Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်လက်နက်ကြီးပေါက်ကွဲပြီးငလျင်လှုပ်

ပေါက်ကွဲမှုကြောင့်မိသားစုလိုက်သေဆုံး၊​ကနဦးသတင်းအရသေဆုံးသူ ၈ ဦးရှိ

ဇွန်-၆၊၂၀၂၅။ယောနသံ/People’s Spring

ဖားကန့်မြို့နယ်တွင် ယနေ့(‌ဇွန်လ၆ရက်) ည ၉နာရီကျော်ကပြင်းထန်သည့်ပေါက်ကွဲမှုဖြစ်ပြီး ‌‌ နေအ်ိမ်အဆောက်အအုံအချို့မီးလောင်နေစဉ် ငလျင်လှုပ်၍ ဒေသခံများထိတ်လန့်တုန်လှုပ်ခဲ့ကြရသည်။

ဖားကန့်မြို့နယ်ခွန်ဆာကုန်းကို စစ်​ကောင်စီတပ်က ည ၉နာရီ ၁၀မိနစ်တွင် ပေါက်ကွဲအား ပြင်းထန်သည့် လက်နက်ကြီးနှစ်လုံးပစ်ခတ်ခဲ့ခြင်းဟုဒေသခံအချို့ကပြောသည်။

အဆောက်အအုံအချို့မီးလောင်နေပြီး လူအချို့ ပိတ်မိနေ၍ ကယ်ဆယ်ရေးလုပ်ဆောင်နေစဉ် ငလျင်လှုပ်ခြင်းဟု ဒေသခံတဦးကပြောသည်။

Public Service Announcement

Public Service Announcement

https://www.facebook.com/watch/?v=1735300447347315&rdid=HYVSk4W4DvlQF9ZE

၎င်းက ” ငလျင်က ၂ စက္ကန့်လောက်ပဲကြာတယ်။ ဆွဲခါသွားတာ။ ဒီညလက်နက်ကြီးရောငလျင်ရော ကမ္ဘာကိုပျက်နေတာပဲ”ဟုပြောသည်။ငလျင်သည် ဖားကန့်ကိုဗဟိုပြု၍ ည ၉နာရီ ၄၃မိနစ်၌ ရစ်ခ်ျတာစကေး ၄ဒဿမ၁အဆင့်ငလျင် လှုပ်သွားသည်ဟု ငလျင်တိုင်းတာရေးကွန်ပျူတာမော်ဒယ်အချို့တွင် ဖော်ပြထားသည်။

လှုပ်ခတ်မှုအလွန်ပြင်းထန်သည်ဟုဒေသခံများကပြောသည်။ဇွန်လ ၅ ရက်နံနက်ကလည်းဖားကန့်မြို့အနီး တနိုင်းမြို့တွင် ရစ်ခ်တာစကေး ၄ဒဿမ၄ အဆင့် ငလျင်လှုပ်ခဲ့သည်။

ဖားကန့်၌ ယ‌နေ့ည ပေါက်ကွဲမှုသည် စစ်ကောင်စီက တပ်မကုန်းဘက်မှ လက်နက်ကြီးဖြင့်ပစ်ခတ်ခြင်းဟု ဒေသခံများကပြောသည်။သို့​သော်လည်း သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

လက်နက်ကြီးတည့်တည့်ထိမှန်သည့် အိမ်မှ ကလေးငယ်အပါအဝင် မိသားစုလိုက်သေဆုံးသည်ဟု ကနဦးသတင်းရရှိသည်။ က​လေးငယ်အပါအဝင် ရုပ်အ​လောင်း ၈ ​လောင်း ​တွေ့ရှိသည်ဟု​ဒေသခံအချို့ကဖေစ်ဘွခ်တွင်​ရေးသားထားသည်။

စစ်ကောင်စီကလမ်းများပိတ်ဆို့ထား၍ လူမှုကူညီရေးကားများ မရောက်လာနိုင်ဘဲ အနီးပတ်ဝန်းကျင်မှဒေသခံအချင်းချင်း ကူညီကယ်ဆယ်ရေးလုပ်ဆောင်ခဲ့ရသည်ဟုသတင်းရရှိသည်။

ရုပ်သံ-​ဒေသခံ

ဆက်စပ်သတင်းများ

သတင်း

စက်တင်ဘာ ၄ ​နောက်ပိုင်းစစ်လက်ချက်ကြောင့်အရပ်သားအနည်းဆုံး၆ ဦး​သေနဲ့ ၆ ဦးဒဏ်ရာရ

သတင်း

ကချင်ပြည်နယ်ကနေ ဧရာဝတီမြစ်အတိုင်းစစ်သင်္ဘောတွေစုန်လာပြီး မြစ်ကမ်း​ဘေးတ​လျှောက်လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် မြစ်ကမ်းဘေး ကျေးရွာက ပြည်သူတွေ ဂရုပြု နေထိုင်ကြဖို့ တော်လှန်ရေးတပ်တွေကသတိပေးထားပါတယ်။

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်အနောက်ခြမ်းရှိကျွန်းကြီးရွာမှာတပ်စွဲထားတဲ့ စစ်တပ်က ဒီက​နေ့မနက်ပိုင်းမှာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ​​ကြောင့် ဝက်လက်မြို့နယ်အရှေ့ခြမ်းကိုကျပြီး လင်မယားနှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

ဆောင်းပါး

၂၀၂၅ မတ် ၂၈ စစ်ကိုင်းငလျင်ကြီးက​ပေးတဲ့ ငလျင်သင်ခန်းစာသစ်

Facebook