Connect with us

Hi, what are you looking for?

သတင်း

နောင်ချိုတွင် စစ်ကောင်စီ တိုက်ခိုက်၍ပြည်သူ၄ ဦးဒဏ်ရာရ၊ ဘုန်းကြီးကျောင်းပျက်စီး

တအာင်းအမျိုးသားလွတ်​မြောက်​ရေးတပ်မတော်(TNLA)သိမ်းပိုက်ထိန်းချုပ်ထား​သော နောင်ချိုမြို့ စျေးရပ်ကွက်ကိုစစ်ကောင်စီက လက်နက်ကြီးဖြင့် တိုက်ခိုက်ခဲ့၍ ပြည်သူ ၄ဦး ဒဏ်ရာရရှိခဲ့ကြောင်း TNLAကထုတ်ပြန်သည်။

စစ်​ကောင်စီတပ်က ဇွန် ၄ ရက်တွင် လက်နက်ကြီးဖြင့်ပစ်ခတ်၍ ​နေအိမ်တလုံးပျက်စီး​နေမှု။ ဓါတ်ပုံ-TNLA

​နောင်ချိုမြို့နှင့် ၁၀ မိုင်ခန့်အကွာတွင်တိုက်ပွဲများဆက်ဖြစ်​နေ

ဇွန်-၆၊၂၀၂၅။ ထားမြတ်/People’s Spring

တအာင်းအမျိုးသားလွတ်​မြောက်​ရေးတပ်မတော်(TNLA)သိမ်းပိုက်ထိန်းချုပ်ထား​သော နောင်ချိုမြို့ စျေးရပ်ကွက်ကိုစစ်ကောင်စီက လက်နက်ကြီးဖြင့် တိုက်ခိုက်ခဲ့၍ ပြည်သူ ၄ဦး ဒဏ်ရာရရှိခဲ့ကြောင်း TNLAကထုတ်ပြန်သည်။

စစ်​ကောင်စီတပ်က ဇွန်လ ၄ ရက်တွင်ကနောင်ချိုစျေးရပ်ကွက်အား လက်နက်ကြီးဖြင့်ပစ်ခတ်၍ အမျိုးသမီး ၂ ဦး အပါအဝင် ပြည်သူ ၄ဦး ဗုံးစထိမှန်ဒဏ်ရာရရှိခဲ့ပြီးနေအိမ် ၂လုံး နှင့် ဘုန်းကြီးကျောင်း တစ်ကျောင်း ပျက်စီးခဲ့ဟုဖော်ပြသည်။

Public Service Announcement

Public Service Announcement

“ ၄ရက်(ဇွန်).နေ့က လက်နက်ကြီးတွေ မြို့ထဲကို တော်တော်ကျတယ်။အမျိုးသား၂ဦးသေတယ်လို့တော့ သတင်းကြားတယ်။ဒရုန်းတွေနဲ့လည်း ဗုံးကြဲတယ်” လို့ မြို့တွင်းနေထိုင်သူတဦးကပြောသည်။

လက်ရှိနောင်ချိုမြို့နှင့် ၁၀မိုင်ပတ်လည်တွင် တိုက်ပွဲ များဖြစ်ပွားနေပြီးစစ်ကောင်စီတပ်က လက်နက်ကြီး၊လေကြောင်း၊ဒရုန်းများသုံး၍ ထိုးစစ်ဆင် နေခြင်းဖြစ်ကြောင်းဒေသခံများကပြောသည်။

“ အခြေအနေကတော့ မကောင်းဘူး။အကုန်အသင့်ပြင်ထားရတယ်။သတင်းတွေလည်းသိပ်မသိရဘူး။အင်တာနက်ရော၊ဖုန်းလိုင်း ရောမရဘူး” ဟု မြို့ခံတဦး က ဇွန် ၆ ရက်တွင်ပြောသည်။

စစ်ကောင်စီသည်ဇွန်လဆန်းတွင် မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် နှင့် စဉ့်ကူးမြို့နယ်များကို လေကြောင်းမှ ဗုံးကြဲရာတွင်လည်းဘုန်းကြီးကျောင်းများကိုပစ်မှတ်ထားတိုက်ခိုက်ခဲ့သည်။

ထိုအပြင်စစ်​ကောင်စီသည် ​ဇွန်လ ၃ရက်ကလည်း​နောင်ချိုမြို့နယ် ၊ဂန့်ဂေါကျေးရွာအတွင်းသို ဒရုန်းဖြင့် ဗုံး(၆)လုံးချခဲ့ပြီး ညနေပိုင်းတွင် ကန်ကြီးရွာကို ဒရုန်းဖြင့် ၁ကြိမ် တိုက်ခိုက်ခဲ့သည်ဟုသိရသည်။

TNLA၊ MNDAA၊ AA ညီနောင်မဟာမိတ် (၃)ဖွဲက ငလျင်ဒဏ်သင့်ပြည်သူများ နှင့် လူသားချင်းစာနာထောက်ထားရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နိုင်ရေးအတွက် တိုက်ပွဲဖြစ်ပွားလျက်ရှိသောနေရာများတွင်ထိုးစစ်များကို ပြုလုပ်မည်မဟုတ်ဘဲ တစ်ဖက်သတ် အပစ်ရပ်ကာလအား ဇွန်လကုန်အထိ သက်တမ်းတိုး​ကြောင်း ဇွန်းလဆန်းတွင်ကြေညာထားသည်။သို့သော်လည်း စစ်ကောင်စီကမူနောင်ချိုမြို့ကိုဆက်လက် ဗုံးကြဲတိုက်ခိုက်နေခြင်းဖြစ်သည်ဟု​ဖော်ပြထားသည်။

ညီနောင်သုံးဖွဲ့ကအပစ်ရပ်ကြေညာထားသော်လည်း စစ်ကောင်စီကထိုးစစ်ဆင်မှုများပြုလုပ်နေကြောင်း၊ စစ်ကောင်စီက ရပ်စောက်-ကျောက်ဂူမှ တဆင့် နောင်ချိုဘက်သို့ စစ်အင်အားဖြည့်တင်းနေကြောင်း TNLA သတင်းနှင့် ပြန်ကြား​ရေးတာဝန်ခံ လွေးယေဦးက ဇွန်လ ၅ရက် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

“လေကြောင်းကနေတဆင့်လက်နက်ခဲယမ်းဖြည့်တင်းတာမျိုးတွေလည်းရှိပါတယ်” ဟု လွေးယေဦးကပြောသည်။

​​တောင်းခမ်း​ဒေသတွင်လည်း တဖက်နှင့်တဖက် ထိုးစစ်ဆင်တိုက်ခိုက်မှုများ မကြာခဏ ရှိနေပြီး လက်ရှိအချိန်ထိ စစ်ရေးတင်းမာနေသည်ဟုလည်း လွေးယေဦးက ပြောကြားသည်။

စစ်ကောင်စီအနေဖြင့်လည်းဇွန်လကုန်အထိ အပစ်ရပ်သက်တမ်းတိုးကြောင်းကြေညာထားသော်လည်း နိုင်ငံတဝန်းလေကြောင်း ဗုံးကြဲတိုက်ခိုက်မှုများဆက်တိုက်ပြုလုပ်နေသည်။

စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုများ ရှောင်ရှားနိုင်ရန် စစ်ရေးသတိအမြဲရှိ ရန်လိုအပ်သည်ဟု TNLAက သတိပေးသည်။ ထို့ပြင် လေကြောင်းရန်မှ ကာကွယ်နိုင်ရန် လေကြောင်းရန်ကာကွယ် ရေးဆိုင်ရာနည်းလမ်းများ လိုက်နာ ဆောင်ရွက်ရန် လိုအပ်ကြောင်း TNLAက ထုတ်ပြန်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မြို့သိမ်းတိုက်ပွဲတွေဆင်နွှဲခဲ့တဲ့ ၁၀၂၇စစ်ဆင်ရေးအတွင်းက ဖမ်းမိခဲ့တဲ့စစ်သုံပန်းတွေထဲက ၁၀၀ခန့်ကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)က စစ်တပ်ထံ ပြန်လွှဲပေးလိုက်တယ်လို့သတင်းရရှိပါတယ်။

သတင်း

တအာင်းတပ်မတော်(TNLA) အနေနဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် သမ္မတ ရာထူးရယူမှုကို ဂုဏ်ပြု သဝဏ်လွှာပေးပို့တဲ့လုပ်ရပ်အပေါ် ကန့်ကွက်ရှုတ်ချကြောင်း ဆေးတက္ကသိုလ်(မန္တလေး) ကြားကာလတက္ကသိုလ်ကောင်စီ ဧပြီ ၁၆ရက်နေ့စွဲနဲ့ ထုတ်ပြန်ခဲ့ပြီး TNLAနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေလည်း အပြီးတိုင်ရပ်ဆိုင်းလိုက်ကြောင်းလည်း ထုတ်ပြန်ပါတယ်။

သတင်း

တအာင်းတပ်မတော်(PSLF/TNLA)က ထုတ်ပြန်ခဲ့တဲ့ မင်းအောင်လှိုင်ရဲ့ အာဏာသိမ်းစစ်ကောင်စီက ဦးဆောင်ဖွဲ့စည်းတဲ့အစိုးရအဖွဲ့ကို ကြိုဆိုကြောင်း ဂုဏ်ပြုသဝဏ်လွှာဟာ PSLF/TNLA တစ်စုတစ်ဖွဲ့တည်းရဲ့ သဘောထားသာဖြစ်ပြီး တအာင်းပြည်ပညာရေးကောင်စီ(TLEC) ရဲ့ ရပ်တည်ချက် သဘောထားမဟုတ်ကြောင်း အတိအလင်း ရှင်းလင်းအပ်ပါတယ်လို့ TLEC က ဧပြီ ၁၆ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

■ တော်လှန်ရေးလမ်းကြောင်းပေါ်မှာမားမားမတ်မတ် ပြန်လည်ရပ်တည်ရန်အပါအဝင်TNLAလိုက်နာပေးရန်အချက်(၃)ချက်ကို တောင်းဆို ဧပြီ-၁၆၊၂၀၂၆။​နေ့သစ်/People’s Spring သင်္ကြန်ပွဲတော်ကာလအတွင်းမှာ အရပ်သားပြည်သူတွေကို နည်းမျိုးစုံနဲ့သတ်ဖြတ်ပြီး နိုင်ငံတကာရာဇဝတ်မှုကျူးလွန်နေတဲ့ အကြမ်းဖက်မင်းအောင်လှိုင်ကို တအာင်းတပ်မတော်(PSLF/TNLA)က ဂုဏ်ပြုကြောင်း သဝဏ်လွှာ ပေးပို့တာဟာ တအာင်းပြည်သူလူထုရဲ့ နိုင်ငံရေး မျှော်မှန်းချက်၊ရပ်တည်ချက်နဲ့ လုံးဝ(လုံးဝ)ဆန့်ကျင်ကွဲလွဲနေတာကြောင့် တအာင်းအရပ်ဖက် အဖွဲ့အစည်းများကွန်ယက် – TCSNက အချက်(၃)ကို...