကျေးရွာက စစ်ကောင်စီတပ် စခန်းအပါအဝင် မြို့နယ်အတွင်းရှိ တပ်စွဲရာနေရာ၄ခုကို တပြိုင်တည်းတိုက်ခိုက်ခဲ့ကြောင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄) အထူးတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU)၊ မြိတ်-ထားဝယ်ခရိုင်၊ လယ်မူလား(ပုလော)မြို့နယ်၊ ပလောကျေးရွာအုပ်စု တောင်ယာကမ်းကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းတစ်ခုကို ဒီကနေ့ မတ်လ ၁၄ရက် မနက်မှာ သိမ်းပိုက်နိုင်ခဲ့ကြောင်း KNU မြိတ်ထားဝယ်ခရိုင်က ထုတ်ပြန်ပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်အတွင်း လက်ရှိအထိ စစ်ကောင်စီတပ်တွေနဲ့ ရင်ဆိုင်နေဆဲ အခြေအနေဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) မြိတ်ခရိုင် အမှတ်(၁) တပ်ရင်း သတင်းပြန်ကြားရေး တာဝန်ခံက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း ၊ ​မော်လိုက်မြို့နယ်က စစ်တပ် နဲ့ပျူ​စောထီး​တွေပူး​ပေါင်းတပ်ထိုင်ထားတဲ့ ​ထော်သာပျူစခန်း၊ ​တောင်းအင်ပျူစခန်း​တွေကို ​တော်လှန်​ရေးတပ်​တွေကသိမ်းပိုက်ပြီး​နောက် စက်တင်ဘာလ ဒုတိယပါတ်မှာ ပျူ​​စောထီးစခန်းသုံးခုကိုထပ်မံသိမ်းပိုက်ခဲ့တယ်လို့ တော်လှန်​ရေးတပ်ဖွဲ့ဝင်အချို့က​ပြောပါတယ် ။