Connect with us

Hi, what are you looking for?

LuduNwayOo

ဆောင်းပါး

စီးပွား​ရေးစစ်မျက်နှာတွင် အရှုံးကြီး ရှုံး​နေ​သော အာဏာသိမ်း​စစ်ကောင်စီ

အာဏာသိမ်းစစ်ကောင်စီ၏ စီးပွားရေးစစ်မျက်နှာတွင်ကျရှုံး​နေမှု၏ ရလာဒ်အဖြစ် မြန်မာ့သမိုင်းတွင်ဘယ်တုန်းကမှမရှိခဲ့ဘူး​သော အမေရိကန်တစ်ဒေါ် လျှင် ကျပ် ၂၀၀၀ အထက်သို့ရောက်နေသည်။

အာဏာသိမ်းစစ်ကောင်စီ၏ စီးပွားရေးစစ်မျက်နှာတွင်ကျရှုံး​နေမှု၏ ရလာဒ်အဖြစ် မြန်မာ့သမိုင်းတွင်ဘယ်တုန်းကမှမရှိခဲ့ဘူး​သော အမေရိကန်တစ်ဒေါ် လျှင် ကျပ် ၂၀၀၀ အထက်သို့ရောက်နေသည်။ နိုင်ငံအတွင်းကုန်​ချောထုတ်လုပ်မှု အားနည်းလှပြီး ပြည်ပသွင်းကုန်ကိုသာ အဓိကအားထားနေရသည့် နိုင်ငံတွင် ဒေါ်လာဈေးမြင့်တက်လာပြီး ကျပ်​ငွေတန်ဖိုးကျဆင်း​မှုသည် အကြမ်းဖက်စစ်​​ခေါင်း​ဆောင်မှအစ ပြည်သူများအဆုံး ရိုက်ခတ်မှုကိုခံ​နေရသည်။ နေ့စဉ်ဘဝတွင် မဖြစ်မနေလိုအပ်သည့် စက်သုံးဆီ၊စားအုန်းဆီနှင့် လူသုံးကုန်ပစ္စည်းများလည်း ဒေါ်လာဈေးနှင့်အတူ ဈေးမြင့်တက်ကုန်သည်။

အချိန်တိုအတွင်း ဒေါ်လာဈေး တဟုန်ထိုးမြင့်တက်လာပြီးကျပ်​ငွေတန်ဖိုးပြုတ်ကျခြင်းသည် ခေတ်ပျက်တစ်ခု၏ သင်္ကေတအဖြစ်သည်ဟု စီးပွားရေးလုပ်ငန်းရှင်များနှင့်ပညာရှင်များက မှတ်ချက်ပေးသည်။

ဒေါ်လာဈေးသည် စစ်တပ်အာဏာသိမ်းခဲ့သည့် ၇ လကျော်အတွင်း တစ်ဒေါ်လာလျှင် ကျပ် ၇၆၀ကျော်အထိ့မြင့်တက်ခဲ့ခြင်းဖြစ်သည်။ စက်တင်ဘာ၁၃ ရက်ကတစ်ဒေါ်လာကို ၂၁၀၀ကျပ် အထိဈေးပေါက်ခဲ့သည်။စစ်တပ်အာဏာမသိမ်းခင် ဇန်နဝါရီ ၂၉ ရက်တွင် တစ်ဒေါ်လာကို ၁၃၃၇ကျပ်သာရှိခဲ့သည်။ ထို​ကြောင့် ခုနှစ်လ​ကျော်အတွင်း ၁ ​ဒေါ်လာလျှင် ၇၆၃ ကျပ်တက်လာခြင်းဖြစ်ပြီး ရာခိုင်နှုန်းအားဖြင့် ၅၇ ရာခိုင်နှုန်းမြင့်တက်ခဲ့ခြင်းဖြစ်သည်။ ထိုနှုန်းသည် သမိုင်းတလျောက် အမြင့်ဆုံးဒေါ်လာဈေးနှုန်းဖြစ်လာသည်။

အချိန်တိုတွင်း ဒေါ်လာဈေးအဆမတန်မြင့်တက်လာခြင်းက မြန်မာ့စီးပွားရေး ဘုန်းဘုန်းလဲခြင်းနှင့်အတူ စစ်ကောင်စီအင်အားချိနှဲလာခြင်းကို ပြသလာနေခြင်းဖြစ်​ကြောင်း စီးပွားရေးပညာရှင်များကဆသုံးသပ်သည်။

Public Service Announcement

Public Service Announcement

“မြန်မာ့စီးပွားရေးက အခုက ဘုန်းဘုန်းလဲနေပြီး မရေရာမသေချာမူတွေနဲ့ ပြည့်နေပြီ”ဟု စီးပွားရေးပညာရှင်တစ်ဦးပြောသည်။

ထိုသို့ဒေါ်လာဈေးမြင့်တက်ပြီး ကျပ်​ငွေတန်ဖိုးကျဆင်းနေခြင်းကို စစ်ကောင်စီ၏ဗဟိုဘဏ်က နည်းမျိုးစုံဖြင့်ထိန်းချုပ်ရန် ကြိုးစားသည်သို့သော်လည်း စစ်​ကောင်စီနှင့်ကျပ်​ငွေအ​ပေါ် လူထုယုံကြည်မှု မရှိခြင်း ၊စီမံခန့်ခွဲမှု ညံဖျင်းခြင်းတို့​ကြောင့်ဒေါ်လာဈေးမှာ ဆက်တိုက်မြင့်တက်နေဆဲဖြစ်သည်။

“ဒေါ်လာဈေးတက်တာကို စစ်ကောင်စီဘက်က ဆေးမြီးတိုနဲ့ကုဖို့လုပ်နေတာတွေရှိတယ်။ ဒေါ်လာဈေးတက်တာလုပ်ငန်းရှင်တွေ ဈေးကစားလို့တက်ရတာလို့ စစ်ကောင်စီဘက်ထင်နေတယ်။ အမှန်က ဒါတွေက စစ်တပ်အာဏာသိမ်းမူကြောင့်ဘဲ”ဟု စီးပွားရေးလုပ်ငန်းရှင်ဦးအေးကို(အမည်လွဲ)ကပြောသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီက အင်တာနက်များဖြတ်တောက်ခြင်း၊ ဘဏ်မှငွေထုတ်ယူခြင်းနှင့် ငွေလွှဲလုပ်ငန်းများကို ကန့်သတ်ခြင်း စသည့်​ဆောင်ရွက်မှုများက ကျပ်ငွေအပေါ် ပြည်သူလူထု၏ မယုံကြည်မှုကို ပိုဆိုးဝါးစေခဲ့သည်။

ရလာဒ်အဖြစ် ပြည်သူများက ကျပ်ငွေအစား ဒေါ်လာနှင့်ရွှေများကို ပြောင်းလဲဝယ်ယူစုဆောင်းလာကြသည်။ ထို့အပြင် စစ်တပ်အာဏာသိမ်းမူကြောင့် နိုင်ငံခြားရင်းနှီးမြှပ်နှံမူ ဝင်ရောက်မူ လုံးဝရပ်ဆိုင်းသွားသည်။ ထိုကြောင့် အရပ်သားအစိုးရလက်ထက်တွင် တစ်လပျှမ်းမျှ ဒေါ်လာ သန်း ၅၀၀ ဝင်ရောက်နေသည့် နိုင်ငံခြားရင်းနှီးမြှပ်နှံမူမှ ရငွေဒေါ်လာစီး​ကြောင်းများ ရပ်ဆိုင်းသွားသည်။ ရှိရင်းစွဲ နိုင်ငံခြားရင်းနှီးမြှပ်နှံမူများ ပြန်လည်ထွက်ခွာကြကုန်သည်။ ရင်းနှီးမြှပ်နှံမူ ဒေါ်လာများကို ပြန်လည်ထုတ်နှုတ်ယူသွားကြသည်။

အလားတူစစ်အာဏာသိမ်းမူကြောင့် ယခုဘဏ္ဍာနှစ်တွင် ကုန်သွယ်မူကျဆင်းပြီး ပုံမှန်ထက် ဒေါ်လာ ၇ဘီလီယံခွဲကျော် လျော့နည်းခဲ့သည်။ ပို့ကုန်တန်ဖိုးလည်း ပို့ကုန်တန်ဖိုး ၃ ဘီလီယံကျော်ကျဆင်းခဲ့သည်ဟု စစ်ကောင်စီ၏ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကပြုပြင်ထား​သောအချက်အလက်များက ဆိုသည်။လက်​တွေ့တွင် ကုန်သွယ်​ရေးမှာ ထို့ထက်ပင် အ​ခြေအ​နေဆိုး​နေနိုင်ပါသည်။

“အခုက ဈေးကွက်ထဲမှာ ဒေါ်လာလိုအပ်နေ အရမ်းများနေတယ်။ ပို့ကုန်မရှိတော့ ဒေါ်လာက အဝင်မရှိဘူး။ အထွက်ပဲရှိတော့ ဒေါ်လာ လိုအပ်ချက်ကြီးနေတယ်”ဟု ပို့ကုန်၊သွင်းကုန်လုပ်ငန်းရှင်တစ်ဦးပြောသည်။

ဒေါ်လာလိုအပ်ချက်ကို ကုစားရန် စစ်ကောင်စီဗဟိုဘဏ်က စစ်တပ်အာဏာသိမ်းထားသည့် ၇ လကျော်အတွင်း အမေရိကန်ဒေါ်လာ သန်း ၁၇၀ကို ထုတ်ရောင်းခဲ့သည်ဟုထုတ်ပြန်သည်။ ​ဒေါ်လာများထုတ်​ရောင်းသည်ဆို​သော်လည်း အမှန်တွင် ​ငွေ​ကြေး​ဈေးကွက်အတွင်း​ရောင်းခြင်းမဟုတ်ဘဲ စစ်​ကောင်စီ ဗဟိုဘဏ်က စားသုံးဆီ၊ စက်သုံးဆီဝယ်ယူ​သော လုပ်ငန်းများအတွက် စက်တင်ဘာ တတိယပါတ်တွင်တစ်​ဒေါ်လာ၁၇၅၀ကျပ်ဖြင့် ​ရောင်းချ​​ခဲ့​
ကြောင်းသိ့ရသည်။​ ထို​ဒေါ်လာများကိုလေလံရရှိသည် ဘဏ်များသည် သတ်မှတ်ကုမ္ပဏီများကို ၁၇၅၃ကျပ်ဖြင့် မဖြစ်မ​​နေပြန်​ရောင်းရသည်ဟု စစ်​ကောင်စီဗဟိုဘဏ်ကဆိုသည်။

ထိုသို့ရောင်းချသော်လည်း ဈေးကွက်လိုအပ်ချက်ကို မဖြည့်တင်းနိုင်၍ ဒေါ်လာဈေးဆက်လက်မြင့်တက်နေခြင်းဖြစ်သည်။ စစ်ကောင်စီက ဒေါ်လာဈေးတက်နေမူကို ဖြေရှင်းရန် NLDအစိုးရလက်ထက်က ဆောင်ရွက်သည့်ပုံစံအတိုင်းဆောင်ရွက်နေသည်ဟု ဦးအေးကိုပြောသည်။

သို့သော်လည်း ဗဟိုဘဏ်ကိုကျောထောက်နောက်ခံပေးမည့် နိုင်ငံတကာဘဏ်များ၊ငွေရေးကြေးရေးအဖွဲ့အစည်းများ မရှိ၍ အာဏာသိမ်းစစ်​ကောင်စီ အကြပ်ရိုက်​နေသည်ဟု ၎င်းကဆိုသည်။

“သူတို့(စစ်ကောင်စီဗဟိုဘဏ်) က NLD လက်ထက်က ဗဟိုဘဏ်လိုမျိုးလုပ်ချင်တာ။ ဒါပေ့မယ် စစ်တပ်ကို နိုင်ငံတကာဘဏ်တွေက မကူညီတော့ လုပ်မရဘူးပေါ့ဗျာ”ဟု ၎င်းကဆိုသည်။

ထို့အပြင်ဒေါ်လာဈေးကျဆင်းရန်ဗဟိုဘဏ်သတ်မှတ်​သောထိန်း​ကြောင်း​ငွေလဲနှုန်းရှင် အ​ပေါ် အတိုးအ​လျှော့ လုပ်ရန် ရာခိုင်နှုန်းသတ်မှတ်ထားမှုကို ပယ်ဖျက်​သော်လည်း မထူး​ပေ။ စစ်ကောင်စီထောက်ခံသူများက ဖေ့ဘုတ်စ်အကောင့်အတုများဖြင့် ​ဒေါ်လာ​ဈေးကျ​တော့မည်ဟုသတင်းမှားများရေးသားကာ ဝါဒဖြန့်ပြီး ​ဈေးကိ​အောင် ကြိုးစားကြ​သေးသည်။ ထိုသို့ရေးသားချက်များကို တစ်ဒေါ်လာ ၂၁၀၀ ကျပ်ရောက်ရှိခဲ့သည် စက်တင်ဘာ လလယ်ပိုင်းတွင် အများဆုံးပြုလုပ်ခဲ့သည်။ အကြမ်းဖက်စစ်တပ်​ထောက်ခံပြီးသတင်းအမှားဖြန့်သူများက ဒေါ်လာဈေးကျဆင်းမည်။ ဒေါ်လာလက်ဝယ်ကိုင်ထားသူများကို ဖမ်းဆီးမည် စသဖြင့်ဝါဒဖြန့်ခြင်းဖြစ်သည်။ထိုပြင် တရုတ်နိုင်ငံက ဒေါ်လာမြောက်မြားစွာ ကူညီမည်ဆို​သော သတင်းအမှားလည်းပါ​သေးသည်။

ထိုအပြင် စစ်ကောင်စီဗဟိုဘဏ်က ပို့ကုန်လုပ်ငန်းရှင်များ ရငွေဒေါ်လာများကို လေးလအတွင်း အကုန်ရောင်းချရန်ကိုလည်း ဖိအားပေးခဲ့သည်။ ပြည်တွင်းဘဏ်များက ဒေါ်လာများကို ဘဏ်စာရင်းလွဲပြောင်းခြင်းများကို ရပ်တန့်ခဲ့သည်။ ထိုသို့လုပ်ဆောင်ခြင်းများသည် စစ်ကောင်စီအတွက် ဒေါ်လာငွေလိုအပ်ချက်ကြီးမားလာ၍ဖြစ်သည်ဟုလုပ်ငန်းရှင်များကသုံးသပ်ကြသည်။

စစ်ကောင်စီသည် စစ်ပွဲအတွက် လက်နက်ဝယ်ယူခြင်း၊ စက်သုံးဆီဝယ်ယူခြင်းများတွင် ဒေါ်လာကို အထိကထားသုံးနေရခြင်းပင်ဖြစ်​ကြောင်း စီးပွားရေးလုပ်ငန်းရှင်များက​ပြောသည်။

ဒေါ်လာငွေလဲဆောင်ရွက်နေသူ ဦးမောင်မောင်(အမည်လွှဲ)က စစ်တပ်အာဏာသိမ်းပြီးကတည်းက ဒေါ်လာဈေးမြင့်တက်လာမည်ကို ကြိုတင်ခန့်မှန်းမိ​ကြောင်း​ပြောသည်။ထိုကြောင့် ၎င်းပိုင်ဆိုင်သည့် ကျပ်ငွေများကို ဘဏ်မှ မရမကထုတ်ပြီး ဒေါ်လာတစ်သိန်းဝယ်ယူခဲ့သည်။၎င်းဝယ်ယူစဉ်က တစ်ဒေါ်လာကို ၁၆၀၀ကျပ်သာရှိ၍ လက်ရှိတွင် သူသည် ကျပ်သိန်းလေးရာကျော်အမြတ်ရနေပြီဟု​ပြောသည်။

“အာဏာသိမ်းပြီး ပေါက်ရအမိန့်တွေ ထုတ်နေကတည်း ဒီလိုဖြစ်လာမယ်ဆိုတာ ကြိုသိခဲ့ပါတယ်”ဟု ၎င်းကဆိုသည်။

ဒေါ်လာဈေးနှင့်ရွှေဈေးမြင့်တက်နေသော်လည်း ယခင်ကာလများနှင့်မတူဘဲ အိမ်ခြံမြေဈေးနှင့်ကားများဈေးများ မတက်ဟု အိမ်ခြံမြေနှင့် ကားအရောင်းအဝယ်လုပ်ကိုင်နေသူများကပြောသည်။

Public Service Announcement

“အခုကာလ ဒေါ်လာဈေးထိုးတက်၊ ရွှေဈေးထိုးတက်၊ မြေနဲ့ကားဈေးထိုးကျနေတယ်”ဟု အိမ်ခြံမြေရောင်းဝယ်လုပ်နေသူတစ်ဦးကပြောသည်။

မြန်မာနိုင်ငံတွင် ဂျပန်၊တရုတ်စသည့် နိုင်ငံခြားရင်းနှီးမြှပ်နှံမူလုပ်ငန်းများသည် တစတစပြန်လည် ထွက်ခွာနေပြီဖြစ်၍ နိုင်ငံ့စီးပွားရေးသည် ဇောက်ထိုးကျနေသည်ဟု ဘဏ်လုပ်ငန်းရှင်တစ်ဦးကသုံးသပ်သည်။ စစ်ကောင်စီ၏ ရှေ့နောက်မညီသော အမိန့်ညွန့်ကြားချက်များက အ​ခြေအ​နေကိုပိုဆိုးစေသည်ဟု ၎င်းက​ပြောသည်။ စစ်ကောင်စီသည် လက်ရှိတွင် စီးပွားရေးထက် စစ်ရေးကို ပိုမိုအာရုံစိုက်နေရပြီး အာဏာသိမ်းစစ်ဗိုလ်ချုပ်တို့၏ စီးပွားရေးလုပ်ငန်းများလည်းထိခိုက်နေသည်။ ထိုကြောင့် ဈေးကွက်အတွင်းမှာ ဒေါ်လာများကို စစ်ဗိုလ်ချုပ်များကိုယ်တိုင် ပြန်လည်ဝယ်ယူနေရသည်ဟု ၎င်းက​ပြောသည်။ စစ်အာဏာသိမ်းပြီး​နောက်ပိုင်း ကျပ်​ငွေတန်ဖိုးကျဆင်းပြီး ​ဒေါ်လာတန်ဖိုး မြင့်တက်​နေမှု​ကြောင့်
မြန်မာနိူင်ငံသည် ခုနှစ်လအတွင်း ကမ္ဘာ​ပေါ်တွင် ​ငွေ​ကြေးအ​ဖောင်းပွဆုံးနိုင်ငံများစာရင်းတွင် အဆင့် ၉ ၌ ရပ်တည်​နေ​ကြောင်း ဂျွန်​ဟော့ကင်းတက္ကသိုလ်က သြဂုတ်လတွင်ထုတ်ပြန်​သောအစီရင်ခံစာတွင် ​ဖော်ပြထားသည်။ စက်တင်ဘာလတွင် ကျပ်​ငွေတန်ဖိုး ပိုမိုကျဆင်းသဖြင့် စက်တင်ဘာလ ကမ္ဘာ​ငွေ​ကြေး​ဖောင်းပွမှုအဆိုးဆုံးနိုင်ငံများစာရင်းတွင် မြန်မာသည် အကြမ်းဖက်စစ်​ကောင်စီ​ကြောင့်အ​ခြေအ​နေပိုဆိုးလာဦးမည်ဖြစ်သည်။

“အခုချိန်မှာ ဒေါ်လာဈေးပြန်ကျဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ပြောရမယ်။ ဈေးကွက်ထဲကို ဒေါ်လာတွေ လှိမ့်ဝင်လာမှရမယ်။ဒီအချိန်မှာ ဒီစစ်တပ်ကို ဘယ်သူက ဒေါ်လာပေးမှာလဲ ”ဟု ဘဏ်လုပ်ငန်းရှင်တစ်ဦးက​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။