Connect with us

Hi, what are you looking for?

LuduNwayOo

မေးမြန်းခန်း

“ဒီတော်လှန်ရေးဟာ နိုင်ကိုနိုင်တယ်။ အခက်အခဲ ရှိတယ်ဆိုတာကရှိတာပေါ့”

စစ်တပ်အာဏာသိမ်းမှု ၂နှစ် တာကာလအတွင်း စစ်ရေးနိုင်ငံရေး အခြေအနေများနှင့်ပတ်သက်ပြီး KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးအား People’s Spring က ​ဖေ​ဖော်ဝါရီ ၂ ရက်တွင်ဆက်သွယ်မေးမြန်းထားသည်များကို ဖော်ပြလိုက်ပါသည်။

▪︎KNUပြောရေးဆိုခွင့်ရှိသူပဒိုစောတောနီးနှင့်မေးမြန်းခန်း
▪︎KNUပြောရေးဆိုခွင့်ရှိသူပဒိုစောတောနီးနှင့်မေးမြန်းခန်း

▪︎KNUပြောရေးဆိုခွင့်ရှိသူပဒိုစောတောနီးနှင့်မေးမြန်းခန်း

အာဏာသိမ်းစစ်​ကောင်စီ ကို ၂ နှစ်တာကာလအတွင်းတိုက်ပွဲအကြိမ်​ရေအများဆုံးခုခံတိုက်ခိုက်ခဲ့​​သောတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့မှာ ကရင်အမျိုးသာအစည်းအရုံး(KNU)ဖြစ်သည်။စစ်တပ်အာဏာသိမ်းမှု ၂နှစ် တာကာလအတွင်း စစ်ရေးနိုင်ငံရေး အခြေအနေများနှင့်ပတ်သက်ပြီး KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးအား People’s Spring က ​ဖေ​ဖော်ဝါရီ ၂ ရက်တွင်ဆက်သွယ်မေးမြန်းထားသည်များကို ဖော်ပြလိုက်ပါသည်။

​မေး-စစ်အုပ်စု အာဏာသိမ်းတဲ့ ၂နှစ်တာ ကာလအတွင်း နိုင်ငံရဲ့ အခြေအနေကို ပြန်လည်သုံးသပ်ပေးပါလား

Public Service Announcement

Public Service Announcement

​ဖြေ-အကြမ်းဖက်စစ်အုပ်စုကနေ ပြီးခဲ့တဲ့ ၂၀၂၁ အာဏာသိမ်းချိန်က စပြီး အာဏာသိမ်းစမှာတော့ နည်းမျိုးပေါင်းစုံနဲ့ စစ်အာဏာသိမ်းမှုကို လက်မခံတဲ့ သူတွေက ရရာ လက်နက်စွဲကိုင်ပြီးတော့ တန်ပြန်ပြီးတော့ တိုက်ပွဲဝင်နေကြတာပဲလေ။ ဟိုးအရင်တုန်းက ဖြစ်ခဲ့ဖူးတဲ့ အတွေ့အကြုံအရ ဆိုရင် စစ်အုပ်စုက သုံးလေးလအတွင်း ပြန်ပြီးတော့ အခြေအနေအားလုံးကို ထိန်းချုပ်နိုင်ခဲ့တာဆိုတာနဲ့ သူ့ကိုယ်သူက ယုံကြည်မှုက အရမ်းကြီး လွန်ကဲနေတယ်။ ဒါပေမဲ့ ဒီတစ်ချိန်က သူလုံး၀ မထင်ထားတဲ့ဟာနဲ့ ကြုံတွေ့နေရတယ်။ ပြည်သူလူထုရဲ့ နိုင်ငံရေး ရေချိန်ကလည်း အရမ်းမြင့်တက်လာပြီးတော့ ဒီစစ်အုပ်စုကို အပြတ်ရှင်းမယ်ဆိုတဲ့ သံဓိဌာန်ကလည်း ချသွားတဲ့အပေါ်မှာ ဘယ်နည်းနဲ့ပဲ ရှင်းရရှင်းရဆိုပြီး လူထုကလည်း ဆုံးဖြတ်ချက်ကျသွားတဲ့ သဘောလို့ မြင်ရတယ်။ အရင်က ဖြစ်ခဲ့တဲ့ဟာတွေဆို လက်နက်ကိုင်တိုက်ပွဲဝင်ဖို့ဆိုတာ လူထုမှာ မရွံ့မရဲကြီးဖြစ်နေတယ်။ ဒါပေမဲ့ဒီတစ်ခါတော့ လူထုက ပြတ်သားတယ်ရှင်းလင်းတယ် ။ အဲဒါကြောင့်မို့လို့ ဘာမှ မရှိတာနဲ့ စခဲ့တယ်။ အဲဒီလို မရှိတဲ့ဟာကို နိုင်ငံတကာကနေ ဒီဟာဘယ်လိုမှ မရပါဘူးလေး၊ငါး၊ခြောက်လအတွင်း အကုန်လုံးငြိမ်သွားလိမ့်မယ်ဆိုတာမျိုးထင်ထားတာ။ ဒါပေမဲ့ လေးငါး ခြောက်လသာ ကျော်သွားတယ် နိုင်ငံတကာရဲ့ ထင်မြင်ယူဆချက်တွေက လုံး၀ လွဲသွားတယ်ဆိုတာ ရှင်းလင်းတယ်။ လက်နက်ကိုင်တိုက်ပွဲအရှိန်ကလည်း တစ်နှစ်အတွင်းမှာ စကာစထက် ပိုပြီး စနစ်ကျလာတယ်။ အဲဒီ ၁ နှစ်ကနေ ၂နှစ်ဝင်လာတဲ့အခါ စစ်အုပ်စုကလည်း မီးကုန်ယမ်းကုန် ကြဲတော့တာပဲ။ မီးရှို့သတ်ဖြတ်တာတွေ ဗုံးကြဲတာတွေ အကုန် နေရာတိုင်းမှာလုပ်နေတယ်။ အဲဒါတွေလုပ်နေတဲ့ကြားထဲက နိုင်ငံရေးအရစုစည်းလာမိတယ်။ စစ်ရေးအရ ရောစစည်းလာမိတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ မီးကျိုးမောင်းပျက်ကစတဲ့ဟာကနေ မီးကျိုးမောင်းပျက်တောင် မကိုင်တော့ဘူးဆိုတာလူတိုင်း ပြောနေကြပြီလေ။ ဆိုတော့ နိုင်ငံရေး စစ်ရေး အခြေအနေက အဲဒီလိုဖြစ်နေပါပြီ။

သေချာတာက စစ်အုပ်စုအနေနဲ့ လုံး၀ခြေမှုန်းလို့မရတော့ဘူးဆိုတာ နိုင်ငံတကာက ယုံကြည်ချက်ကျသွားပြီ။ အဲဒါကြောင့်မို့လို့ စစ်အုပ်စုကျရှုံးရေး ခိုင်မာတဲ့ ယုံကြည်ချက်ရှိတဲ့အပေါ်မှာကတော့ ဆက်ပြီး တွန်းသွားဖို့ပဲရှိတယ်။ လွယ်လွယ်ကူကူတော့ မရဘူးဆိုတာ ကျနော်တို့သိတယ်။ သို့သော်

ငြားလည်းနိုင်ငံရေးအရရော စစ်ရေး အရရော စစ်အုပ်စုက အထူးသဖြင့် တော်လှန်တိုက်ခိုက်နေတဲ့သူတွေကို ဘယ်လိုမှ ဖြိုခွင်းမရဘူးဆိုတဲ့ အသိဟာ လူထုတွေရဲ့ ခေါင်းထဲမှာ ဝင်သွားပြီ။ လူထုကလည်း ပြတ်ပြတ်သားသား ဆုံးဖြတ်ချက် ချတယ်။ နောက်ပြီး ဆန့်ကျင်စရာရှိလည်း နည်းလမ်းပေါင်းစုံ ဆန့်ကျင်တယ်။ မနေ့တုန်းကဆိုရင်၂ နှစ်မြောက် တိတ်ဆိတ် သပိတ်ဆိုတာကြီးကလည်း တကယ်အောင်အောင်မြင်မြင်ဖြစ်ခဲ့တယ်ဆိုတာ မျက်ဝါးထင်ထင် ဒါနိုင်ငံတကာကို ပြသနိုင်တယ်လေ။ အဲဒါကြောင့်မို့လို့ နိုင်ငံရေးအရရော စစ်ရေးအရရော သွားလိုရနေပြီဆိုတာ ရှင်းနေတာပဲ။

​မေး-KNU အနေနဲ့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းမယ်ဆိုတဲ့ မူရှိပေမယ့် စစ်ကောင်စီကိုခုခံတိုက်ခိုက်ဖို့ ရွေးချယ်ခဲ့ရတဲ့ အကြောင်းကိုရှင်းပေးပါလား။

Public Service Announcement

Public Service Announcement

​မေး-အဲဒါကတော့ ကျွန်​တော်တို့ KNU စတင်တည်ထောင်ကတည်းက ပြီးခဲ့တဲ့ ၇၆ နှစ်ကျော်ကတည်းက တည်ရှိလာတဲ့ ကျွန်တာ်တို့ လက်ကိုင်ထားတဲ့ မူဝါဒ တစ်ခုပါ။ နိုင်ငံရေးပြဿနာ နိုင်ငံရေးနည်းနဲ့ ဖြေရှင်းမယ်ဆိုတာ။ ဒါပေမဲ့ တစ်ဖက်ကနေ အကြမ်းနည်းနဲ့ ဖြေရှင်းလာတဲ့အခါ မှာကျတော့ ကျွန်​တော်တို့ယုံကြည်တာက ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်ပိုင်ခွင့်ဆိုတာရှိတယ်လေ။ အဲဒါကြောင့် တသမတ်တည်း ဖြစ်လာတဲ့ အနေအထားမျိုးက တော်လှန်ရေးအစကတည်းက ဒီလိုပဲ ကိုင်စွဲလာတယ်။ ပြီးခဲ့တဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကာလအပစ်အခတ်ရပ်စဲရေးတွေလုပ်ပြီးတော့နိုင်ငံရေးပြဿနာ နိုင်ငံရေးနဲ့ ဖြေရှင်းဖို့ ကျွန်​တော်တို့ သွားခဲ့တယ်။ အပစ်အခတ်ရပ်စဲရေးလုပ်တယ် ဒါပေမဲ့ မြင်တဲ့အတိုင်းပဲလေ တစ်ပြည်လုံးအတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲ လုပ်ပြီး နိုင်ငံရေးဆွေးနွေးပွဲ ဝင်သွားသည့် တိုင်အောင် အထူးသဖြင့်တပ်မဟာ(၃)၊ တပ်မဟာ(၅)ဘက်မှာ ကျနော်တို့ နယ်မြေထဲကိုလုံး၀သဘောတူညီချက်မယူဘဲနဲ့ သဘောတူညီချက်တွေ ဆန့်ကျင်ပြီး ကားလမ်းတွေ ဖောက်ချလာတဲ့အခါ ၂၀၁၈မှာ KNU ရဲ့ မူဝါဒ ပြတ်ပြတ်သားသား ချမှတ်လာတယ်။ အထူးသဖြင့် ဗဟိုအမြဲတမ်း ကော်မတီကနေ အလုံးစုံ ခုခံပိုင်ခွင့်ဆိုတဲ့ ကျွန်​တော်တို့ မူချထားတာရှိတယ်။ အဲဒီဟာက ဒီကနေ့အထိ စွဲကိုင်ထားတယ်။ အဲဒါကြောင့် နိုင်ငံရေးပြဿနာကိုနိုင်ငံရေးနဲ့ဖြေရှင်းတယ်လို့ ကြွေးကြော်ထားပေမယ့် အဲဒီလိုနည်းလမ်းမှ မရွေးချယ်ဘဲ အကြမ်းနည်းနဲ့လုပ်လာတယ် ဥပမာ အာဏာသိမ်းပြီးအကြမ်းဖက်လာတဲ့အခါမှာ ကျွန်​တော်တို့က ဒါကတော့ စစ်ရေးအရ တန်ပြရမယ်ဆိုတာ စွဲစွဲမြဲမြဲရှိထားတယ်။ အဲဒါကြောင့်မို့လို့ အာဏာသိမ်းတာတင်မကဘူး တဖက်ကနေ အပစ်အခတ်ရပ်စဲရေး နေ့တိုင်းခေါ်တယ်ဆိုပေမယ့် လက်တွေ့နယ်ပယ်မှာ စစ်အင်အားတိုးချဲ့တာနဲ့ကျွန်​တော်တို့ဆီစစ်ချီလာတယ်ထိုးစစ် ဆင်လာတဲ့အပေါ်မှာ တောက်လျှောက် ပြန်ပြီး အဲဒီ ထိုးစစ်ကို ရိုက်ချိုးရတဲ့ အလုပ်နဲ့ပဲ များနေတယ်ဆိုတာ မျက်မြင်သက်သေပဲလေ။ အဲဒါကြောင့်မို့လို့ အာဏာသိမ်းပြီး ၂နှစ်ပြည့်သွားတာတောင် အသဲအသန် ထိုးစစ်ဆင်လာပေမယ့် ပြည်သူလူထု ထောက်ခံမှု အင်အားနဲ့ပဲ အဲဒီ ထိုးစစ်အတိုင်း ပြန်ပြီးတော့ ရိုက်ချိုးနိုင်တယ်ဆိုတာ သက်သေသာဓကပါပဲ။

​မေး-စစ်ကောင်စီက ဒီ ၂နှစ်တာ ကာလအတွင်း ပြည်သူလူထုအပေါ် အကြမ်းဖက်မှုမျိုးစုံလုပ်ခဲ့တဲ့အပေါ် အံ့ဩပါသလား။ ဒီလုပ်ရပ်တွေက ဘယ်လိုသက်ရောက်မှုတွေဖြစ်စေခဲ့သလဲ။

​ဖြေ-ကျွန်​တော်တို့မြင်တာကတော့ အဲဒီလို လုပ်လေလေ သူ့(စစ်​ကောင်စီ)အတွက် နွံနစ်လေလေ ဆိုတာကတော့ မသိဆိုးဝါးလှတယ်ဆိုတာပဲပြောချင်တယ်။ အဲဒီလိုလုပ်လေလေ နောက်ဆုံးတစ်နေ့မှာ သူက ကမ္ဘာ့စစ်ခုံရုံးတွေကို သူရှောင်ကွင်းလို့မရဘူးဆိုတာ ရိုးရိုးကြည့်မြင်တာနဲ့ပဲ လယ်ပြင်မှာ ဆင်သွားသလို ထင်ရှားနေတာ။ ဒါပေမဲ့အဲဒါကို သူတို့မရမကတဇွတ် ထိုး လုပ်ရင်းနဲ့ နစ်သထက်နစ်လာတယ်။ အခုဆိုရင် လူထုအပေါ် ဗုံးကြဲတာတွေက ဒါကတကယ့် စစ်ရာဇဝတ်မှုကြီးတွေပဲလေ။ လုံး၀မဆိုင်တဲ့ စစ်ဘက်ဆိုင်ရာ ပစ်မှတ်တွေမဟုတ်ဘဲနဲ့ အရပ်သားကို သပ်သပ် ရန်ရှာနေတဲ့ဟာက ဒါက တကယ့် စစ်ရာဇဝတ်မှုကို ကျူးလွန်ပြီးတော့ နောက်ဆုံး တစ်နေ့မှာ စစ်ခုံရုံးကို ဘယ်လိုမှ ပြေးလို့မလွတ်တော့ဘူးလေ။ ဒါပေမဲ့ သူကအဲဒါကိုဆထက်ထမ်းပိုးတိုးပြီး လုပ်ပြီးရင်းလုပ်ဆိုတာက ကျွန်​တော်တို့နားကိုမလည်နိုင်တော့ဘူး။ သူ့ဘက်က ပြန်ကြည့်လိုက်ရင်လည်း သူက မထူးဇာတ် ခင်းနေတဲ့အနေအထားမှာ မြင်နေရတယ်။ အတိုက်အခံ အထူးသဖြင့် ကျွန်​တော်တို့တော်လှန်ဆန့်ကျင်တဲ့ အင်အားစုတွေကို ဘယ်လိုမှ မဖြိုနိုင်တဲ့ နောက်မှာ သူက တခြားရွေးစရာမရှိတော့ဘူးလေ။ နိုင်ငံရေးအရရော စစ်ရေးအရရော သံတမန်ရေးအရရော အကုန်လုံးကျရှုံးနေတဲ့အချိန်မှာ သူက လူထုကို ဒုက္ခပေးတာပဲ။ ဒါကလည်း သူ့ကို သေတွင်းတူးနေတာဆိုတာ သူမသိတာလည်းမဟုတ်ဘူး ဒါပေမဲ့ မထူးဇာတ်ခင်းတယ်ဆိုတာ ဒါကိုပဲပြောတာဖြစ်ပါလိမ့်မယ်။

​မေး-NUG၊ NUCC အပါအဝင် တော်လှန်ရေးအင်အားစုတွေနဲ့ KNU ပူးပေါင်းဆောင်ရွက်မှု အခြေအနေတွေကို ​ပြောပြပေးပါလား ။

​ဖြေ-ပူးပေါင်းဆောင်ရွက်ရေးကတော့ စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာ အထူးသဖြင့် ကျနော်တို့ နယ်မြေကို ထွက်ပြေးလာတဲ့ သူတွေက မျိုးစုံရှိတဲ့အခါကျတော့အဲဒီမှာ အလွှာပေါင်းစုံ အသီးသီးကနေ ရောက်လာကြတယ်။လူငယ်တွေဆိုရင်လက်နက်ကိုင်ပြီးတိုက်ကြတယ်။ နိုင်ငံရေးသမားတွေ နိုင်ငံရေးအရ လုပ်ကြတယ်။ အဲဒီလို နဲ့ NUCC မှာ စုစည်းလာပြီး နိုင်ငံရေးအရ ပေါင်းစည်း လာတယ်။ လုပ်ဆောင်ရတယ်။ မူဝါဒအရ မတူကွဲပြားနေတဲ့ နောက်ခံသမိုင်းကြောင်းတွေအများကြီးရှိနေတဲ့အခါမှာ အဲဒီလို အဖွဲ့အစည်းတွေအများကြီး ရှိနေတဲ့အထဲမှာ အခက်အခဲတော့ရှိတာမှန်တယ်။ သို့သော်ငြားလည်း ဒါက တကယ့် ကျွန်​တော်တို့ တိုင်းပြည်မှာ မရှိဘူးခဲ့တဲ့ တွေ့ဆုံဆွေးနွေးမှုရဲ့ နေရာအခင်းအကျင်းတစ်ခုလို့ပဲ မှတ်ယူတယ်။ အဲဒါကြောင့်မို့လို့ ဘာပဲဖြစ်ဖြစ်အဲဒါကိုစိတ်ရှည်သည်းခံရတယ်။တခါတလေ ကြတော့လည်းဆုံးဖြတ်ချက်တစ်ခုကျဖို့အင်မတန်ခက်တယ် ။ဒီလို အထူးသဖြင့် အားလုံး သဘောတူညီမှ လုပ်ရမယ်ဆိုတဲ့ အနေအထားမျိုးဆိုတာကတော့ ခက်တယ်ဆိုပေမယ့် နောက်ဆုတ်လို့မရဘူး။ လုပ်နိုင်တဲ့အပိုင်းတွေ လုပ်သွားတယ်။ ဆိုတော့ အဲဒါကို လုပ်တယ်။ တစ်ဖက်ကနေ လုပ်စရာရှိတဲ့ တချို့ ကိစ္စတွေမှာကြတော့ ခပ်မြန်မြန်လေး လုပ်ရမယ့် အပိုင်းတွေရှိတော့ကျွန်​တော်တို့ နှစ်ဦးနှစ်ဖက်နားလည်မှုယူပြီးတော့ နိုင်ငံရေးကိစ္စမှာရော၊ စစ်ရေးကိစ္စမှာရော တွဲပြီး လုပ်ကြတာရှိတယ်။ ဥပမာ KNUနဲ့ NUGနဲ့ နှစ်ဖွဲ့တည်း တွေ့စရာရှိတွေ့ ခပ်မြန်မြန်လေးလုပ် စရာရှိလုပ် အဲဒါမျိုး လုပ်တဲ့ဟာမျိုးရှိတယ်။ တခြားအဖွဲ့တွေလည်း ထိုနည်းလည်းကောင်းပါပဲ။တခြားနယ်မြေနဲ့ ပတ်သက်ပြီး တခြားဒေသနဲ့ ပတ်သက်ပြီး အကုန်လုံး မှာ NUCCမှာ လုပ်တာထက် ကိုယ့်လိုအပ်တဲ့အပိုင်းတွေကို ဒီနေရာနဲ့ ပတ်သက်ပြီး ဒီနှစ်ဖွဲ့ သုံးဖွဲ့က အဓိက ကျတယ်ဆိုတဲ့အပိုင်းမှာ ကျွန်​တော်တို့ ဒီနည်းနဲ့ သွားတာပဲဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်​တော်တို့ ဆက်ပြီး ထိန်းသွားရမယ့်အပိုင်း ကိုင်တွယ်သွားရမယ့် အပိုင်းတွေဖြစ်တယ်။ ဒါက ကျွန်​တော်တို့ မြင်တာက အရှုံးမရှိပါဘူး ။အခက်အခဲတော့ရှိတာပေါ့ စိန်ခေါ်မှုတော့ ရှိတယ်ဆိုပေမယ့် ဒါရပ်ထားလို့မရဘူး ဆက်ပြီးတော့ ထိန်း

သိမ်းသွားရမယ် ဆက်ပြီးတော့ လုပ်ဆောင်သွားရမယ်။ အဲဒါကတော့ လက်ရှိ ရင်ဆိုင်နေရတဲ့ အခွင့်အလမ်းနဲ့ စိန်ခေါ်ချက်တွေပေါ့။

​မေး-စစ်ကောင်စီ အာဏာလုထားတာဟာ ၂နှစ်ပြည့်ပြီ။ ပြည်သူတစ်ရပ်လုံးကလည်း စစ်အာဏာရှင်ကို လက်မခံတာကို ဒီကာလအတွင်းပုံစံမျိုးစုံပြသခဲ့ပြီးပါပြီ ။ KNU ရဲ့ ဆယ်စုနှစ်များစွာ တော်လှန်ရေး အတွေ့အကြုံအရ တော်လှန်ရေး အောင်မြင်မယ်လို့ ယုံကြည်ပါသလား။

​ဖြေ-ကျွန်​တော်တို့ ဖြတ်သန်းခဲ့တဲ့အတွေ့အကြုံအရ လွန်ခဲ့တဲ့ ၇၆နှစ်အတွင်း ရုန်းကန်ခဲ့ရတဲ့ ကိုယ့်ပိုင်ပြဌာန်းခွင့်နဲ့ ဒီမိုကရေစီကို ကြိုးစားရုန်းကန်ကြရတဲ့အခါမှာ အခက်အခဲတစ်ခုက ကျွန်​တော်တို့ တိုင်းပြည်မှာ လူမျိုးကလည်းပေါင်းစုံ တယ်။ တစုနဲ့ တစုရဲ့ တွေးခေါ်မြှော်မြင်မှုက နောက်ခံ အကြောင်းအရင်းတွေ မတူကြတဲ့အခါမှာ တွေးခေါ်မြှော်မြင်မှုက မတူကြဘူး။ နောက်ပြီးတော့ သမိုင်းတလျှောက်လုံးမှာ တောက်လျှောက်ပဲ ဝါဒမိုင်းမိနေတာတွေအများကြီးရှိတယ်။ အဲဒါတွေကလည်းကျွန်​တော်တို့တော်လှန်ရေးတစ်ခုကို ကြန့်ကြာစေတယ်။ အဲဒါကြောင့်မို့လို့ အဓိကက ပြည်သူလူထု မပါဘဲနဲ့ တော်လှန်ရေးအောင်မြင်ဖို့ ဆိုတာ လွယ်လွယ်ကူကူနဲ့ မအောင်မြင်ဘူး မြန်လည်းမမြန်နိုင်ဘူး။လူထု အကုန်လုံး မပါသေးဘူးဆိုရင်တော့ ကြာမယ်ဆိုတာတော့ သေချာတယ်။ အဲဒါကြောင့်မို့လို့ ဒီနေ့၊ ဒီကာလမှာဖြစ်ပေါ်လာတဲ့ ၂၀၂၁ အာဏာသိမ်းမှုမှာ ပြည်သူလူထုရဲ့ နိုးကြားမှု ၊ ပြည်သူလူထု မျက်ဝါးထင်ထင် ရင်ဆိုင်နေရတဲ့ အခြေအနေတွေက တမဟုတ်ချင်း ပြောင်းလဲကုန်ပြီဗျာ။ အဲဒါကြောင့်မို့လို့ ကျွန်​တော်ပြောချင်တာက ဒီတော်လှန်ရေးဟာ နိုင်ကိုနိုင်တယ်။ အခက်အခဲ ရှိတယ်ဆိုတာကရှိတာပေါ့နော်။ ဒါပေမဲ့ ပြည်သူတွေ ဒီနေ့ခံစားနေရတဲ့ အခြေအနေက အရင်တုန်းကနဲ့ လုံး၀မတူဘူး။ ဗမာမဟုတ်တဲ့ တိုင်းရင်းသားဒေသမှာ ကြုံတွေ့ခဲ့ရတဲ့ ခါးသီးမှုတွေကဒီနေ့၊ဒီကာလမှာနေရာအနှံ့အပြား ဘယ်နေရာမဆို အတူတူပဲဖြစ်နေတယ်ဆိုတာ မျက်ဝါးထင်ထင် မြင်လာရတဲ့အခါမှာ ပြည်သူတစ်ရပ်လုံးက မပါဘဲ နေလို့မရတဲ့အနေအထားရောက်လာတယ်လေ။ အဲဒါကြောင့်မို့လို့ ကျွန်​တော်တို့ ယုံကြည်တာက ပြည်သူတစ်ရပ်လုံးက ဒါကို ရှင်းရှင်းလင်းလင်း မြင်ပြီးနားလည်ပြီး သဘောပေါက်ပြီး ဒီလိုခံယူချက်မျိုး ငါပါမှ ဖြစ်တော့မယ်ဆိုတဲ့ အနေအထားမျိုး ရောက်လာပြီဆိုရင် ဒီတော်လှန်ရေးက အောင်ကို အောင်မြင်မယ်လို့ ကျွန်​တော်ပြောရဲပါတယ်။

Public Service Announcement
Public Service Announcement

​မေး-မြန်မာ့နွေဦးတော်လှန်ရေးအပေါ် နိုင်ငံတကာရဲ့ ချဉ်းကပ်မှုတွေကို ဘယ်လိုမြင်သလဲ။ ဘာတွေတိုက်တွန်းလိုသလဲ။

​ဖြေ-နိုင်ငံတကာနဲ့ ပတ်သက်ပြီး အစတုန်းကတော့ အားမလိုအားမရမှုတွေ အများကြီးရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဆုံးဖြတ်ချက်တွေရော သဘောထားတွေရော ကြေညာချက်တွေရော စာနာချက်တွေရော ဒီဟာမျိုးတွေနဲ့ပဲ လုံးလည်ချာလည်လိုက်ပြီး လိုရင်းကို မရောက်တော့ဘူးဖြစ်နေတာ။ ဒါပေမဲ့ တစ်နှစ် နှစ်နှစ်အတွင်းမှာ ကျွန်​တော်တို့ မြင်လာတာကတော့ အထူးသဖြင့် ကမ္ဘာ့ကုလသမဂ္ဂမှာ ကျွန်​တော်တို့ဘက်ကကိုယ်စားလှယ်ကအတိအကျအခိုင်အမာရှိနေတယ်။ နှစ်နှစ်ဆက်တိုက် မကဘူး ရှေ့ဆိုရင်လည်းဒါလည်း အလားအလာ အများကြီး ရှိပါတယ်။ ဒုတိယ တစ်ချက်က အမေရိကန်က ပြဌာန်းလာတဲ့အမျိုးသားကာကွယ်ရေးဥပဒေလိုဟာမျိုးက ကျနော်တို့ အထူးသဖြင့် ရုန်းကန်တိုက်ပွဲ ဝင်နေရတဲ့အဖွဲ့တွေဖြစ်တဲ့ NUG၊ NUCC နောက်ပြီးတော့ PDF၊ CDM နဲ့ ကျနော်တို့ ERO အကုန်လုံး အဲဒါတွေက တရားဝင်ထည့်သွင်းလာတဲ့အခါကျတော့ ဒါမကြုံဖူးအောင် ဖြစ်လာတဲ့ ကျနော်တို့ သမိုင်းကြောင်းတစ်လျှောက်မှာတကယ့် အားအင်ပဲ။ ဒါက ကျနော်တို့ ဆက်တွန်းလို့ရတယ်။ နိုင်ငံတကာရဲ့ တုံ့ပြန်မှုက ဒါပဲ။ ကျွန်​တော်တို့ ယုံကြည်တာကတော့ အမေရိကန်က ဒီလိုပါလာပြီဆိုရင် ကျန်တဲ့အထူးသဖြင့် ဒီမိုကရေစီနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် ကို ထောက်ခံပါတယ် ၊အားပေးပါတယ်ဆိုတဲ့ ကျန်တဲ့နိုင်ငံတွေကလည်း ဘယ်လိုမှ မနေတော့ပါဘူး။ ဒါက လိုက်လာပါလိမ့်မယ်။ နောက်ဆုံးတစ်ချက် နိုင်ငံတကာရဲ့ အနေအထားကကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်ဆိုတာ နှစ် ၇၀အတွင်းမှာတစ်ခါမှ မရှိခဲ့ဖူးပါဘူး။ လုံခြုံရေးကောင်စီက ချတဲ့ ဆုံးဖြတ်ချက်တစ်ခုက အင်မတန်ပဲ စည်းနှောင်အားရှိတယ်။ စည်းနှောင်အားဆိုတာ ဘာကိုပြောတာလဲ လုပ်ကို လုပ်ရမယ့် အလုပဖြစ်တယ်။ ဒီအတိုင်း ပါးစပ်နဲ့ပြောပြီး ဆုံးဖြတ်ချက်တွေစာရွက်နဲ့ ထုတ်ပြီး တော့အဲဒါနဲ့ ပြီးသွားတာမဟုတ်ဘူး။ တကယ်အကောင်အထည်ဖော်ရမယ့်ဟာဆိုတာ ကျွန်​တော်တို့ နားလည်တယ်။ အဲဒါကြောင့်မို့လို့ ဒီကိစ္စမှာ စစ်ကောင်စီက ပေါ့ပျက်ပျက်ထင်ပြီးတော့ ဒါတွေက အလကားပါဆိုပြီး လုပ်သွားမယ်ဆိုရင်တော့ ဒါက ရင်ဆိုင်ရပါလိမ့်မယ်။ ဒါက နိုင်ငံတကာ ရဲ့ ရှင်းလင်းတဲ့ အနေအထားတစ်ခုကို မြင်လာနေရတာကို ပြောတာပါ။ ကျန်တဲ့အပိုင်းတွေအများကြီးရှိပါသေးတယ်။ ဒါက ဘယ်လိုပဲ ဖြစ်ဖြစ် လက်ရှိမှာ စစ်ကောင်စီ ပြုတ်ကျရေးအတွက် လုပ်ဖို့ လိုအပ်နေတဲ့အပိုင်းတွေက စစ်ရေးဘက်မှာ နေ့စဉ်နဲ့အမျှ ဗုံးကြဲသတ်ဖြတ်နေတဲ့ဟာ အထူးသဖြင့် ဘာနဲ့ တူသလဲဆိုရင် မြွေတစ်ကောင်ကို ခေါင်းဖြတ်ပစ်လိုက်ဖို့ လိုအပ်တယ်ဆိုတာ ကျွန်​တော်တို့က လုံးပမ်းနေတာ။ ဘာလဲဆိုတော့ ဒီစစ်လေယာဉ်ပျံတွေရဲ့လေယာဉ်ဆီကို ဖြတ်တောက်နိုင်ရေးပဲ။ အဲဒါက အခက်အခဲတော့အများကြီးရှိတယ်။ သို့သော်ငြားလည်းပဲ ကျွန်​တော်တို့ အချိတ်အဆက်တွေ ဒီထက်ပိုပြီးတော့ သက်ရောက်မှုရှိအောင် ထိရောက်မှု ပိုရှိအောင် ဆက်လုပ်သွားဖို့ရှိတယ်။ အဲဒါကနေ လေယာဉ်ဆီ ဖြတ်တောက်နိုင်ပြီဆိုရင် မြွေတစ်ကောင်ကို ခေါင်းဖြတ်လိုက်တာနဲ့အတူတူပဲ။ ဘာဖြစ်လို့လဲဆိုရင် ဘာကိုပဲ အားကိုးနေရလဲဆိုရင် ဒီနေ့ဒီကာလမှာ သူ့ရဲ့မြေပြင် တပ်တွေက မလှုပ်နိုင် မရှားနိုင် လုပ်ချင် ကိုင်ချင်စိတ် တော်တော်နည်းသွားပြီး ဒီလေကြောင်း အပေါ်မှာ လုံး၀ အားကိုးနေတဲ့ အနေအထား ဖြစ်လာတဲ့အခါ ဒီလေကြောင်းကို လုံး၀ ဖြတ်တောက်နိုင်ပြီဆိုရင် မြွေတစ်ကောင်ခေါင်းဖြတ်လိုက်တာနဲ့ အတူတူပဲ။

​မေး-အမေရိကန် NDAA ပြဌာန်းချက်နဲ့ ကုလလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်တွေ သက်ရောက်မှု ရှိတယ်ဆိုတော့အခုရော သူတို့ အမေရိကန်ရဲ့ အကူအညီတွေကစရနေပါပြီလား။

​​ဖြေ- အဲဒါက တော့ အမျိုးသားကာကွယ်ရေးတစ်ခုကို သမ္မတကိုယ်တိုင် လက်မှတ်ထိုးတာပဲ ရှိပါသေးတယ်။ အဲဒါ လုပ်သွားရမယ့် လုပ်ငန်းစဉ်တွေက ရှိပါသေးတယ်။ ဘယ်လိုချဉ်းကပ်မလဲ ဘယ်လိုပေးမလဲဆိုတာ သူတို့အထဲမှာ စပြီးတော့ ပြောနေကြတာပဲ ရှိပါသေးတယ်။ ဒါကလည်း အချိန်ကာလတစ်ခုလိုအပ်ပါလိမ့်မယ်။ အဲဒါ ဒီကြားကာလမှာ ဘာမှ သံသယရှိစရာ တွေဝေနေစရာ မလိုဘူး။ မရခင်စပ်ကြားမှာ ဆက်ပြီးတော့ တွန်းသွားမယ်။ ဘယ်နှစ်လကြာမလဲ တစ်နှစ်ကြာမလား အဲဒါတွေ ကျနော် သေချာပြောလို့မရဘူး ဒီအပိုင်းက ဆက်ကြိုးစားရမယ့်အပိုင်းဖြစ်တယ်။သက်ရောက်မှုက ရှိလာမှာ အသေအချာပဲ။ အခုဘာမှမရလာသေးတာတောင် ဒီလို ဥပဒေကြောင်းအရ အတိအကျ အခိုင်အမာ ဖြစ်လာပြီဆိုတော့ ဒါကတော့ သက်ရောက်မှု ဘယ်မှာ သွားရှိလဲဆို စစ်ကောင်စီ ဘက်မှာလုံး၀အရှိုက်ကို ထိုးလိုက်သလို ကျွန်​တော်တို့ချက်ချင်းသိတယ်။ ဘာဖြစ်လို့လဲဆိုရင်ဒီသတင်းစကားကိုသူ့တပ်ဘက်တွေလုံး၀လိုက်ပိတ်တယ်လို့ကြာတယ်။ ဒါပေမဲ့ သူ့တပ်ထဲက လူတွေကလည်း ဘယ်လိုပဲ ပိတ်ပိတ် ဒီသတင်းကို ရအောင်လိုက်ရှာနေတယ်ဆိုတာ ကျွန်​တော်တို့လည်း ပြန်ကြားနေရတယ်။ ဒါက သက်ရောက်မှုအများကြီးရှိတယ်။ ဒါတောင်မှဘာမှမကျလာသေးဘူးဘာမှမရောက်လာသေးဘူး ဒီအနေအထားမှာရှိတယ်။

(ဒုတိယပိုင်းဆက်လက်​ဖော်ပြပါမည်)