Connect with us

Hi, what are you looking for?

သတင်း

ဂိုင်ယာနာ ကမ်းလွန်မှာ ကူးတို့ရေယာဉ် နစ်မြုပ်ပြီး လူ ၆၀ ကျော် ပျောက်ဆုံးနေ

ဂိုင်ယာနာနိုင်ငံ ကမ်းလွန်ပင်လယ်ပြင်မှာ ကူးတို့ရေယာဉ်တစ်စီး နစ်မြုပ်ပြီး လူပေါင်း ၆၀ ကျော် ပျောက်ဆုံးနေကြောင်း သိရပါတယ်။

ဓာတ်ပုံ - Reuters

ဂိုင်ယာနာနိုင်ငံ ကမ်းလွန်ပင်လယ်ပြင်မှာ ကူးတို့ရေယာဉ်တစ်စီး နစ်မြုပ်ပြီး လူပေါင်း ၆၀ ကျော် ပျောက်ဆုံးနေကြောင်း သိရပါတယ်။

ခရီးသည် ၁၁၆ ဦးနဲ့ အမှုထမ်း ၁၇ ဦး လိုက်ပါလာခဲ့တဲ့ MV Barima ရေယာဉ်ဟာ ဇူလိုင် ၁၈ ရက် ညပိုင်းက အရေးပေါ် အခြေအနေ ကြုံတွေ့နေကြောင်း ကမ်းခြေစောင့် တပ်ဖွဲ့ဆီ လှမ်းအကြောင်းကြားခဲ့ပါတယ်။

အဲဒီနောက် ကယ်ဆယ်ရေး အဖွဲ့တွေဟာ ဂိုင်ယာနာရဲ့ မြို့တော် ဂျော့ဂျ်တောင်းကနေ အခင်းဖြစ်တဲ့ ရေပြင်ဆီ အပူတပြင်း သွားရောက်ခဲ့ပါတယ်။ လက်ရှိ အချိန်ထိ ကလေး ၁၅ ဦး အပါအဝင် လူပေါင်း ၆၇ ဦးကို ကယ်ဆယ် ရရှိထားပြီ ဖြစ်ပေမယ့် ကျန်တဲ့သူ ၆၆ ယောက်ကတော့ ပျောက်ဆုံးနေပြီး ရေနစ်သေဆုံးကုန်ပြီလို့ ယူဆရပါတယ်။

ပုဂ္ဂလိကပိုင် စက်လှေ နစ်မြုပ်မှုရဲ့ အကြောင်းရင်းကို တိတိကျကျ မသိရသေးပါဘူး။ အသက်ရှင်လျက် ကယ်ဆယ် ရရှိသူတွေထဲမှာ ရေယာဉ်မှူးလည်း ပါဝင်ခဲ့ပြီး သူကိုယ်တိုင် ကယ်ဆယ်ရေး လုပ်ငန်းတွေမှာ ပါဝင်ကူညီပေးနေပါတယ်။

Public Service Announcement

Public Service Announcement

ရေယာဉ်ပေါ်မှာ တင်ဆောင်ထားတဲ့ ခရီးသည် အရေအတွက်ဟာလည်း သတ်မှတ်ပမာဏအောက်မှာသာ ရှိတယ်လို့ စုံစမ်းရေး အရာရှိတွေက ပြောပါတယ်။ အဲဒီ ကူးတို့ရေယာဉ်ဟာ စုစုပေါင်း ခရီးသည် ၃၀၀ ကျော်ထိ တင်ဆောင် ခုတ်မောင်းနိုင်စွမ်း ရှိတယ်လို့ ဆိုပါတယ်။

ရေယာဉ်နစ်မြုပ်မှု ဖြစ်နိုင်ခြေ အကြောင်းရင်းတွေထဲမှာ ဒီရေနဲ့ ရေစီးကြောင်း ရုတ်တရက် ပြောင်းလဲမှု၊ တင်ဆောင်လာတဲ့ ကုန်စည် အလေးချိန်၊ လူသားတွေရဲ့ အမှားတွေကိုလည်း ထည့်သွင်း စဉ်းစားထားပါတယ်။ သင်္ဘောနစ်မြုပ်အပြီး အသက်ရှင်ကျန်တဲ့ ရေယာဉ်မှူးနဲ့ အမှုထမ်း တချို့ကို ဆေးစစ်တဲ့အခါ ဆေးခြောက် သုံးစွဲထားတယ်ဆိုတဲ့ အဖြေလည်း ထွက်ပေါ်ခဲ့ပါတယ်။

သင်္ဘောဟာ ပို့တ်ကိုင်တူမာဆီ ဦးတည်ခုတ်မောင်းနေရင်း အိုင်းယွန်းပန့်တ် ကမ်းလွန်ရေပြင်မှာ နစ်မြုပ်ခဲ့တာ ဖြစ်ပါတယ်။ ရေယာဉ်ပေါ်မှာ လူပေါင်း ၂၅၀ အတွက် အသက်ကယ် အင်္ကျီတွေ၊ အရွယ်အစား အတော်လေး ကြီးမားတဲ့ အသက်ကယ် လှေ ၂ စီးနဲ့ လေထိုး ရာဘာ အသက်ကယ်လှေ ၆ စီးကို တင်ဆောင်လာခဲ့ပါတယ်။

MV Barima သင်္ဘောဟာ ၁၃၁ ပေရှည်လျားပြီး ၁၉၃၉ ခုနှစ်မှာ တည်ဆောက်ထားတာတာ ဖြစ်ပါတယ်။ သက်တမ်း ၈၉ နှစ်ရှိပြီဖြစ်တဲ့ ရေယာဉ်ရဲ့ ကြံ့ခိုင်မှုကလည်း နစ်မြုပ်မှုနဲ့ ဆက်စပ်သလား ဆိုတာကိုတော့ တိတိကျကျ မသိရသေးပါဘူး။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တောင်ကိုရီးယားက ကျောက်ဆောင်ထူထပ်တဲ့ ကမ်းခြေတစ်နေရာမှာ ကူးတို့သင်္ဘောတစ်စီး သောင်တင်သွားခဲ့ပြီး ခရီးသည်နဲ့ အမှုထမ်း စုစုပေါင်း ၂၇၀ နီးပါးကို အရေးပေါ် ရွှေ့ပြောင်းပေးခဲ့ရပါတယ်။

နိုင်ငံတကာ

အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီကျွန်းမှာ ကူးတို့ရေယာဉ်တစ်စီး နစ်မြုပ်ရာက အနည်းဆုံး ၄ ဦးသေဆုံးပြီး ၄၀ နီးပါး ပျောက်ဆုံးနေပါတယ်။

နိုင်ငံတကာ

သမ္မတ အာဖန်အလီကတော့ အခု မီးလောင်မှုဟာ နိုင်ငံအတွက် အထူးကြေကွဲစရာ ကပ်ဘေးကြီး တစ်ခုလို့ ပြောကြားသွားပါတယ်။

နိုင်ငံတကာ

ကူးတို့ရေယာဉ် မီးလောင်မှု ဖြစ်ရတဲ့ အကြောင်းရင်းကိုတော့ တိတိကျကျ မသိရသေးဘဲ ဆက်လက် စုံစမ်းနေဆဲပါ။