Connect with us

Hi, what are you looking for?

မေးမြန်းခန်း

“ စစ်​ကောင်စီလည်း မယုံဘူး။ တရုတ်လည်း မယုံဘူး။ ဒါ​ပေမယ့် WHO အသိမှတ်ပြုထားတဲ့​ဆေးဆိုရင် ထိုးပါ”

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကျန်းမာရေးဝန်ကြီးဌာနရဲ့ “ ကိုဗစ်-၁၉ ဗဟုသုတစင်တာက​နေတစ်ဆင့် ကိုဗစ်ကာကွယ်​ဆေးနဲ့ပတ်သက်လို့ ပြည်သူ​တွေရဲ့ ​မေးမြန်းချက်​တွေကို အင်္ဂလန်နိုင်ငံမှ အတိုင်ပင်ခံသမားတော် အထူးကုဆရာဝန်ကြီး ဒေါက်တာသက်ကိုကိုက ​ပြန်လည်ဖြေကြားထားတဲ့ တိုက်ရိုက်ထုတ်လွှင့်မှုက​နေ ​ကောက်နှုတ်ထားတာဖြစ်ပါတယ်။

မေး − စစ်ကောင်စီက ထိုးပေးတဲ့ Sinopharm နဲ့ Sinovac ကာကွယ်ဆေးတွေကိုထိုးသင့်ပါသလား။
▶️ ဖြေ − အဲဒါက တရုတ်လုပ်ဆိုတာသိပါတယ်။ ကျွန်တော်တို့က စကစ ကိုလည်းမယုံပါဘူး။ တရုတ်ပြည်ကိုလည်းမယုံကြည်ပါဘူး။ ဒါပေမယ့် WHO က အသိအမှတ်ပြုတဲ့ ကာကွယ်ဆေးဆိုရင်တော့ ထိုးပါခင်ဗျာ။ ကျွန်တော်က ထိုးသင့်ပါတယ်လို့ ဖြေပါမယ်။ စကစ ထိုးတဲ့ဆေးကို ထိုးပါလို့ ပြောလို့ကျွန်တော့်ကို စကစ ဘက်တော်သားလို့ မထင်ပါနဲ့။ ကျွန်တော်အမြဲတမ်းပြောပါတယ်။ စကစ ပေးတဲ့ ဆေးကိုထိုးပါ။ ကျွန်တော်တို့တိုင်းပြည်မှာ အရမ်းကို ကိုဗစ်တွေက ထနေလို့၊ ဒီဟာကို တန့်သွားအောင် ကာကွယ်ဆေးနဲ့ပဲထိန်းရပါလိမ့်မယ်။ မဖြစ်သေးတဲ့သူတွေမဖြစ်အောင်၊ ဖြစ်ပြီးသားသူတွေထပ်မဖြစ်အောင်၊ စကစဆေးကိုထိုးပါ၊ ပြီးရင် စကစ ကိုဆက်လက်ဆန့်ကျင်ကြပါလို့ ကျွန်တော်တိုက်တွန်းချင်ပါတယ်။

မေး − ကိုဗစ်ဖြစ်ပြီး ရက်လ ဘယ်လောက်အကြာမှာ ကာကွယ်ဆေးထိုးရပါမလဲ။
▶️ ဖြေ − ရောဂါလက္ခဏာစတဲ့ရက်နဲ့ ကာကွယ်ဆေးကိုမတိုင်းပါဘူး။ ရောဂါလက္ခ ဏာတွေပျောက်ကင်းတဲ့နေ့နဲ့ တိုင်းပါတယ်။ ကိုဗစ်ဖြစ်ပြီး ရောဂါလက္ခဏာပျောက်ပြီး ၇ ရက်ကနေ ၁၀ ရက်ကြာပြီဆိုရင် ကာကွယ်ဆေးထိုးလို့ရပါတယ်။ ထိုးတဲ့အချိန်မှာ ကိုဗစ်ရောဂါလက္ခဏာတွေတော့လုံးဝ ရှိမနေရပါဘူး။ ရောဂါလက္ခဏာ ဆိုတာ ဝမ်းသွားတာ ၊နှာစေးတာ ၊ချောင်းဆိုးတာ ၊အဖျားတက်တာ အကုန်ပါပါတယ်။

မေး − ကာကွယ်ဆေးနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံသားတွေ လက်လှမ်းမှီတဲ့ဘယ်ကာကွယ်ဆေးကို ဆရာ အကြံပြု ချင်ပါသလဲ။
▶️ ဖြေ − အခုလောလောဆယ်က တိုင်းပြည်မှာဖြစ်နေတဲ့ ရောဂါကို ဖြတ်ဖို့အတွက် ဘယ်ဆေးပဲအရင်ရရ ထိုးကြပါလို့အကြံပြုချင်ပါတယ်။ လူတိုင်းကအကောင်းဆုံး ဆေးကို ထိုးချင်တာပေါ့။ ၉၅ ရာခိုင်နှုန်းအထက် ကာကွယ်ပေးတဲ့ဆေးကို ထိုးချင်တာပေါ့။ ဒါပေမယ့်လည်း ကိုယ်လက်လှမ်းမီတဲ့ဆေးကို ထိုးပေးကြပါ။ ဟိုဆေးကို ထိုင်စောင့်၊ ဒီဆေးကိုထိုင်စောင့်ရင်းကူးခံရမှာ စိုးတဲ့အတွက် ကျွန်တော်က ပြောတာဖြစ်ပါတယ်။

မေး − ရာသီတုပ်ကွေးကာကွယ်ဆေးထိုးပြီး ဘယ်လောက်ကြာမှ ကိုဗစ်ကာကွယ်ဆေးထိုးသင့်ပါသလဲ။
▶️ ဖြေ − ရာသီတုပ်ကွေးကာကွယ်ဆေးထိုးပြီးတစ်ပတ်အကြာမှာ ထိုးခွင့်ရှိပါတယ်။တစ်ပတ်အနည်းဆုံးစောင့်ရပါမယ်။

Public Service Announcement

Public Service Announcement

မေး − Covidshield ကာကွယ်ဆေးကို သား၊ ငါးသယ်သလိုသယ်ပြီး ထိုးပေးတာ တွေက ဆေးရဲ့အာနိသင်မပျက်နိုင်ဘူးလား။
▶️ ဖြေ − ပျက်နိုင်ပါတယ်။ ဒီနေရာမှာ တစ်ခုပြောချင်တာက Cold Chain ပျက်ရင်တော့ အာနိသင်ပျက်နိုင်ပါတယ်။ ဒါပေမယ့်တစ်ခုတော့ရှိတယ် အဲလို Cold Chain ပျက်လို့မထိုးဘူးလား ဆိုတဲ့အခါမှာ Cold Chain ပျက်တဲ့ဆေးကို ထိုးမိလို့ ဥပါဒ်မဖြစ်နိုင်ပါဘူး။ ဆိုးကျိုးမဖြစ်နိုင်ပါဘူး။ အကယ်၍ သူ့မှာ အာနိသင်ကျန်သေးရင် ကောင်းတာလေးရနိုင်ပါတယ်။ ရသလောက်အမြတ်လေးယူတဲ့သဘောပါပဲ။

မေး − ကိုဗစ်ကာကွယ်ဆေး Sinopharm က ဘေဂျင်းနဲ့ ဝူဟန်နှစ်မျိုးရှိပြီး ဘေဂျင်းကပဲ WHO အသိအမှတ်ပြုတယ်လို့သိရပါတယ်။ မြန်မာပြည်မှာထိုးတာ ဝူဟန်ထုတ်ဖြစ်နေမှာစိုးလို့ပါ။
▶️ ဖြေ − အဲဒါကတော့ ထိုးတဲ့စင်တာမှာမေးပေးပါ။ ဝူဟန်ဆိုရင်တော့ ကိုယ့်ဘက်က စိတ်မသန့်ရင်မထိုးပါနဲ့။ အားလုံးက အသက် ၁၈ နှစ်ကျော်ပြီးသားဖြစ်တဲ့အတွက် ကိုယ်မထိုးချင်ရင် ရိုက်နှက်ပြီးထိုးလို့မရပါဘူး။ ဆရာဝန်တွေအနေနဲ့ ဆေးပညာဘက်က အကြံပြုချင်တာကတော့ ဘယ်သူပဲထိုးပေးပေး ကိုယ့်ကို မကူးအောင်ကာကွယ်တာ ဆိုတော့ထိုးသင့်ပါတယ်လို့ပြောချင်ပါတယ်။ ကိုယ့်ဘက်က စိတ်မချ တာဆိုရင် ကိုယ်မှာမထိုးပိုင်ခွင့်ရှိပါတယ်။

မေး − ဆာလ်ဖာ၊ ပန်နဆလင်၊ ဘားပလက်စ် တွေနဲ့ မတည့်ပါဘူးဆရာ။ ကာကွယ်ဆေးထိုးသင့်ပါသလား။
▶️ ဖြေ − ကျွန်တော်ပြောချင်တာကတော့ သွားထိုးလို့ရှိရင် ကျွန်တော်ကတော့ ဘာနဲ့မတည့်ပါဘူး။ ကျွန်မကတော့ ဘာနဲ့မတည့်ပါဘူးဆိုတာ သေချာပြောပေးပါ။ ထိုးတဲ့ဆေးပေါ်မှာမူတည်ပြီးတော့ ဆေး ဖော်စပ်ထားတဲ့ အခြေခံမှာ ဘာတွေပါလဲဆိုတာအပေါ်မူတည်တယ်။ အဲဒီတော့ သွားထိုးရင်သေချာပြောပါ။

မေး − ဆီးချို ၊သွေးတိုး၊အသည်းရောဂါရှိပါတယ်။ ကာကွယ်ဆေးထိုးသင့်ပါသလား။
▶️ ဖြေ −ထိုးသင့်ပါတယ်။ ပိုလို့တောင် ထိုးသင့်ပါတယ်။ ဒါလို့လဲဆိုတော့အန္တရာယ်ရှိတဲ့ အုပ်စုဖြစ်လို့ပါ။

မေး − ဆီးချိုရောဂါသည် အသက် ၆၀ ကျော် ကာကွယ်ဆေးထိုးသင့်ပါသလား။
▶️ ဖြေ − ကာကွယ်ဆေးထိုးသင့်ပါတယ်။ ဘာကာကွယ်ဆေးဖြစ်ဖြစ် ကမ္ဘာ့ကျန်းမားရေးအဖွဲ့ကြီးက အသိအမှတ်ပြုထားတဲ့ ကာကွယ်ဆေးဆိုရင် ထိုးပါ။

မေး − ကာကွယ်ဆေးမထိုးခင်ဘာတွေရှောင်ဖို့လိုပါသလဲ။
▶️ ဖြေ − ကာကွယ်ဆေးမထိုးခင်အဓိကတော့ ရောဂါလက္ခဏာတွေပျောက်ကင်းသွားတာ အနည်းဆုံးတစ်ပတ်ရှိရပါမယ်။ ရာသီတုပ်ကွေးကာကွယ်ဆေးထိုးထားရင် ဆေးထိုးပြီး အနည်းဆုံးတစ်ပတ်ကြာရပါမယ်။ အဲနှစ်ခုက အဓိကပါ။

—People’s Spring

ဆက်စပ်သတင်းများ

သတင်း

၂၀၂၆ဟာ မြန်မာနိုင်ငံအတွက် အရေးပါတဲ့ အချိုးအကွေ့ကာလတစ်ရပ်ဖြစ်ပြီး အာဆီယံ ဘုံသဘောတူညီချက်(၅)ရပ် ထပ်လောင်းအတည်ပြုတာကနေကျော်လွန်ကာ အကြမ်းဖက်မှုတွေ ရပ်တန့်ရေး လုပ်ဆောင်ရန် လိုအပ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

သတင်း

စစ်တပ်အာဏာသိမ်းမှု (၅)နှစ်တာအတွင်း အကြမ်းဖက်စစ်အုပ်စုရဲ့ ရက်စက်မှုက အရှိန်လျော့မသွားဘဲ ပိုလို့တောင် စနစ်တကျ ရှိလာခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနကဒီကနေ့ထုတ်ပြန်ပြီး နိုင်ငံတကာ အနေနဲ့ မြန်မာပြည်သူတွေရဲ့ သွေးနဲ့မျက်ရည်တွေရဲ့ တန်ဖိုးကို အလေးထားပေးဖို့တောင်းဆိုခဲ့ပါတယ်။

သတင်း

ပြည်သူတွေ၊ လူငယ်​တွေနဲ့ ​တော်လှန်​ရေးကိုလမ်းမှား​ရောက်​စေမှာ မဟုတ်ပဲ ​တော်လှန်​ရေးရန်ပုံ​ငွေ ဘယ်​လောက်ခက်ခက် မူးယစ်​ဆေးဝါးနဲ့ အလုပ် လုပ်မှာမဟုတ်ဘူးလို့အမျိုးသားညီညွတ်​ရေးအစိုးရ (NUG)ဝန်ကြီးချုပ်ရုံး၊ပြည်​ထောင်စုဝန်ကြီး ​ဒေါက် တာ​ဇော်​ဝေစိုးက ​NUGဖမ်းဆီးမိတဲ့မူးယစ်​ဆေးဝါး​တွေကိုဖျက်ဆီးတဲ့ပွဲမှာပြောကြားပါတယ် ။

သတင်း

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)ရဲ့ (၁၅)ကြိမ်မြောက် ပါတီကွန်ဂရက် အောင်မြင်စွာကျင်းပပြီးစီးခဲ့ခြင်းအပေါ် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ယူဝမ်းမြောက် ကြောင်းသဝဏ်လွှာ ပေးပို့ခဲ့ပြီး ကွန်ဂရက်မှတစ်ဆင့် ခေါင်းဆောင်မှုအဖွဲ့သစ်ကို ဒီမိုကရေစီနည်းကျ ရွေးချယ်တင်မြှောက်နိုင်ခဲ့ခြင်းဟာ ကရင်နီပြည်သူလူထုနဲ့ တော်လှန်ရေးခရီးစဉ် အတွက် ဂုဏ်ယူအားတက်ဖွယ်ရာ မှတ်တိုင်တစ်ခုဖြစ်ဟု ဖော်ပြပါတယ်။