Connect with us

Hi, what are you looking for?

သတင်း

အမ်း-ပဒါန်းလမ်းပိုင်းတွင် စစ်တပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်၊ အလောင်းတလောင်းနှင့် သေနတ်တစ်လက်ရ

မကွေးတိုင်း၊မင်းဘူးမြို့နယ်၊အမ်း-ပဒါန်းလမ်းပိုင်းအသုံးပြု၍ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားရုပ်အလောင်းတစ်ခုနှင့် သေ နတ်တစ်လက် သိမ်းဆည်းရရှိခဲ့ကြောင်းအရှိုချင်းကာကွယ်ရေးတပ်(ACDF)မှ ပြန်ကြားရေးတာဝန်ခံ ဆလိုင်းခနီလေဗွေက ပြောသည်။

ဇွန် – ၆၊ ၂၀၂၅။ ထင်လင်း/People’s Spring

မကွေးတိုင်း၊မင်းဘူးမြို့နယ်၊အမ်း-ပဒါန်းလမ်းပိုင်းအသုံးပြု၍ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားရုပ်အလောင်းတစ်ခုနှင့် သေ နတ်တစ်လက် သိမ်းဆည်းရရှိခဲ့ကြောင်းအရှိုချင်းကာကွယ်ရေးတပ်(ACDF)မှ ပြန်ကြားရေးတာဝန်ခံ ဆလိုင်းခနီလေဗွေက ပြောသည်။

ဇွန်လ ၂ ရက်နေ့က ACDF လှုပ်ရှားနယ်မြေတစ်နေရာဖြစ်သော အမ်း-ပဒါန်းလမ်းပိုင်းသို့ ခြေလျင်စစ်ကြောင်းထိုးလာသော စစ်တပ်စစ်​ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဟု ၎င်းကပြောသည်။

“ကျနော်တို့သေချာတိတိကျကျတော့မသိဘူး။ကျတော် တို့နေရာယူထားတဲ့နေရာတွေစစ် ကြောင်းတက်လာလို့ ထိတွေ့မှုဖြစ်ကြတာပါ​။သူတို့ဘယ်

Public Service Announcement

Public Service Announcement

ကိုသွားမလဲဆိုတာတော့ မသိဘူး။ ဘယ်ကိုဆုတ်သွားတယ်ဆိုတာလည်း သေချာမသိရဘူး”ဟု စစ်ကောင်စီတပ်စစ်ကြောင်းအညခြေအနေကို ဆလိုင်းခနီဗွေက လူထုနွေဦးသို့ ပြောသည်။

အထက်ပါ တိုက်ခိုက်မှုအပြီးတွင် စစ်ကောင်စီစစ်ကြောင်းပြန်ဆုတ်သွားပြီးနောက်နယ်မြေရှင်းလင်းရေးလုပ်ဆောင်ခဲ့ရာ စစ်ကောင်စီတပ် သားအလောင်းတစ်လောင်းနှင့် MA1 အမျိုးအစား သေနတ်တစ်လက်၊ ကျည်ဘောက်ငါးခုအပါအဝင် ခဲယမ်းအချို့ သိမ်းဆည်းရရှိခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

တိုက်ပွဲဖြစ်ပွားရာ အမ်း-ပဒါန်းလမ်းပိုင်းရှိစစ်ကောင်စီ၏ နတ်ရေကန်ဗျူဟာကို အာရက္ခတပ်တော် AA ဦးဆောင်သည့် မဟာ မိတ်တပ်များက ထိုးစစ်ဆင်တိုက်ခိုက်လျှက်ရှိရာနတ်ရေကန်ဗျူဟာ၏ဆက်သွယ်ရေးတာဝါတိုင်စခန်းကို AA နှင့် ပူး​ပေါင်းတပ်များကသိမ်းပိုက်ခဲ့သည်။

ထိုအပြင် ဗျူဟာ၏ကာကင်းစခန်းအချို့ကို ပြီးခဲ့သည့်ရက်ပိုင်းတွင်သိမ်းပိုက်ရရှိထားပြီဟု သတင်းများထွက်ပေါ်နေ​သော်လည်း AA ဘက်ကမူ တရားဝင်ထုတ်ပြန်ခြင်း မရှိသေးပေ။

ရခိုင်ပြည်နယ်အတွင်းAA ၏ထိုးစစ်များစတင်ပြီးနောက်ပိုင်းရခိုင်ပြည်နယ်အမ်းမြို့နယ်နှင့်ထိစပ်လျှက်ရှိသောမကွေးတိုင်း၊ငဖဲမြို့နယ်အ တွင်းရှိ အမ်း-ပဒါန်းလမ်းပိုင်းကို စစ်ကောင်စီက ထောက်ပို့လမ်းကြောင်းအဖြစ် နေ့စဥ်အသုံးပြုနေသလို တပ်စခန်းများထိုးစစ်ဆင်ခံရချိန် စခန်းစွန့်ထွက်ပြေးလာသောစစ်ကောင်စီတပ်သားများသည်လည်း ယင်းလမ်းပိုင်းအားအသုံးပြု ဆုတ်ခွာနေခြင်း ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရှိမ်းမကားရဲစခန်းကနေ မြောက်ဘက်ကို စစ်တပ်စစ်ကြောင်းထိုးလာပြီး ဒေသခံ ၁၀၀နီးပါးကို ဖမ်းဆီးထားရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်း၊ဖယ်ခုံမြို့နယ်ကတောင်စလုံးကျေးရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းမှူးအပါအဝင် သေဆုံးထိခိုက်သူတွေများတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တွေနဲ့ မြေပြင်ရဲဘော်တွေက လူထုနွေဦးကို ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ စစ်ကောင်စီတပ်စစ်ကြောင်းတိုက်ခံရပြီး ၆ဦးသေကာ လက်နက် ၂လက် ရတယ်လို့ Southern Yeasgyo တပ်ပေါင်းစုက ဒီကနေ့ (အောက်တိုဘာ ၁၆ရက်)မှာ ထုတ်ပြန်ပါတယ်။

သတင်း

တနင်္သာရီမြို့နယ်၊ တမုတ်ချုံးရွာကို ခြေကုပ်ယူဖို့ရောက်ရှိလာတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းနဲ့ တပ်ကူအဖွဲ့တွေကို မဟာမိတ်ပူးပေါင်းတပ်တွေနဲ့အတူ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံက ပြောပါတယ်။