Connect with us

Hi, what are you looking for?

ဆောင်းပါး

“စစ်ရှောင် အိမ်ငှားတွေရဲ့သောက”

မန္တ​လေးမြို့မှာ ရောက်ရှိနေပြီး အိမ်ငှားနေကြတဲ့ စစ်ရှောင်မိသားစုတွေလကုန်ရက်တွေမှာမကြာခဏ စိတ်ညစ်ရတဲ့ကိစ္စတစ်ခုရှိပါတယ်။အဲဒါတော့ ငှားဖို့ အိမ်ရှာရတဲ့ကိစ္စပါ။

စစ်ကိုင်းတိုင်း ကသာမြို့မှ စစ်​ရှောင်ပြည်သူ​တွေ။ဓါတ်ပုံ-CJ

Scorpio/People’s Spring

မန္တ​လေးမြို့မှာ ရောက်ရှိနေပြီး အိမ်ငှားနေကြတဲ့ စစ်ရှောင်မိသားစုတွေလကုန်ရက်တွေမှာမကြာခဏ စိတ်ညစ်ရတဲ့ကိစ္စတစ်ခုရှိပါတယ်။အဲဒါတော့ ငှားဖို့ အိမ်ရှာရတဲ့ကိစ္စပါ။

စစ်တပ်အာဏာသိမ်းမှု ၅ နှစ်ပြည့်ကာနီးအချိန် ရန်ကုန်၊ မန္တလေးအပါအဝင် မြို့ကြီးတွေမှာ စစ်ကိုင်း၊ မကွေးနဲ့ ရှမ်းမြောက်က စစ်ရှောင်တွေ ပိုပိုများလာခဲ့ပါတယ်။ အဲဒီစစ်ရှောင်ပြည်သူတွေဟာ မကြာမကြာ တက်နေတဲ့ အိမ်ငှားခတွေကြောင့် စိတ်ညစ်နေရတယ်လို့ မန္တလေးရောက် စစ်ရှောင်တွေက ပြောပါတယ်။

“အိမ်ငှားက​ခြောက် လတစ်ကြိမ်စျေးတက်တယ်”လို့ မန္တလေးရောက်နေတဲ့ ရှမ်းမြောက်က စစ်ရှောင်ပြည်သူတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

တရိပ်ရိပ်စျေးတက်နေတဲ့မန္တလေးကအိမ်ငှားစျေးကွက်မှာ အိမ်ရှင်နဲ့ ပွဲစားတချို့ဟာ အိမ်ငှားခတွေ ရုတ်တရက်ထပ်တက်လိုက်တာမျိုး၊ လချုပ်ကိုမှ သက်တမ်းပိုချုပ်ခိုင်းတာတွေမျိုးတွေ ကြုံနေရတယ်လို့ စစ်ရှောင်တွေက ပြောပါတယ်။

“အခုကျမနေတဲ့အိမ်က သုံးလချုပ်ကို နှစ်သိန်း။ စစ်ရှောင်တွေဆင်းလာမှန်းသိလို့သုံးသိန်းနဲ့ ၆ လချုပ်ပြောင်းသွားတယ်။”လို့မန္တလေးမြို့မှာနေထိုင်နေတဲ့စစ်ရှောင်အမျိုးသမီးတစ်ဦးကပြောပါတယ်။

၆ လချုပ်ပြည့်သွားရင်လည်းနောက်ထပ်တခါထပ်ချုပ်ရင်စျေးတစ်မျိုးပြောင်းသွားတယ်လို့စစ်ရှောင်တွေက ဆိုပါတယ်။

နောက်ထပ် စစ်ရှောင်မိသားစုဝင်တွေ ထပ်ရောက်လာတာမျိုးဆိုရင်လည်း စျေးကိုထပ်တိုးတောင်းတာတွေကြုံရတယ်လို့ သိရပါတယ်။ အဲဒီလို လူဦးရေကို ကန့်သတ်ထားတာတွေကြောင့်လည်း စစ်ရှောင်တွေ မောရပြန်ပါတယ်။

“အစက၂ယောက်ထဲနေတာ။ ကလေးမွေးလို့ အိမ်ကလူ၂ယောက်လာနေတာ ကို လူများလာလို့ နှစ်သိန်းသုံးသောင်းကနေသုံးသိန်းခွဲအထိတက်တယ်။ မဖြစ်သာလို့သာနေနေရတာ။”လို့မန္တလေးမြို့ပေါ်မှာ တိုက်ခန်းငှားနေတဲ့စစ်ရှောင်အမျိုးသမီးတဦးက ပြောပါတယ်။

ဒါပေမဲ့အိမ်လခကိုတိုးမတောင်းတဲ့၊နားလည်ပေးတဲ့အိမ်ရှင်တွေလည်းအများအပြားရှိနေပါတယ်လို့ မန္တလေးရောက်စစ်ရှောင်ပြည်သူတွေကဆိုပါတယ်။

နောက်တစ်ခုက မန္တလေးရဲ့ သွားလာရေးစနစ်ပါ။ မန္တလေးမှာ ဘက်စ်ကားစနစ် မရှိတော့တာကြောင့် မီနီအိုးဝေလို့ခေါ်တဲ့ သုံးဘီးယာဥ်နဲ့သာ သွားလာရပါတယ်။ သုံးဘီးယာဥ်ဟာလည်း ဟိုနားဒီနား ငါးထောင်အထက်သာမို့ ဆိုင်ကယ်နဲ့ကားပါမလာရင် အိုးဝေခနဲ့မခံနိုင်ဘူးလို့ စစ်ရှောင်တွေက ပြောပါတယ်။

“မန္တလေးက အိမ်ငှားခနဲ့ အိုးဝေခနဲ့ လုံးဝအဆင်မပြေပါဘူး”လို့ဗန်းမော်ကနေလာတဲ့စစ်ရှောင်အမျိုးသမီးတဦးက ပြောပါတယ်။

ဒါကြောင့် စစ်ရှောင်တွေအနေနဲ့ မန္တလေးမြို့ထဲနေမယ့်အစား မန္တလေးတဝိုက်က ပုသိမ်ကြီး၊ အမရပူရ၊ မြစ်ငယ်၊ ကျောက်ဆည် စတဲ့နယ်တွေမှာ နေကြဖို့ကိုလည်း မန္တလေးမြို့ခံတွေက အကြံပြုပါတယ်။

နောက်တစ်ခုက အိမ်ငှားနေမယ့်အစား ဘုန်းကြီးကျောင်းတွေနဲ့ ရွာတွေဘက်မှာ ရှောင်ကြဖို့ ရောက်နှင့်ပြီးသား စစ်ရှောင်တွေက အကြံပြုကြပါတယ်။

ဒါပေမဲ့ ပြည်ကြီးတံခွန်မြို့နယ်ကိုတော့ အတက်နိုင်ဆုံး ရှောင်ကြဖို့ မန္တလေးမြို့ခံတွေကအကြံပြုပါတယ်။ “စစ်ရှောင်တွေဆို စစ်မှုထမ်းထည့်၊ ပေါ်တာဆွဲတယ်။နယ်ခံတွေတောင်မနေရဲလို့ပြောင်းပြေးနေကြတာ”လို့ပြည်ကြီးတံခွန်မြို့နယ်ဃ ရပ်ကွက်က ဒေသခံတစ်ဦးက ပြောပါတယ်။

မြန်မာနိုင်ငံမှာ လူဦးရေ ၃ ဒသမ ၆ သိန်းခန့်မှာ နေရပ်စွန့်ခွာ နေထိုင်နေရပြီး ဆက်လက်ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရမှု ပိုများလာတယ်လို့ United Nations OCHA Myanmar က ပြီးခဲ့တဲ့ စက်တင်ဘာလက ထုတ်ပြန်ခဲ့ပါတယ်။မန္တလေးမြို့တင်မကဘဲရန်ကုန်အပါအဝင် အခြားဒေသအသီးသီးမှာ ရောက်နေကြရတဲ့ စစ်ရှောင်ပြည်သူတွေလည်း အိမ်ငှားရှာရတဲ့အခက်အခဲကို ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။

“ကိုယ်မြို့ကိုယ့်ရွာလည်း ပြန်လို့မရတော့ အဆင်မပြေလည်း ပြေအောင်ကြိုးစားနေရတယ်။”လို့ ကောလင်းစစ်ရှောင် အမျိုးသမီးတစ်ဦးက ပြောလိုက်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း ရောက်ရှိ​နေတဲ့ စစ်တပ်စစ်ကြောင်းကြောင့် ကျေးရွာ ၁၀ ရွာထက်မနည်း တိမ်းရှောင်နေရကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က ​ယော​ဒေသမှာစစ်ကြောင်းထိုး၊ အရပ်သားတွေကို ဖမ်းဆီးတာ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာ​တွေ​ကြောင့် ထွက်​ပြေးတိမ်း​ရှောင်​နေရတဲ့စစ်ဘေးရှောင်ပြည်သူတစ်သောင်းကျော်ထိ ရှိ နေပြီး စားနပ်ရိက္ခာ​​တွေအကူအညီလိုအပ်​နေပါတယ်။

သတင်း

မကွေးတိုင်း၊ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့ကို ရောက်နေတဲ့ စစ်တပ်က နေရာ ၃ခုမှာ တပ်စွဲထားပြီး ဒေသခံ စစ်ဘေးရှောင် ၁၀ဦး ခန့်ကိုလည်း ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မြို့အဝင်လမ်းမကြီးနဲ့ ငါးအိုး-ရွှေကူလမ်းမကြီးကို ရက်အကန့်အသတ်မရှိ သွားလာခွင့်ပိတ်