Connect with us

Hi, what are you looking for?

Fact-Check

ရာသီချိန်လုပ်သား သွားရပြီလား

တောင်ကိုရီးယားမှာ လစာကောင်းတဲ့ ရာသီချိန်လုပ်သားအဖြစ် မြန်မာကနေ သွားရောက်လုပ်ကိုင်နိုင်တော့မယ်ဆိုတဲ့ ဆွဲဆောင်မက်လုံးပေးသတင်းတွေ ၊ကြော်ငြာတွေ လူမှုကွန်ရက်မှာ ကျယ်ကျယ်ပြန့်ပြန့်ထွက်နေပါတယ်။

အဲဒီအလုပ်ဟာ ကျား ၊မ မရွေးတာ ၊ကိုရီးယားဘာသာစကားအရည်အချင်းစစ်စာမေးပွဲဖြေဆိုမလိုဘဲ အသက် ၂၅ နှစ်ကနေ ၅၀ ကြား ကျန်းမာသန်စွမ်းသူ ဘယ်သူမဆို သွားရောက်လုပ်ကိုင်နိုင်တဲ့အတွက် လူစိတ်ဝင်စားမှုလည်းမြင့်တက်နေပါတယ်။

ကိုရီးယားမှာ ရာသီချိန်လုပ်သား သွားလုပ်ရင် တစ်လကို ကျပ်ငွေ သိန်း ၄၀ ကျော် ဝင်ငွေရမယ်ဆိုပြီး ကြော်ငြာနေတဲ့ ပွဲစားအေဂျင်စီတွေလည်းရှိလာပါတယ်။

ရာသီချိန်လုပ်သား သွားရောက်လုပ်ကိုင်မယ့်သူတွေ ကို ကိုရီးယားနိုင်ငံရဲ့ ယဉ်ကျေးမှုဓလေ့ထုံးတမ်းတွေကိုသိရဖို့ သင်တန်းတစ်ပတ်တက်ရောက်ရတယ်လို့ သင်တန်းအပတ်စဉ် ၅ ကို တက်ရောက်ခဲ့သူတစ်ဦးက ပြောပြပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီသင်တန်း တက်ရဖို့ အရေး လျှောက်လွှာဖိုးတင် ပွဲစားတွေကို ကျပ်သိန်းဂဏန်းနဲ့ ပေးရသူတွေလည်းရှိနေတယ်လို့ သိရပါတယ်။

ဒီလို ရာသီချိန် လုပ်သားလွှတ်ဖို့ ကြော်ငြာတာတွေ ၊ သင်တန်းပေးတာတွေ တွင်တွင်ကျယ်ကျယ်ဖြစ်လာချိန်မှာပဲ ရာသီချိန်လုပ်သားခေါ်ယူတာနဲ့ပတ်သက်လို့ ရန်ကုန်မြို့မှာရှိတဲ့ တောင်ကိုရီးယားသံရုံးက ၃ လအတွင်း ကြေညာချက် ၂စောင်ထုတ်ပြီး သတိပေးပါတယ်။

ပထမ ကြေညာချက်ကို အောက်တိုဘာလ ၂၃ ရက်ကထုတ်ပြန်ရာမှာ ရာသီချိန်လုပ်သားခေါ်ယူတာနဲ့ပတ်သက်ပြီး အွန်လိုင်းမှာပြန့်နှံ့နေတာတွေဟာ ကိုရီးယားအစိုးရ ၊ ကိုရီးယားသံရုံးတို့နဲ့ပတ်သက်မှု မရှိဘူးလို့ အသိပေးပါတယ်။

ဒီဇင်ဘာလ ၈ ရက်မှာတော့ ကိုရီးယားအစိုးရဆီက မြန်မာနိုင်ငံသားရာသီချိန်လုပ်သားခေါ်ယူဖို့ ညွှန်ကြားချက်မရှိသေးဘူးလို့ တောင်ကိုရီးယားသံရုံးကအတိအလင်း ထပ်မံသတိပေးပါတယ်။

တောင်ကိုရီးယားသံရုံးရဲ့ ဖေ့ဘွတ်ခ်စာမျက်နှာမှာ ကြေညာချက်တွေ ဖတ်ရှုနိုင်ပါတယ်။

https://www.facebook.com/KoreanEmbassyMyanmar)

အဲဒီနောက် စစ်ကောင်စီဘက်က ရာသီချိန်လုပ်သားစေလွှတ်တာနဲ့ပတ်သက်ပြီး ဒီဇင်ဘာလ ၁၉ ရက်မှာ သတင်းထုတ်လာပါတယ်။

စစ်ကောင်စီရဲ့သတင်းထုတ်ပြန်ချက်မှာ ရာသီချိန်လုပ်သားစေလွှတ်နိုင်ရေး ကိုရီးယားနဲ့ နားလည်မှု စာချွန်လွှာရေးထိုးနိုင်ဖို့ လုပ်ဆောင်နေတယ်လို့အသိပေးထားပါတယ်။

ရာသီချိန်လုပ်သားစေလွှတ်ရာမှာ ကိုရီးယားဒေသန္တရအစိုးရ နဲ့ မြန်မာဘက်က တိုင်းနဲ့ပြည်နယ်အဆင့် တို့ သဘောတူညီချက်လက်မှတ်ထိုးရမှာဖြစ်တယ်လို့ စစ်ကောင်စီက ဆိုပါတယ်။

ဒီဇင်ဘာလ ၁၉ ရက်က စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်အရ လက်မှတ်ထိုးနိုင်ဖို့ စစ်ကောင်စီဘက်က ကြိုးစားနေဆဲ အဆင့်သာရှိတယ်လို့ နားလည်ရပါတယ်။

စစ်ကောင်စီအလုပ်သမားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးညွှန့်ဝင်းကလည်း စစ်ကောင်စီအားပေး တယ်လီဂရမ်ချန်နယ် Myanmar Hard Talk ကို ဖြေကြားရာမှာ ရာသီချိန်လုပ်သားစေလွှတ်နိုင်မယ့် အချိန်ကို အတိအကျ မပြောနိုင်ဘဲ လာမယ့်နှစ် မတ်လ နဲ့ ဧပြီလမှာဖြစ်နိုင်ဖို့ မျှော်မှန်းထားတယ်လို့သာ ဖြေထားတာတွေ့ရပါတယ်။

ကိုရီးယားဘက်က ဘယ်ပြည်နယ်အတွက် ခေါ်ယူမယ် ၊ ခေါ်ယူမယ့်အလုပ်သမားဦးရေ ဘယ်လောက်ဆိုတဲ့ အလုပ်ခေါ်စာမျိုး ပေးပို့တာ မရှိသေးဘူးလို့လည်း အမြဲတမ်းအတွင်းဝန် ဦးညွှန့်ဝင်းက ဆိုပါတယ်။

စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ရဲ့ ပြောဆိုချက် တယ်လီဂရမ်လင့်ခ်

https://t.me/myanmarhardtalk/42937 )

စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံရေး ၊စီးပွားရေး မတည်မငြိမ်မှုတွေကြောင့် ပြည်ပထွက် အလုပ်လုပ်လိုတဲ့ လူငယ်လူရွယ်တွေများပြားနေချိန် ကိုရီးယားကို ရာသီချိန်လုပ်သားစေလွှတ်ရေးမှာ စစ်တပ်ကျောထောက်နောက်ခံ ကြံခိုင်ရေးပါတီပါဝင်ပတ်သက်နေပါတယ်။

နေပြည်တော်က ကြံခိုင်ရေးရုံးမှာ လူစုဆောင်းတာ ၊ကိုရီးယာဘာသာစကားနဲ့ လုပ်ငန်းခွင် သင်တန်းပေးတာတွေကို ပြီးခဲ့တဲ့ စက်တင်ဘာလကစတင်ပြီး လုပ်ဆောင်နေတယ်လို့ ဧရာဝတီသတင်းဌာနက ရေးသားထားပါတယ်။

တောင်ကိုရီးယားနိုင်ငံ တောင်ပိုင်းက ထုန်းယောင်းမြို့ အုပ်ချုပ်ရေးအဖွဲ့ထံ ရာသီချိန်လုပ်သားစေလွှတ်နိုင်ဖို့ ကြံခိုင်ရေးပါတီက တောင်းဆိုထားတယ်လို့ ဧရာဝတီရဲ့ သတင်းမှာတွေ့ရပါတယ်။

ဧရာဝတီသတင်းဌာနရဲ့ သတင်းကိုဖတ်ရှုဖို့ ဝက်ဆိုက်လင့်ခ်

(https://burma.irrawaddy.com/news/2023/12/18/377508.html)

ရာသီချိန်လုပ်သားဆိုတာကတော့ တောင်ကိုရီးယားရဲ့ စိုက်ပျိုး၊မွေးမြူရေးနဲ့ရေလုပ်ငန်းတွေမှာ တစ်နှစ်ကို ၈ လ လုပ်ကိုင်ပြီး ၄ လ နားရတဲ့ ကာလတို ဗီဇာနဲ့ ခေါ်ယူလုပ်ကိုင်တဲ့ အလုပ်အကိုင်အမျိုးအစားဖြစ်ပါတယ်။

လက်ရှိအချိန်ထိ မြန်မာကနေ တရားဝင်လုပ်သား ကိုရီးယားက ခေါ်ယူရာမှာ ကျွမ်းကျင်လုပ်သား E-7 နဲ့ EPS စနစ်နဲ့ ခေါ်ယူတဲ့ လုပ်သားတွေပဲရှိပါတယ်။

ဆက်စပ်သတင်းများ

ထိုင်း - ကမ္ဘောဒီးယား

သူသေဆုံးသွားပြီဆိုတဲ့ သတင်းတွေကို ကမ္ဘောဒီးယားနဲ့ နယ်စပ်တလျှောက် စစ်ဆင်ရေး ကဏ္ဍတွေမှာ အဓိက ကြီးမှူး တာဝန်ယူနေသူ ထိုင်းစစ်နယ်မြေမှူးက ငြင်းဆိုခဲ့ပါတယ်။

Fact-Check

ရန်ကုန်မြို့ ၊ ပြင်ဦးလွင်မြို့ နဲ့ ရခိုင်ပြည်နယ်တို့မှာ မျောက်ကျောက်ရောဂါ သံသယလူနာတွေ တွေ့ရတယ်ဆိုတဲ့ သတင်းအမှား ဖြန့်ဝေမှုတွေ ဖေ့ဘွတ်ခ်နဲ့ တယ်လီဂရမ် လူမှုကွန်ရက်တွေမှာ အခုရက်ပိုင်းအတွင်း စတင် ပျံနှံ့နေပါတယ်။

Fact-Check

 သတင်းမှားတွေ လုပ်ကြံသတင်းတွေကို အတူတကွ ဖယ်ရှား၊ ရှင်းလင်းကြပါစို့  သတင်းမှားတွေ လုပ်ကြံသတင်းတွေဟာ ပြည်သူတွေရဲ့ နေစဥ်ဘဝနဲ့ လူမှုသဟာဇတ ဖြစ်မှုတွေအပေါ်များစွာ ထိခိုက်စေပါတယ်။ သတင်းမှားတွေ လုပ်ကြံသတင်းတွေကို စနစ်တကျဖြန့်ဝေနေသူတိုင်းကို နေ့စဥ်လူမှုဘဝတွေထဲကနေ တိုက်ထုတ်ဖယ်ရှားနိုင်ဖို့ အလွန်မှ အရေးကြီးတဲ့အချိန်လည်းဖြစ်ပါတယ်။ 𝐏𝐞𝐨𝐩𝐥𝐞’𝐬 𝐒𝐩𝐫𝐢𝐧𝐠 သတင်းဌာနရဲ့ သတင်းတင်ဆက်သူ 𝑳𝒂𝒔𝒉𝒖...

Fact-Check

မန္တလေး PDF နဲ့ တအာင်းတပ် (TNLA) တို့ သိမ်းယူထားတဲ့ ပြင်ဦးလွင် − မိုးကုတ်လမ်းပိုင်းက သံဘို တပ်စခန်းကိုပြန်သိမ်းလိုက်ပြီလို့ စစ်ကောင်စီဝါဒဖြန့်တယ်လီဂရမ်ချန်နယ်က သတင်းဖြန့်နေပါတယ်။ သံဘိုစခန်းပြန်ရဖို့ နှစ်ရက်ဆက်တိုက် တိုက်ရပြီး TNLA တပ်တွေ ဆုတ်ခွာသွားသလို ၊ ဒဏ်ရာရသူတွေနဲ့ သေဆုံးသူတွေကိုသယ်ယူသွားတဲ့ ကားတွေကို...