Connect with us

Hi, what are you looking for?

ဆောင်းပါး

“အဒေါ်လေ သူတို့အသည်းကိုအစိမ်းစားပြလိုက်ချင်တယ်”

ဖုန်တောထဲမှာဖိနပ်ခုထိုင်နေသော ဒေါ်ကြင်က တန်းစီနေသော လူငယ်များကြားထဲက သူ့အ‌​ထွေးဆုံးသားကိုလက်ညိုးညွှန်ပြသည်။ အသက်၁၈နှစ်လူငယ်၊ ဆယ်တန်းအောင်ခါစလေး၊ တော်လှန်ရေးထဲမှာ လက်နက်ကိုင်ဖို့ စိတ်ပိုင်းဖြတ်ထားသည့် သားကို သူတားမ‌နေနိုင်တော့ဘဲ PDF ထဲသို့ဝင်ခွင့်ပြုလိုက်သည်။

Local people watching the graduation of PDFs
Local people watching the graduation of PDFs

ဒေါ်ကြင်နှင့်ကျွန်တော်သည် ကန္တာရပင်၏အရိပ်အောက်တွင်တူတူထိုင်နေကြသည်။ကျွန်တော်တို့ရှေ့တွင် ပြည်သူ့ကာကွယ်ရေးတပ်(PDF) အလံနီက တလွင့်လွင့်လှုပ်ယမ်းနေပြီး တပ်ဖွဲ့ဝင်များက သစ္စာရေကို တစ်ယောက်စီ မော့သောက်နေချိန်ဖြစ်သည်။

အဝါရောင် ကောက်ရိုးပြတ်များ၊ ထန်းပင်ရှည်ရှည်ကြီးများဝန်းရံထားသော မြေကွက်လပ်တွင် အခြေခံစစ်သင်တန်းဆင်းပွဲတစ်ခုပြုလုပ်နေစဉ် အသက် ၆၀ အရွယ်ဒေါ်ကြင်နှင့်ခဏဆုံခြင်းဖြစ်သည် ။ ကျွန်​တော်က စူးစမ်းလေ့လာရေးကိစ္စ၊ ဒေါ်ကြင်ကတော့ စစ်သင်တန်းဆင်းသည့်သူ့ သားကိုလာကြည့်သူ။

ဖုန်တောထဲမှာဖိနပ်ခုထိုင်နေသော ဒေါ်ကြင်က တန်းစီနေသော လူငယ်များကြားထဲက သူ့အ‌​ထွေးဆုံးသားကိုလက်ညိုးညွှန်ပြသည်။ အသက်၁၈နှစ်လူငယ်၊ ဆယ်တန်းအောင်ခါစလေး၊ တော်လှန်ရေးထဲမှာ လက်နက်ကိုင်ဖို့ စိတ်ပိုင်းဖြတ်ထားသည့် သားကို သူတားမ‌နေနိုင်တော့ဘဲ PDF ထဲသို့ဝင်ခွင့်ပြုလိုက်သည်။

“လယ်တစ်ဧက မှ မပိုင်ဘူး၊လက်လုပ်လက်စားဘဝ နဲ့ ခက်ခက်ခဲခဲ ကျောင်းထားပေးခဲ့ရတာ”သူကခက်ခဲကြမ်းတမ်း​​သောဘဝကိုအတိုချုံးပြောသည်။

Public Service Announcement

Public Service Announcement

ဒေါ်ကြင့်မှာ သား ​လေးယောက်ရှိသည်။ တစ်ယောက်က မြစ်ကြီးနားမှာ အလုပ်သွားလုပ်ရင်း မြစ်ကြီးနား PDF ထဲဝင်သွားသည်။ နောက်တစ်ယောက်က စစ်ကိုင်းတိုင်းထဲက ဒေသတစ်ခုမှာ PDF အဖြစ် စစ်တာဝန်ထမ်းဆောင်နေပြီ။ အခု အထွေးဆုံးလေးက စစ်သင်တန်းထဲမှာ။ နောက်တစ်ယောက်ကတော့ရောဂါကြောင့်ခပ်ငယ်ငယ်နှင့်ဆုံးပါးသွားခဲ့သည်။

“သူရှိရင်လည်း ပါမှာ…၊ဆုံးသွားတဲ့ တစ်ယောက်လေ အရပ်ထောင်ထောင် မောင်းမောင်း၊ အသားဖြူဖြူနဲ့ ။သူဆိုရင်လည်းဝင်ဦးမှာ” သူမက ဆိုပါသည်။

“ဒါဆိုအဒေါ်က သားကောင်းမိခင်ပဲဗျ” လို့ ကျွန်​တော်က ပြောတော့သူမ ရယ်၏။ သူမ သိပ်ဂုဏ်ယူနေသလား ၊ဝမ်းနည်းနေသလား၊ အထီးကျန်နေသလားမပြောတက်ပါ။ သေချာတာက သူသားတွေမရှိတော့ သူနွားပြန်ကျောင်းရသည်။လယ် ကိုယ်တိုင်ပြန်လုပ်ရပြီ။ ပြီးတော့ ဘုရားရှိခိုး တိုင်း ဆုတစ်ခုပိုတောင်းနေရပြီ။

“သားတွေက ပြောတယ်..၊ အမေ…ကျနော်တို့ တစ်ခုခုဖြစ်လည်း လက်လွတ်လိုက်ပါတဲ့ ” ဒေါ်ကြင်ထိုစကားပြော‌နေ ချိန်တွင် တောင့်ခံမထားနိုင်တော့ဘဲငိုချသည်။ကျွန်​တော်လည်းသူနှင့်အတူလိုက်ငိုမိသည်။ အညာဒေသ ကို စရောက်သည်နှင့်တော်လှန်ရေးဝိဉာဉ်အလျံငြီးငြီး တောက်လောင်နေသည့် ပြည်သူများကို ဩချလောက်အောင်တွေ့ခဲ့ရသည်။ အဖွားဒေါ်ကြင်လို စိတ်ဓာတ်မျိူး က အညာတွင် ထန်းပင်တွေ‌ပေါထသလို မြင့်မားရှည်လျားစွာထိုးထောင်လျက်၊ မဆုံးနိုင်တဲ့ ရိုးပြတ်ခင်းတွေလို တမျှော်တခေါ်ဖြစ်နေပြီ။ အရင်က အေးချမ်းစွာ‌ နေခဲ့ပြီး​တောင်ယာသီးနှံများအ​ကြောင်းသာ အ​ဓိက​ဆွေး​နွေးခဲ့သူများ၏ သက်ကြီးသက်ငယ်စကားဝိုင်းတိုင်းက ရန်သူကို ဘယ်လိုချေမှုန်းမလဲဆိုတာ ချည်းပင်။

မင်း​အောင်လှိုင်၏စစ်တပ်ကလည်း အညာကိုရက်စက်စွာ အကြမ်းဖက်နေသည်မှာအများအသိ။မီးရှို့သတ်၊ခုတ်ထစ်သတ်ညှင်းဆဲသတ်၊အစုလိုက်သတ် အို..မျိုးစုံအောင် ဒင်းတို့ ဖိနှိပ်နေကြသည်။ သည်အကြောင်း တွေလျှောက်ပြောရင်း”အဒေါ် စစ်တပ်ကို မုန်းသလား” ဟု အညာသူကြီး ဒေါ်ကြင်ကိုကျွန်​တော်မေးမိ၏။

သူမက ကြိုတင်စဉ်းစားထားသည့်နှယ် အဖြေတစ်ခုကို ခပ်လေးလေး ပြောချလိုက်သည် ။
“အဒေါ်လေ သူတို့အသည်းကိုအစိမ်းစားပြလိုက်ချင်တယ်” ကျွန်​​တော်သူ့ကိုကြောင်ပြီးနားထောင်နေမိသည်။

“သူတို့ဘက်က လူပေါ့နော်..အဲ့လူအသည်းကို စားပြလိုက်ချင်တယ်။အဲ့လောက်မုန်းတာ”
ဒေါ်ကြင်သည် အသက်ကြီးပြီ၊ ရိုက်ပုတ်ထုနှက်ဖို့ သူမစွမ်းသာတော့၊ရန်သူကို တပြန်ယှဉ်ပြိုင်ပြီး ဘယ်မှာတိုက်နိုင်လိမ့်မလဲ။

စီးပွားရေးမတောင့်တင်းသော ‌ဒီလယ်သူမကြီးသည် ရိက္ခာခဲယမ်း ဘယ်လိုထောက်ပံ့နိုင်လိမ့်မလဲ။ဘယ်လိုလှူနိုင်လိမ့်မလဲ။ အဲ့အစား သူ့သားတွေကိုအကြမ်းဖက်စစ်​သား​တွေကိုနှိမ်နင်းဖို့လွှတ်လိုက်သည်။ ပြီးတော့ ရန်သူ့အ‌သည်းကို စားပြလိုက်ချင်သေးသည်တဲ့။

ကျနော်သူနှင့်ဘာမှဆက်မပြောနိုင်ဘဲ အတွေးဆက်မိနေ၏။ ပြီးတော့…………. အညာ‌ ဒေသတိုက်ပွဲများအ‌ကြောင်းစဉ်းစားနေမိသည်။အောင်ပွဲများဆက်လာသည့်အခါ အကယ်၍ ကောက်ရိုးပြတ်ဝါတွေနှင့် ပက်ကြားအက် လယ်ကွက်တွေပေါ် စစ်သားအလောင်းများရခဲ့လျှင် ဒေါ်ကြင်လည်း နှိုက်ထုတ် မြည်းကြည့်နေမလားဆိုသည်ကိုလည်း တကယ်ပင် သိချင်နေပါသည်။

ဆက်စပ်သတင်းများ

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။

သတင်း

ဗိုလ်မှူးအဆင့်အပါအဝင်၉ဦးသေဆုံး ၊လက်နက်မျိုးစုံ ၆ လက်နဲ့ခဲယမ်း​တွေရ၊​ဟောင်ဝစ်ဇာကိုမသယ်နိုင်လို့ဖျက်ဆီးခဲ့