Connect with us

Hi, what are you looking for?

သတင်း

ကယားပြည်နယ်နေ့အခမ်းအနား တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီက တိုက်လေယာဥ်ဖြင့်ပစ်ခတ်နေ

ယနေ့(ဇန်နဝါရီ ၁၅ ရက်) နံနက်ပိုင်းက စတင်ကျင်းပခဲ့သော ကယားဒေးအခမ်းအနားကို ဗုံးရှစ် လုံးထက်မနည်းတိုက်ခိုက်ခံရပြီးနောက် လက်နက်ကြီးများဖြင့် လွိုင်ကော်မြို့နှင့် ဒီးမော့ဆို အနောက်ဘက်ခြမ်းသို့ စစ်ကောင်စီက ဦးတည်ပစ်ခတ်နေခြင်းဟု ဆိုသည်။

(လွိုင်ကော်မြို့တွင် စစ်ကောင်စီအသုံးပြုတိုက်ခိုက်နေသည့် တိုက်လေယာဉ်အား တွေ့ရစဉ်၊ ဓာတ်ပုံ - CJ)

ကယားပြည်နယ်နေ့ အခမ်းအနား တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီက လက်နက်ကြီးအပါအဝင် တိုက်လေယာဥ်ဖြင့်ပါ ရမ်းသမ်းပစ်ခတ်နေကြောင်း လွိုင်ကော်မြို့ခံများက လူထုနွေဦးသတင်းဌာနသို့ပြောသည်။

ယနေ့(ဇန်နဝါရီ ၁၅ ရက်) နံနက်ပိုင်းက စတင်ကျင်းပခဲ့သော ကယားဒေးအခမ်းအနားကို ဗုံးရှစ် လုံးထက်မနည်းတိုက်ခိုက်ခံရပြီးနောက် လက်နက်ကြီးများဖြင့် လွိုင်ကော်မြို့နှင့် ဒီးမော့ဆို အနောက်ဘက်ခြမ်းသို့ စစ်ကောင်စီက ဦးတည်ပစ်ခတ်နေခြင်းဟု ဆိုသည်။

“လွိုင်ကော်မီးသတ်ကုန်းလမ်းကြားထဲက အိမ်နားစကစရဲ့ လက်နက်ကြီးကျရောက်ပေါက်ကွဲပြီး ပြည်သူတစ်ဦး အစထိမှန်ခဲ့ပြီး သေဆုံးထားတယ်။တခြားထိခိုက်မှုအခြေအနေတော့မသိရသေးဘူး”ဟု လွိုင်ကော်မြို့ခံတစ်ဦးက ပြောသည်။

အလားတူ နံနက် ၁၀နာရီခန့်ကစ၍ ကင်းထောက် နှင့် တိုက်လေယာဥ်များအသုံးပြု၍ စစ်ကောင်စီက ထောက်လှမ်းပစ်ခတ်နေကြောင်းလည်း ကရင်နီဒေသခံစစ်ရေးသတင်းရင်းမြစ်က အသိပေးသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

“လက်နက်ကြီးတွေက ဒီးမော့ဆိုအနောက်ဘက် ခြမ်းကို အတွဲလိုက်ကျနေတယ်။လေယာဥ်တွေက လည်း ပျံနေတုန်းပဲ။ရမ်းသမ်းပစ်ခတ်ပြီးအရပ်သားတွေထိခိုက် နိုင်လို့ စိတ်ပူရတယ်”ဟု ၎င်းက ရှင်းပြသည်။

ယနေ့နံနက်ပိုင်းက ကယားပြည်နယ်နေ့အခမ်း အနားပြုလုပ်သည့် ပြည်နယ်ခန်းမ၌ စစ်ကောင်စီ နှင့်ဆက်စပ်သည့် ထိခိုက်သူသုံးဦးထက်မနည်းရှိခဲ့ကြောင်းလည်း အဆိုပါအခမ်းအနားနှင့်နီးစပ် သူက ပြောသည်။

ထို့အပြင် ဗုံးပေါက်ကွဲပြီးနောက် အခမ်းအနားလာရောက်သူများကိုပါ စစ်ကောင်စီက ခန်းမအတွင်းမှ ပေးမပြန်သဖြင့် ရုန်းရင်းဆန်ခတ်မှုများရှိခဲ့ကြောင်းလည်း သိရသည်။

လွိုင်ကော်မြို့တွင် စစ်ကောင်စီက ပြုလုပ်သည့် ကယားပြည်နယ်နေ့ ပွဲတော်(ကယားဒေးပွဲ) အပါအဝင် ပွဲနှင့်ဆက်စပ်သည့် လူစုလူဝေးရှိရာ နေရာများကိုသွားရောက်ခြင်း မပြုကြရန် PDF Loikaw က ယခုလ ၁၃ ရက်တွင် သတိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။