Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းမြို့နယ်မှာ စစ်တပ်က တင့်ကားတွေ သုံးကာ စစ်ကြောင်းထိုးနေ

ကျေးရွာ၁၀ ရွာ လောက် စစ်ဘေးရှောင် နေရ

ဇွန်လ ၂၄ရက်ညပိုင်း စစ်ကောင်စီလေကြောင်းတိုက်ခိုက်ပြီးနောက် တွေ့ရှိရတဲ့ ကျည်အပိုင်းအစ။ ဓာတ်ပုံ-SYP

ဇွန်-၂၇၊ ၂၀၂၅။ မေ/People Spring

စစ်ကိုင်းမြို့နယ် စစ်ကောင်စီတပ်ရဲ့ အုန်းတော ၆၀၀၅ တပ်က တင့်ကား‌တွေနဲ့ စစ်ကြောင်းထိုးနေတာမို့ ကျေးရွာ ၁၀ရွာလောက် စစ်ဘေးရှောင်နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၆ရက်ကစပြီး အုန်းတော ၆၀၀၅ တပ်က စစ်ကိုင်း-‌ဝက်လက်လမ်းပိုင်းရှိ ကျော်ဇေယျာ၊ ယင်းမကျင်း၊ မာလဲတော၊ မဂံဒူ၊ အုန်းနှဲပင်၊ သစ်ချိုကုန်း၊ ဝက်သားပုတ်၊ ရုံးပင်ကန် စတဲ့ ကျေးရွာ တွေကို စစ်ကြောင်းထိုးနေတာမို့ ဒေသခံတွေ ရှောင်နေရတာလို့ ဆိုပါတယ်။

“လက်နက်ကြီးနဲ့ ဟောင်ဝစ်ဆာတွေက အမြဲထု နေတာ။ အကုန်သတိနဲ့ နေနေရတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒီနေ့လည်း ဘိုတဲကုန်းရွာကနေ တင့်ကား၂စီးနဲ့ အနီးနား ကျေးရွာတွေကို ပစ်ခတ်နေပြီး အုန်းနှဲပင်ရွာဘက်ကိုလည်း စစ်အင်အားဖြန့်တာတွေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

နေရာတချို့မှာလည်း ထိတွေ့ တိုက်ပွဲဖြစ်ကာ စစ်ကောင်စီဟာ ဇွန်လ ၂၄ ရက် ညပိုင်းက ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကိုင်းမြို့နယ်အတွင်းမှာ စစ်ကောင်စီက မင်းကွန်းတိုက်နယ်ကနေ ဝက်လက်မြို့နယ်အစပ်အထိ စစ်ကြောင်းထိုးနေသလို အုန်းတော ၆၀၀၅တပ်ကနေ မြောက်ဘက် ဝက်လက်နယ်အစပ်အထိ စစ်ကြောင်းထိုးကာ နယ်မြေ ရယူဖို့ကြိုးစားနေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊မလှိုင်မြို့နယ်တောင်ဘက်ပိုင်းကို တိုက်ပွဲမရှိဘဲ စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေဆက်တိုက်ပြုလုပ်နေပြီး မိတ္ထီလာ-‌ ကျောက်ပန်းတောင်းလမ်းပိုင်းကို အင်အားဖြည့်တာတွေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ရွှေဘုန်းမြင့်ကျေးရွာက စစ်တပ်စခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က သိမ်းပိုက်နိုင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က ရခိုင်ပြည်နယ်က ရှေးဟောင်းမြို့တော်ဖြစ်တဲ့ မြောက်ဦးမြို့အနီးဝန်းကျင်နေရာတွေကို ဂျက်ဖိုက်တာ ၆စီး၊ ထောက်ပို့လေယာဉ် Y12တို့နဲ့ အုပ်စုလိုက် ဒီ​နေ့ညမှာဗုံးကြဲနေပြီးအလုံးရေဆယ်ချီရှိနေပြီဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။