Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းငလျင်ကြီးမှာအိုးဘိုထောင်တွင်းအကျဥ်းသား ၇၀ ကျော်သေဆုံးပြီး ၅၀ ခန့်မှာနိုင်ကျဥ်းဖြစ်

စစ်ကိုင်းငလျင်ကြီးမှာ မန္တလေးက အိုးဘိုထောင်တွင်း အကျဥ်းသား ၇၀ ကျော် သေဆုံးပြီး ၅၀ နီးပါးမှာ နိုင်ငံရေးအကျဥ်းသားများဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က ဒီကနေ့ ဇွန်လ (၇)ရက်မှာ သတင်း ထုတ်ပြန်ပါတယ်။

အိုးဘို​ထောင်ကို Google Earth တွင်​တွေ့ရပုံ

ဇွန် ၇၊ ၂၀၂၅ ။မေရီ/People’s Spring

စစ်ကိုင်းငလျင်ကြီးမှာ မန္တလေးက အိုးဘိုထောင်တွင်း အကျဥ်းသား ၇၀ ကျော် သေဆုံးပြီး ၅၀ နီးပါးမှာ နိုင်ငံရေးအကျဥ်းသားများဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က ဒီကနေ့ ဇွန်လ (၇)ရက်မှာ သတင်း ထုတ်ပြန်ပါတယ်။

မတ်လ(၂၈)ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် အိုးဘိုအကျဉ်းထောင်တွင်း အဆောက်အအုံပြိုကျပြီး သေဆုံးသူ (၇၀)ဦးကျော်ရှိခဲ့ပြီး PPNM ရဲ့ စိစစ် စောင့်ကြည့်မှတ်တမ်းကောက်ယူမှုများအရ အနည်းဆုံး နိုင်ငံရေးအကျဉ််းသား/အကျဉ်းသူ ၄၉ဦး ပါဝင်ခဲ့ကြောင်း PPNMရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

“”ထိခိုက်တဲ့သူကတော့ ရာနဲ့ချီရှိတယ်။ အနည်းဆုံး နှစ်ရာနဲ့အထက်မှာရှိတယ်လို့ ပြောနိုင်ပါတယ်။”လို့ PPNM ရဲ့ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

အကျဉ်းသားသေဆုံးမှုများနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်မှုများမှာ မပါဝင်ဘဲ သတင်းအမှောင်ချဖုံးကွယ်ထားတယ်လို့ PPNMက ဆိုပါတယ်။

အင်အားပြင်း ငလျင်ကြောင့်သာမက ဟောင်းနွမ်းတဲ့ အကျဉ်းထောင်အဆောင်များမှာ လူထူထပ်စွာ ဖမ်းဆီးထားလို့ အစုလိုက်အပြုံလိုက်သေဆုံးခဲ့ရတာလို့ PPNMက အသိပေးပါတယ်။

ထောင်ပြင်ပမှာ ယခုလို တစ်နေ့တည်း အရေအတွက်များစွာသေဆုံးခဲ့ရတာကို သိရှိပါက မြန်မာပြည်သူများနဲ့ နိုင်ငံတကာရဲ့ ကူညီကယ်ဆယ်မှု၊ ထောက်ပံ့ကူညီမှုများ လုပ်ပေးနိုင်ကြမည်ဖြစ်

ကြောင်း၊ သို့သော် မန္တလေးအိုးဘိုအကျဉ်းထောင်အတွင်းရှိ နိုင်ငံရေးအကျဉ်းသားများဟာ သတင်းအမှောင်ချခံထားရတဲ့အတွက် ပြင်ပက မိသားစုဝင်တွေဟာ အခြေအနေအမှန် မသိရသေးလို့ ရက်လည်ဆွမ်းကျွေးတောင် မပြုလုပ်ကြရသေးဘူးလို့ PPNM က ဆိုပါတယ်။

ငလျင်လှုပ်တဲ့နေ့ကတာဝန်ကျဝန်ထမ်းက အဆောင်တံခါးပိတ်ထားခဲ့လို့ အကျဥ်းသားတွေနဲ့ စကားများရန်ဖြစ်ခဲ့ကြကြောင်း၊ အဲဒီအချိန်ကစကားများရန်ဖြစ်ခဲ့တဲ့အကျဥ်းသားအစ္စလာမ်ဘာသာဝင်တွေကို ဒီကနေ့အထိ တိုက်ပိတ်ထားကြောင်း အကျဥ်းသားမိသားစုဝင်တချို့က ပြောပါတယ်။

ဒါ့အပြင် ဒီကနေ့မှာကျရောက်တဲ့ အစ္စလာမ်ဘာသာဝင်တွေရဲ့အစ်နေ့ဝတ်ပြုဆုတောင်းပွဲကိုလည်း ထောင်အာဏာပိုင်တွေက လုံခြုံ​ရေးအကြောင်းပြပြီး လုပ်ခွင့်မပေးနိုင်ဘူးလို့ ပိတ်ပင်ထားကြောင်း အကျဥ်းသားမိသားစုဝင်အချို့က​ပြောပါတယ်။

PPNM ရဲ့ ဦးဆောင်ကော်မတီဝင်ကိုသိုက်ထွန်းဦးက​တော့ အစ္စလာမ်ဘာသာဝင်တွေရဲ့ ဝတ်ပြုဆုတောင်းပွဲကို ပုံမှန်အတိုင်းပဲခွင့်ပြုထားတယ်လို့သိရတယ်လို့ ​​ပြောပါတယ် ။

လက်ရှိအချိန်အထိ အိုးဘိုအကျဉ်းထောင်အတွင်းရှိ နိုင်ငံရေးအကျဉ်းသားများအပါအဝင်အကျဉ်းသားများဟာ ထောက်ပံ့ကူညီမှုတွေ များစွာလိုအပ်နေတာကြောင့် လူ့အခွင့်အရေးနှင့်တရားမျှတမှုကို ဖော်ဆောင်နေကြတဲ့ အဖွဲ့အစည်းတွေအနေနဲ့ ထောက်ပံ့မှုတွေ ဆောင်ရွက်ပေးစေလိုကြောင်း တောင်းဆိုထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မိခင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် မိခင်ရဲ့ နာမည် ၊ အကြောင်းအရာတွေကို ပြောပြီး ပါဝင်ပေးကြဖို့ သားဖြစ်သူ ကင်မ်အဲရစ်‌(ခ)ကိုထိန်လင်းက တောင်းဆိုထားပါတယ်။

သတင်း

မန္တလေးမြို့က ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးဒိန်းဒေါင်(ခ)ဦးစိုးမိုးနိုင်ဟာ ဒီကနေ့မနက်မှာမြင်းခြံအကျဉ်းထောင်မှာ ကွယ်လွန်သွားတယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေက ပြောပါတယ်။

သတင်း

အကျဉ်းထောင် ၁၃ခုမှာ ထောင်အာဏာပိုင်တွေက နိုင်ငံရေးအကျဉ်းသားတွေနဲ့ မိသားစုဝင်တွေဆီကနေ ငွေကြေး မတရားခေါင်းပုံဖြတ်တာနဲ့ ဆေးဝါးပေးပို့မှု ပိတ်ပင်ကန့်သတ်တာတွေ ရည်ရွယ်ချက်ရှိရှိ ဖိနှိပ်လုပ်နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ဒီကနေ့ စက်တင်ဘာ ၁၃ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

သြစ​တြေးလျနဲ့ တောင်ကိုရီးယားနိုင်ငံမှာ ပြည်ပရောက် မြန်မာတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေ လွှတ်ပေးရေးနဲ့ ရေဘေးသင့်ပြည်သူတွေအတွက် ရေဘေးရန်ပုံငွေစျေးရောင်းပွဲတို့ကို ဒီက​နေ့ (သြဂုတ် ၃၀) ပြုလုပ်ခဲ့ပါတယ်။