Hi, what are you looking for?
အင်းစိန်ထောင်မှာ ထောင်အာဏာပိုင်တစ်ဦးက ထောင်တွင်းဘောလုံးပွဲသွားကြည့်တဲ့ နိုင်ငံရေးအကျဉ်းသားတွေကို အကြောင်းပြချက်မရှိပဲ အပြစ်ရှာ ရိုက်နှက်ခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ကအသိပေးထားပါတယ်။
မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ ကျတွင်းဘိုးရွာအနီးမှာ မတ်လ ၉ရက်က စစ်ကောင်စီတပ်စစ်ကြောင်းကြားဖြတ်တိုက်ခိုက်ခံရပြီး စစ်သား၂၅ ဦးသေဆုံးကာ ဗိုလ်မှူးနဲ့ ဗိုလ်ကြီးအပါ အဝင် စစ်သား၁၄ဦးကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ အမှတ်(၁)စစ်ဒေသက ထုတ်ပြန်ထားပါတယ်။
ရရှိထားသော အောင်မြင်မှုများ တာရှည်ခံစေရန် အစမ်းသပ်ခံကာလဖြစ်သည်ဟုရှုမြင်ကြောင်းမြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA) ဖွဲ့စည်းမှု နှစ်ပတ်လည်နေ့သို့ ညီနောင်မဟာမိတ်အဖွဲ့များဖြစ်သော အာရက္ခတပ်တော် (AA) နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)တို့က ပေးပို့သောသဝဏ်လွှာ တွင်ဖော်ပြထားသည်။
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စစ်ဂျူလီဘစ်ရှော့ဟာ တရုတ်ကုမ္ပဏီများရှယ်ယာပါဝင်တဲ့အဖွဲ့အစည်းအတွေမှာ အကြီးတန်းရာထူးများ ရယူထားတာကြောင့် ကုလအထူးကိုယ်စားလှယ်တစ်ဦးအနေနဲ့ အကျိုးစီးပွားပဋိပက္ခရှိ၊ မရှိ စုံစမ်းစစ်ဆေးပေးဖို့ Justice For Myanmar(JFM)က တောင်းဆိုလိုက်ပါတယ်။