Connect with us

Hi, what are you looking for?

ဆောင်းပါး

ကရင်နီပြည်အနာဂါတ်ပုံ​​ဖော်လာနိုင်​သောတိုက်ပွဲ

စစ်ကောင်စီ၏ အင်အားအလုံးအရင်း ဖြည့်တင်းမှုသည် ကရင်နီပြည်နယ် လူလှိုင်းသုံး၍ ထိုးစစ်ဆင်ရန်ဟု KNDF ဒုစစ်ဦးစီးချုပ်က သုံးသပ်သည်။

ကရင်နီပြည်အနာဂါတ်ပုံ​​ဖော်လာနိုင်​သောတိုက်ပွဲ
ကရင်နီပြည်အနာဂါတ်ပုံ​​ဖော်လာနိုင်​သောတိုက်ပွဲ

ရဲ​ခေါင်/People’s Spring

အာဏာသိမ်းစစ်အုပ်စု၏ အုပ်ချုပ်​ရေး ယန္တရားဗဟိုချက် နေပြည် တော် နှင့် ကားဖြင့်သွားလျင်၄ ​နာရီ​ကျော်သာ​သွားရသော​ ကရင်နီပြည် (ကယားပြည်နယ်)သို့ စစ်​ကောင်စီက စစ်သား ၃,၀၀၀ ထက်မနည်းအင်အား ဖြည့်တင်းနေသည်။

​နွေဦး​တော်လှန်​ရေး အစကတည်းက လက်​စောင်းထက်လှပြီး တစ်​လေးလုံး(၁၁၁၁) စစ်ဆင်ရေး ဖြင့် ပြည်နယ်၏ မြို့​တော်အပါအဝင် မြို့ ခုနှစ်ကို ထိန်းချုပ်ကာ စစ်တပ်စခန်းပေါင်း ၆၀ ကျော်ကို သိမ်းယူပြီး စစ်ကောင်စီ၏ စစ်အင်္ဂါစဥ်ပါ ပျက်ယွင်းခဲ့ရသည့် ကရင်နီပြည်ကို စစ်​ကောင်စီကတန်ပြန်ထိုးစစ်ဆင်ရန် ပြင်​နေခြင်းဖြစ်သည်။

ကရင်နီပြည်အနာဂါတ်ပုံ​​ဖော်လာနိုင်​သောတိုက်ပွဲ
ကရင်နီပြည်အနာဂါတ်ပုံ​​ဖော်လာနိုင်​သောတိုက်ပွဲ

စစ်ကောင်စီ၏ ကရင်နီပြည်ကို ပြန်လည် ထိုး စစ်ဆင်မှုကို နှစ်ဆင့် တွေ့ရသည်။ ယခုနှစ် မေနှင့် ဇွန်လ တို့ တွင် ရှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့မှ ကရင်နီပြည် လွိုင်ကော် မြို့သို့ မြေပြင် နှင့် ဝေဟင် ပူးတွဲ စစ်ကြောင်းစထိုးခဲ့သည်။ထိုစစ်ကြောင်းသည် လွိုင်ကော် အခြေစိုက်တပ်များနှင့် ဇူလိုင်လအတွင်းပေါင်းစပ်နိုင်ခဲ့ပြီး ကရင်နီတပ်ပေါင်းစုများ၏ ထိန်းချုပ်နေရာအချို့ကို ပြန်လည်ရယူနိုင်ခဲ့သလို လွိုင်ကော်မြို့ကိုပါ စစ်အုပ်ချုပ်ရေးယန္တရားများ လည်ပတ်ရန် ကြိုပမ်းနေသည်။

Public Service Announcement

Public Service Announcement

ထို့နောက် စက်တင်ဘာလဆန်းပိုင်းတွင် ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ်ကတဆင့် ဖယ်ခုံနှင့် မိုးဗြဲ မြို့မှ ၎င်းတို့ဆုံးရှုံးထားသည့် တပ်စခန်း နေရာများနှင့် မြို့ကို ပြန်လည်ထိန်းချုပ်နိုင်ရန်ထိုးစစ်ဆင်ခဲ့သည်။

စစ်ကောင်စီ၏ ဖယ်ခုံ နှင့် မိုးဗြဲ မြို့ကို တိုက်ခိုက်မှု သည် “မြေလှန် လှုပ်ရှားမှု”ဟု ကရင်နီစစ်​ရေးလေ့လာသူများက သုံးသပ်သည်။မြေလှန်လှုပ် ရှားမှုဆိုသည်မှာ အရပ်သားပြည်သူ နှင့် အိုးအိမ် များပါမချန် ရှင်းလင်းခြင်းဟု ၎င်းတို့ကသတ်မှတ်သည်။

ကရင်နီပြည်အနာဂါတ်ပုံ​​ဖော်လာနိုင်​သောတိုက်ပွဲ
ကရင်နီပြည်အနာဂါတ်ပုံ​​ဖော်လာနိုင်​သောတိုက်ပွဲ

“ပင်လောင်းဘက်ကနေ စကစ ထိုးစစ်ဆင်တဲ့ နှစ်လအတွင်းမှာကို သေဆုံးတဲ့ အရပ်သား၂၀ ကျော်တယ်။ဒီအရေ အတွက်က မျက်မြင်ပဲ။သူတို့ (စကစ)တပ်စွဲ ထားတဲ့ နေရာတွေမှာ သေဆုံးပြီး ကျန်နေခဲ့လို့ မသဂြိုလ်နိုင်သေးတဲ့ သူတွေပါရှိသေးတယ်”ဟု ရှမ်းပြည်နယ်တောင်ပိုင်းအခြေပြု စစ်ရေးသတင်းရင်းမြစ် မအက်စတာ​ပြောသည်။

ထိုအပြင်နိုဝင်ဘာ ၁၁ ရက်နေ့ကလည်း ဖယ်ခုံမြို့နယ်၊ ပူချယ်ကျေးရွာမှ ကောက်ရိတ်ပြန်လာသော အရပ်သားပြည်သူ ၂၀၀ ထက်မနည်းကို စစ်ကောင်စီ၏ အဓမ္မဖမ်းဆီး မှုခံခဲ့ရသည်။ဖမ်းဆီးခံရသောပြည်သူများကို ပင် လောင်းမြို့ အားကစားရုံးအတွင်းစစ်ဆေးမေးမြန်း၍ထိန်းသိမ်းထား သည်။

ဖမ်းဆီးခံထားရသည့်ပြည်သူ ၂၀၀ ကျော်ကိုကရင်နီပြည်သို့ စစ်ကြောင်းထိုးရာ၌လမ်းပြ နှင့် လူသားဒိုင်းကာ အနေဖြင့် စစ်ကောင်စီသည် အသုံး ပြုလာနိုင်ကြောင်း ကရင်နီအမျိုးသားများကာကွယ် ရေးတပ် KNDF တာဝန်ရှိသူကမှတ်ချက်ပြုသည်။

ဖယ်ခုံဒေသခံ ၂၀၀ ကျော် ဖမ်းဆီးထိန်းသိမ်းခံထားရသော ပင်လောင်းမြို့နယ်သည် ပအိုဝ်းပြည်သူ့စစ် (PNO)၏ အထူးဒေသ ၆ နယ်မြေတွင် ဖြစ်ပြီး အထူးဒေသ ၆ တွင် ဟိုပုံး၊ဆီဆိုင် နှင့် ပင်လောင်း မြို့နယ်တို့ ပါဝင်သည်။

ထို့ကြောင့် ကရင်နီပြည်နယ်သို့ စစ်ကောင်စီ စစ် ကြောင်းထိုးလာမှု၏ လာရာလမ်းကြောင်းများသည် အထူးဒေသ ၆ မှ ပင်ဖြစ်​နေသည်။

ကရင်နီပြည်အနာဂါတ်ပုံ​​ဖော်လာနိုင်​သောတိုက်ပွဲ
ကရင်နီပြည်အနာဂါတ်ပုံ​​ဖော်လာနိုင်​သောတိုက်ပွဲ

အထူးဒေသ ၆ မှနေ၍ စစ်ကောင်စီသည် ၎င်း၏ တပ် ရင်းများကို အင်အားပြန်လည်စုစည်းခြင်းနှင့်အတူ PNO ၏ အဓမ္မစုဆောင်းထားသည့် ပအိုဝ်းလူ ငယ်များကိုပါ ကရင်နီ စစ် မျက်နှာသို့အင် အားအလုံး အရင်းဖြင့်​ခေါ်​ဆောင်လာသည်။

ကရင်နီပြည်သို့ စစ်ကောင်စီသည် စစ်ရေးသက်သက်ထိုးစစ်ဆင်းခြင်း မဟုတ်ဘဲ စည်းရုံးရေးနှင့် နယ်မြေစိုးမိုးရေးများကိုပါ လုပ်လာပြီး ဒေသခံများ ပြန် လည်နေထိုင်ရန်နှင့် လူမှုအသိုင်းအ၀ိုင်းပြန်လည်ပတ်ရန်ကြိုးစားနေသည်။

▪︎စစ်ရှောင်ပြည်သူ​တွေကိုစည်းရုံး၍ပြည်သူ့စစ်လုပ်ခိုင်းလာစစ်ကောင်စီ က လွိုင်ကော် နှင့် ဖယ်ခုံ မြို့များကို ပြန်လည်ထိန်းချုပ်ရာတွင် ပြည်သူများကို ပြန်လည်နေထိုင်နိုင်ရန် လမ်းဖွင့်လိုက်သော​ကြောင့် အခက်အခဲများနှင့် နှစ်ကာလအတန်ကြာစစ်ရှောင်နေရသော လူထုအတွက် အကြပ်ရိုက်စေသည်။

ခက်ခဲကြပ်တည်းနေသည့် ဒေသခံ လူထုကို စစ်ကောင်စီ၏ စည်းရုံးမှု၏နောက်ကွယ်တွင် စစ်တပ်လိုလား​သောအကျိုးစီးပွားများစွာရှိ​နေသည်။

“စစ်ကောင်စီပြန်ခေါ်နေပြီဆိုကတည်းကိုက ပြည်သူ့စစ် လုပ်စေဖို့ ကနဦး ခြေလှမ်းစတယ်လို့ပြောရမယ်။ ပြည်သူတွေကိုလည်း နေရပ်ကနေ မထွက်ခွာရအောင်၊ အိုအိမ်တွေကို မစွန့်လွတ်ရလေအောင် သတိ ထားလုပ် ဆောင်ရတယ်။ ဒီကိစ္စဟာ သိပ်အရေးကြီးတယ်။ နေရပ်အိုအိမ်တွေကို စွန့်ပြီ ပြန်လည်အခြေချနေနိုင်လာရင် ဘယ်ပြည်သူကမှ နေရပ်အိုးအိမ်တွေကို ထပ်ပြီးစွန်ှလွှတ်ထွက်ခွာသွားရဖို့ မလုပ်ချင်းတော့တာက သဘာ၀ကျတဲ့ ခံစားချက်ရှိလိမ့်မယ်”ဟု ကရင်နီပြည်နယ်အရေးလေ့လာသူ ကို ခူးကြူးဖဲကေးက သုံးသပ်သည်။

ပြန်လည်အခြေချသည့် ပြည်သူများကို ရပ်ရွာကာ ကွယ်ရေးနှင့် အိုးအိမ်ကာကွယ်ရေးဆိုသည့်​ခေါင်းစဥ်ဖြင့် လွိုင်ကော်မြို့တွင် သက်လတ်ပိုင်းဒေသခံ ၁၀၀ ဝန်းကျင်ကို ပြည်သူ့စစ်အဖြစ် စစ်ကောင်စီက သွပ်သွင်းထားပြီးလည်းဖြစ်သည်။

အရပ်ဘက် လေ့လာမှုများနှင့် စစ်တမ်းများအရ လွိုင်ကော်မြို့တွင် စစ်အုပ်စုနှင့်အတူ ပြန်လည်နေထိုင်သည့် ဒေသခံ ၁,၀၀၀ ခန့်တွင် အလုံးစုံခက်ခဲသူ နှင့် စစ်အုပ်စုနှင့်ပတ်သက်သူများသာဖြစ်သည်။

“လူထုရှိလာတာနဲ့စကစကသူ့အုပ်ချုပ်ရေးယန္တရား စမှာပဲ။နောက်ပြီး သန်းခေါင်စာရင်းကောက်မယ်။ပြီးရင် ရွေးကောက်ပွဲအတွက် အသုံးချလိမ့်မယ်။အရေး ကြီးဆုံးကတော့ ပြည်သူ့စစ်လိုပုံစံမျိုး ဖွဲ့နေတာပေါ့” ဖယ်ခုံ PDF တာဝန်ရှိသူမနွေးနွေးအိက စိုးရိမ်စွာဖွင့်ဟသည်။

စစ်ကောင်စီ၏ လူသားဒိုင်းကာပြည်သူ့စစ် ဖွဲ့စည်းမှုသည် ကရင်နီတော်လှန်ရေးအင်အားစုများလက်လွှတ်ရမည့်နေရာများတွင် မလွှဲမသွေကြုံလာနိုင်​သောအ​ခြေအ​နေဖြစ်သည်။

“လူထုကို အမာထည်ထုနဲ့ တိုက်လို့မရဘူး။ လူထုကို အမြဲ စည်းရုံးရေးအသွင်း ပါဝါပျော့နဲ့ပဲ ကိုင်တွယ်လိုရမယ်ဆိုတာ သတိချပ်ဖို့လိုအပ်တယ်။တော်လှန်ရေးအင်အားစုတွေကလည်းဒါကိုကိုင်တွယ်နိုင်ဖို့ နယ်မြေတွေမဆုံးရှုံးရရေး နဲ့ လူထုကို စည်းရုံးရေးအသွင်းဆန်ဖို့လိုတယ်”ဟု ခူးကြူးဖဲကေး ၎င်း၏အမြင်ကို ရှင်းပြသည်။

▪︎စစ်ကောင်စီနှင့် PNO ၏ဝါဒမှိုင်းတိုက်မှုနှင့် လူမျိုး​ရေးပဋိပက္ခဖန်တီးမှုပအိုဝ်းပြည်သူ့စစ် PNO ထိပ်ပိုင်းခေါင်းဆောင်များ၏ အကျိုးစီးပွားသည် စစ် ကောင်စီနှင့် မိတ်ဖက်ဖြစ်စေသည်။ထို့နည်းတူ PNO ၏ အထူးဒေသ ၆ မှ ပအိုဝ်းအမျိုးသားများသည် စစ်ကောင် စီအတွက်တိုက်ခိုက်ပေးရန် ဖြစ်လာခဲ့သည်။

ဘာသာရေးဆိုင်ရာကိုးကွယ်မှု၊ပုဂ္ဂိုလ်စွဲကြီးမားသည့် ပအိုဝ်းလူမျိုးများကို ဘာသာရေးနှင့် လူမျိုးရေးပဋိပက္ခအသွင်ဆောင်ပြီ လှုံဆော်စည်းရုံးမှုသည် စစ်ကောင်စီ အတွက်အလုပ်ဖြစ်ခဲ့သည်။

ကရင်နီ ပြည်နယ်သည် ပအိုဝ်းနယ်မြေသို့ ကျူး ကျော်စစ် လုပ်လာသည်ဆိုသောဇာတ်လမ်းကို စစ်​ကောင်စီနှင့် PNO ထိပ်ပိုင်းဦးဆောင်သူများကကြိမ်ဖန်များစွာဝါဒဖြန့်ချီမှုသည်ပအိုဝ်းလူထုကနား​ယောင်ခဲ့ကြသည်။

“ဝေဖန်ပိုင်း ခြားနိုင်တဲ့ အခြေအနေ မရှိခဲ့ကြဘူး။တနည်းအားဖြင့်ပြောရရင် စကစနဲ့ PNO ရဲ့ ဝါဒ မှိုင်းကို ပအိုဝ်း အများစုက လက်ခံတယ်လို့ပြောရမယ်။ PNO တွေကလည်း ဒါကို ခပ်မြန်မြန်အကောင်အထည်ဖော် ပြီး တရွာကို လူခုနှစ်ယောက်နှုန်းနဲ့ အတင်းအကြပ်မဲနှိုက်ခိုင်းပြီ စစ်မှုထမ်းစေခဲ့တယ်”ဟု ရှမ်းပြည်တောင် ပိုင်း စစ်ရေးသတင်းရင်းမြစ် ကိုရာဇာက မှတ်ချက်ပြုသည်။

ဝါဒမှိုင်းတိုက်မှု​နောက်ကွယ်တွင် PNO က ကရင်နီလူထုကိုရက်စက်စွာ သတ်ဖြတ်မှုများလည်းရှိခဲ့သည့်အနက် အရှင်လတ် လတ် ဂူထဲပစ်ချခဲ့မှုများပါရှိခဲ့သည်။

စစ်ကောင်စီနှင့် PNO ထိပ်ပိုင်းခေါင်းဆောင်များဝါဒ ဖြန့်ချီမှုသည် မှားယွင်းသည့်အချက်အလက်ဖြစ်ပြီး စစ်တပ်အာဏာသိမ်းစ ၂၀၂၁ ခုနှစ်ကတည်းက PNO သည် စစ်တပ်နှင့်အတူ ကရင်နီပြည်နယ်သို့ လာရောက်တိုက်ခိုက်ခဲ့ခြင်းဟု မကြာသေးမီရက်ပိုင်းက DVB သတင်းဌာနနှင့် သီးသန့်တွေ့ဆုံမေးမြန်းမှု၌ KNDF ၏ ဒုစစ်ဦးစီးချုပ် မာဝီက ဖြေဆိုထားသည်။

“ကရင်နီတော်လှန်ရေးအင်အားစုတွေနဲ့ တပ်နဲ့ ဖြစ်တဲ့ စစ်ပွဲတွေမှာ အခု PNO တွေပါတယ်ပေါ့။တကယ် တမ်းတော့ အခုမှမဟုတ်ပါဘူး။PNO တွေပါတာ ခုမှမဟုတ်ပါဘူး။၂၀၂၁ ခုနှစ် တိုက်ပွဲတွေစဖြစ်တော့ တပ်မ ၅၅ နဲ့အတူ ဝင်လာခဲ့တာပဲ။မှတ်မှတ်ရရ မိုးဗြဲ သံလမ်းတိုက်ပွဲမှာ PNO ဗိုလ်ကြီးတွေ​သေတာပဲ”ဟု မာဝီက ရှင်းပြသည်။

ပအိုဝ်း နှင့် ကရင်နီ လူထုကြား မကျေလည်မှုများ သည် စစ်ကောင်စီ၏ အကြိုက်ဖြစ်ကာ လူမျိုး ရေး ပဋိပက္ခများမကြီးထွားလာစေရန်ကရင်နီလူမှုအသင်း အဖွဲ့များနှင့် ပအိုဝ်း လူမှုအသင်းအဖွဲ့များသည် ယခင်ထက်ပိုသော ပူးပေါင်းဆောင်ရွက်မှုများက ဖြေရှင်း မှုများအနက်မှတစ်ခု ဖြစ်လာနိုင်သည်။

▪︎လူလှိုင်းသုံးလာမည့် ကရင်နီစစ်ဆင်ရေး

ယခုအခါဖယ်ခုံနှင့် မိုးဗြဲ မြို့အပါအဝင် ကရင်နီ ပြည်နယ်တွင် စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း ၁၀ ရင်း နှင့် ခြေလျင် တပ်ရင်း ခုနှစ်ခု ရှိပြီး လွိုင်ကော်နှင့် ဒီးမော့ဆို ရှိ အမြောက်တပ်ရင်း ၃ ခု ပါဝင်ပါက တပ်ရင်းပေါင်း ၂၀ ရှိသည်။

ထို့အပြင် စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်အမှတ်-၇ ဖယ်ခုံမြို့၊ဒေသကွပ်ကဲမှုစစ်ဌာနချုပ် လွိုင်ကော်နှင့် ဘောလခဲ မြို့တွင်လည်း စစ်ကောင်စီက စစ်ဗျူဟာတစ်ခု အခြေစိုက်ထားသည်။

လွိုင်ကော်အခြေစိုက်ဆောက်လုပ်ရေးနှင့်အင်ဂျင်နီ ယာတပ်ခွဲ၊ ထောက်ပံ့နှင့် ပို့ဆောင်ရေးတပ်ခွဲ၊ စစ်လက်နက်ရေးတပ်စု၊ အလုပ်ရုံတပ်စု၊ ကုတင် (၁၀၀) ဆန့် တပ်မတော်ဆေးရုံ အပါအဝင် ဖရူဆိုရှိ အမှတ် (၁၄)တန်းမြင့်စစ်ရေးလေ့ကျင့်ရေးကျောင်းလည်း ရှိသည်။

ကရင်နီစစ်ဘက်အချက်အလက်များအရစစ်ကောင်စီ၏ ခြေလျင်၊ခြေမြန် နှင့် အမြောက်တပ် ရှိ အမာခံစစ်အင်အားကို မှန်းဆပါက တပ်ရင်း အခု ၂၀ တွင် အင်အား ၂,၀၀၀ ခန့်ရှိနိုင်ပြီး အခြားတပ်များကိုပါထည့်သွင်းတွက်ချက်ပါက အင်အား၃,၀၀၀ ထက်မနည်းရှိနိုင်သည်။

ထိုအချက်အလက်သည် ၁၁၁၁ စစ်ဆင်ရေး ကာလအတွင်းဖြစ်ပြီး စစ်ကောင်စီက ပြန်လည် စစ်ကြောင်း ထိုးလာသည် ယခုနှစ် လယ်အင်အား ကိုမူ မထည့်သွင်းထားပေ။

“ဒီနှစ်လယ်ကစလို့ လွိုင်ကော်ကို စကစ က အင်အား ၂,၀၀၀ ကျော်ဖြည့်တယ်။ပြီးတော့ ပင်လောင်းဘက်ကနေလည်း အင်အား ၁,၀၀၀ ထပ်ဝင်လာတယ်။ပြောရမယ်ဆိုရင် နောက်ထပ် စစ်အင်အား တစ်ဆ ထပ်ပို့ထားတယ်”ဟု ကရင်နီပူးပေါင်းတပ်၏ တာဝန်ရှိသူတစ်ဦးက မြေပြင်အခြေအနေကို ပြောပြသည်။

စစ်ကောင်စီ၏ အင်အားအလုံးအရင်း ဖြည့်တင်းမှုသည် ကရင်နီပြည်နယ် လူလှိိုင်းသုံး၍ ထိုးစစ်ဆင်ရန်ဟု KNDF ဒုစစ်ဦးစီးချုပ်က သုံးသပ်သည်။

“သူ(စစ်ကောင်စီ)သိပ်မကြာခင် လူလှိုင်းသုံးမှာပဲ။ကျွန်တော်တို့ ခဏခဏ ကြုံပြီးပြီလေ။အရင်နှစ် တွေတုန်းက အုပ်စုလိုက်ကြီးပြေးတက်လာတာ။ပစ်တာပဲ။သေတာပဲ။ကောက်လည်းမကောက်ဘူး။ဆက်တက်ခိုင်း။ပြီးရင်းမနိုင်လို့ပြန်ဆုတ်။အလောင်းတွေ၊လက် နက်တွေချန်ပြီး အကုန်ဆုတ်ပြေးသွားတာ”ဟု မာဝီက ၎င်း၏ အတွေ့အကြုံကို ပြောပြသည်။

ကရင်နီထိုးစစ်တွင် ပေါ်တာစွဲခံရသူများနှင့် ပြည်သူ့စစ်မှုထမ်းဥပဒေဖြင့် အဓမ္မ ခေါ်ဆောင်ခံရသူများကို စစ်ကောင်စီကပို၍အသုံးပြုလာသည်။နိုဝင်ဘာ ၂၆ ရက်နေ့က လွိုင်ကော်မြို့အနီးတိုက်ပွဲတွင် စစ်ကောင်စီ၏ တပ်သားသစ်နှစ်ဦး အပါအဝင် လေးဦးကို ကရင်နီတပ်ပေါင်းစုက အရှင်ဖမ်းမိခဲ့သည်။

“စစ်ကောင်စီကတော့ သူတို့ရဲ့အယုတ်မာဆုံးနည်းလမ်းတွေကိုဆက်သုံးနေဦးမှာပဲ။ဒါကိုကျွန်တော်တို့လည်း ပြင်ဆင်ထားတယ်”ဟု KNDF ဒုစစ်ဦးစီးချုပ်က DVB ၏တွေ့ဆုံမေးမြန်းမှုအစီအစဥ်မှတဆင့် သတင်းစကားပါးသည်။

စစ်ကောင်စီ၏ ပေါ်တာဆွဲခံရသူများ၊အဓမ္မပြည်သူ့စစ်ဥပဒေကြောင့် တပ်သားသစ်ဖြစ်လာသူများအပါအဝင် စစ်ကောင်စီတပ်သားဟောင်းများအနေဖြင့် စစ်အုပ်စု၏ အသုံးချမခံရရေး အမြန်ဆုံးဘက်ပြောင်းရန်လည်း သူက တိုက်တွန်းသည်။

▪︎ကရင်နီ တပ်ပေါင်းစု နှင့် စစ်ဦးစီးအဖွဲ့

စစ်တပ်အာဏာသိမ်းပြီး လေးနှစ် ခန့်အကြာတွင် ကရင်နီပြည်နယ်တွင် တော်လှန်ရေးအဖွဲ့အစည်းများစွာပေါ်ပေါက်ခဲ့ပြီး မြို့နယ်အလိုက်ဖွဲ့စည်းထားသည့် အမျိုးသားညီညွတ်ရေးအစိုးရ NUG လက်အောက်ခံ PDF များနှင့် ပြည်နယ်တစ်ခုလုံးအတိုင်းအတာဖြင့် စစ်ရေးဆောင်ရွက်နေသည့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တို့ရှိသည်။

တပ်ဖွဲ့စည်းပုံအင်အားအရ KNDFဟာ တပ်ရင်း ၃၁ ခုနှင့် ဗျူဟာ ၈ ခုရှိကာ အမာခံ တိုက်ခိုက်ရေးအင်အား ၈,၀၀၀ ထက်မနည်းရှိသည်။ NUG လက်အောက်ခံတပ် ရင်း ၁၀ ၏ တပ်အင်အားသည် ၁,၅၀၀ ဝန်း ကျင်ရှိသည်ဟု ကရင်နီစစ်​ရေး​လေ့လာသူအချို့က သုံးသပ်သည်။

ထိုအပြင်ကရင်နီပြည်နယ်အခြေစိုက် တိုင်းရင်းသားလက် နက်ကိုင်များဖြစ်သည့် KNPP/KA ၊ KNPLF(ကလလတ)၊ KNLP ၊KNPDP နှင့် KNSO တို့၏ အင်အားသည် ၅,၀၀၀ ခန့်ရှိကြောင်း စစ်ဘက်စစ်တမ်းများကခန့်မှန်းထားသည်။ယခုနှစ်အောက်တိုဘာနောက်ဆုံးပတ်က ဖွဲ့စည်းခဲ့သော ကယန်းအမျိုးသားတပ်မတော် KNA ကလည်း အင်အားသည် ၈၀၀ ရှိကြောင်း ကြေညာထားသည်။

ကရင်နီတပ်​ပေါင်းစုသည် ​နွေဦး​တော်လှန်​ရေးကာလတ​လျှောက် စစ်​ကြောင်းထိုးလာ​သောစစ်​ကောင်စီတပ်များကိုညအကြိမ်ကြိမ်​ချေမှုန်းနိုင်ခဲ့ကြသည်။ယခုတစ်ကြိမ် တိုက်ပွဲများမှာလည်းစစ်အုပ်စုက အင်အား​ထောင်ချီသုံး၍ ထိုးစစ်ဆင်လာမည်ဖြစ်၍ ​ရှေ့ကတိုက်ပွဲများထက်ပြင်းထန်နိုင်သည်။ ကရင်ပြည်နယ်တွင် ​အောင်​ဇေယျစစ်​ကြောင်းကဲ့သို့ စစ်ဦးကျိုးပြီး စစ်ရှုံးပါက စစ်တပ်နှင့် PNO ပြည်သူ့စစ်အတွက်​ပေးဆပ်မှုများမည်လည်းဖြစ်၏ ။

အချက်အလက်၊စစ်တမ်းများပေါ်ရှိ တပ်အင်အားအရကြည့်မည်ဆိုပါက ကိုယ်စီအားသာချက်များရှိသော် လည်း စစ်ရေးအတွက် အမိန့်တစ်ခုတည်းမှစီးဆင်းမှု လိုအပ်သည်။ထို့ကြောင့် “စစ်ဦးစီအဖွဲ့” ကို ကရင်နီရှိ တော်လှန်ရေးအင်အားစုများက ဖွဲ့စည်းရန်ကြိုးပမ်းနေသည်။

“စစ်ဦးစီအဖွဲ့ ၊ ညီညွတ်ရေးတွေလုပ်နိုင်ရင်၊ လက် နက်ခဲယမ်းတွေ တောင့်တင်းခဲ့ရင်၊ ကရင်နီပြည် နယ်နဲ့ကယန်းဒေသ စစ်ရေး၊နိုင်ငံရေး ကံကြမ္မာ တနည်းတဖုံပြောင်းလဲနိုင်တယ်”ဟု ကရင်နီစစ်ရေးလေ့လာသူ ပါစကွားလယ်က ရှုမြင်သည်။ ။

ဆက်စပ်သတင်းများ

သတင်း

ဧရာဝတီတိုင်း၊ ရွှေသောင်ယံမြို့နယ်အတွင်း ရက်အနည်းငယ်အကြာ တိုက်ပွဲငြိမ်သက်ခဲ့ပြီးနောက် ဇန်နဝါရီ၁၆ရက်ညနက်ပိုင်းမှစ၍ ဘောမိကျေးရွာအနီး၌ တိုက်ပွဲအပြင်းအထန်ဖြစ်ပြီး စစ်ကောင်စီက လေကြောင်းမှပါ ခုခံတိုက်ခိုက်ခဲ့သည်။

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်၊နမ့်မိုရွာအနီးတွင် SSPPနှင့် RCSSတို့ တိုက်ပွဲဖြစ်ပွားနေပြီး ဒေသခံများမှာ ဘေးလွတ်ရာ တိမ်းရှောင်နေရသည်။

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ် ကျောက်ဂူဒေသတွင် ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်(DPLA)နှင့် စစ် ကောင်စီတပ်တို့အကြားတိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေကြောင်း DPLAက ယနေ့ (ဇန်နဝါရီ ၁၆ရက်)တွင် သတင်းထုတ်ပြန်သည်။

သတင်း

ကရင်နီပြည်နယ်၊ ဘောလခဲမြို့တွင် စစ်ကောင်စီတပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး ၁၀ဦးထက်မနည်း သေဆုံးကြောင်း ကရင်နီစစ်ရေးသတင်းရင်းမြစ်အချို့က လူထုနွေဦးသို့ ပြောသည်။