Connect with us

Hi, what are you looking for?

LuduNwayOo

မေးမြန်းခန်း

“တပ်ပေါင်းစုမှာကကျည်ဆံအလုံအလောက်မရှိလို့ တစ်ခြားအဖွဲ့တွေထံကနေကျည်ဆံချေးပီးအဲ့စခန်းကိုသိမ်းပိုက်ခဲ့ရတာဗျ”

ညောင်ပင်ကြီးရဲစခန်းသိမ်းတိုက်ပွဲမှာပါဝင်တိုက်ခိုက်ခဲ့တဲ့ပြည်ထောင်စုလွတ်မြောက်ရေးတပ်ဦး( ULF) မှတာဝန်ရှိသူကို People’s Spring ကဆက်သွယ်မေးမြန်းထားတာပါတယ်။

(​ညောင်ပင်ကြီးရဲစခန်းမှသိမ်းဆည်းရရှိခဲ့တဲ့လက်နက်ခဲယမ်း​တွေ။ဓါတ်ပုံ-NUG)
(​ညောင်ပင်ကြီးရဲစခန်းမှသိမ်းဆည်းရရှိခဲ့တဲ့လက်နက်ခဲယမ်း​တွေ။ဓါတ်ပုံ-NUG)

▪︎​ညောင်ပင်ကြီးရဲစခန်း စခန်းသိမ်းတိုက်ပွဲမှာပါဝင်ခဲ့တဲ့ပြည်ထောင်စုလွတ်မြောက်ရေးတပ်ဦးမှတာဝန်ရှိသူနဲ့​မေးမြန်းခန်း

စစ်ကောင်စီရဲ့ နမခ(အနောက်မြောက်တိုင်းစစ်ဌာနချုပ်)အခြေစိုက်ရာမုံရွာမြို့နဲ့ ချင်းတွင်းမြစ်သာခြားတဲ့ဆားလင်းကြီးမြို့နယ်ရှိ​ ညောင်ပင်ကြီးရဲစခန်းကို PDF​တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။ ရဲစခန်းဟာ မုံရွာနမခ အပြင်ကျောက်မျက်တောင် စစ်ကောင်စီတပ်စခန်း၊ လက်ပံတောင်းတောင် ဝမ်ပေါင်ကုမ္ပဏီနားကစစ်သား​တွေတပ်စွဲထားတဲ့နေရာ​တွေနဲ့ အနီးဆုံးမှာရှိတဲ့စခန်းဖြစ်ပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ အမှတ်(၁) စစ်ဒေသ ကွပ်ကဲမှုနဲ့ ယင်းမာပင်ခရိုင် တပ်ရင်း(၁)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ဆားလင်းကြီး-ပကဖ)နဲ့ Alpha (ဆားလင်းကြီး-ပကဖ) နဲ့​ဒေသခံကာကွယ်​ရေးတပ်ဖွဲ့​တွေကပူး​ပေါင်းတိုက်ခိုက်ခဲ့ကြတာဖြစ်ပါတယ်။ ညောင်ပင်ကြီးရဲစခန်းသိမ်းတိုက်ပွဲမှာပါဝင်တိုက်ခိုက်ခဲ့တဲ့ပြည်ထောင်စုလွတ်မြောက်ရေးတပ်ဦး( ULF) မှတာဝန်ရှိသူကို People’s Spring ကဆက်သွယ်မေးမြန်းထားတာပါတယ်။

မေး-စစ်ကောင်စီ တပ်တွေ တပ်စွဲထားတဲ့ နေရာနဲ့ အနီးစပ်ဆုံး ရှိနေတဲ့နေရာကို ဘယ်လိုတိုက်ခိုက်ခဲ့ကြတာပါလဲ။

ဖြေ- ညောင်ပင်ကြီး ရဲစခန်းရဲ့ အနောက်မှာက ကျောက်မျက်တောင်ပေါ်မှာ စကစ စခန်းရှိတယ်။ နောက်ပီး ရဲတပ်ရင်းလဲ ရှိတယ်။ နောက်ပီး ဝမ်ပေါင်ထဲမှာလဲ စကစရှိတယ်။ဒါပေမယ့် ညောင်ပင်ကြီးရဲစခန်းမှာ စခ အင်အားနည်းတဲ့အချိန် ဝင်သိမ်းခဲ့တာလို့ ပြောလို့ရတယ်။

Public Service Announcement

Public Service Announcement

မေး-ဒါဆို ဗျူဟာ ကျကျ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာလို့ ​ပြောလို့ရမလာ။

ဖြေ-ဟုတ်ပါတယ်။ညောင်းပင်ကြီးစခန်းက စခတွေရယ်၊နမခက စခတွေရယ် ဆားလင်းကြီးမြို့နယ်ကို စစ်ကြောင်းထိုးနေတာအခုဆိုရင်အဲ့စစ်ကြောင်းကပုလဲမြိုပေါ်ကို ရောက်သွားပီဗျ။စစ်ကြောင်းထိုးသွားတဲ့အချိန်မှာ ညောင်ပင်ကြီး ရဲစခန်းမှာ ၂၀ ဝန်းကျင်ပဲ ကျန်တယ်ဗျ။

မေး- အခုလိုစစ်ကောင်စီတပ်တွေ နဲ့ အနီးဆုံး ရဲစခန်းကို သိမ်းနိုင်ဖို့ ဘယ်လိုတွေ ကြိုပြင်ခဲ့ရလဲ။

ဖြေ -အဲ့စခန်းကို သိမ်းဖို့ အခုတစ်ခါကအများကြီးမပြင်ဆင်လိုက်ရပါဘူးဗျ။ ပြင်ဆင်ရတာဆိုလို့ အဲ့စခန်းတိုက်ဖို့ မဟာမိတ်အဖွဲ့တွေဆီကနေ ကျည်ဆံချေးတာ တစ်ခုဘဲ ပြင်ဆင်ခဲ့ရတယ်ဗျ။တပ်ပေါင်းစုမှာကကျည်ဆံအလုံအလောက်မရှိလို့ တစ်ခြားအဖွဲ့တွေထံကနေကျည်ဆံချေးပီးအဲ့စခန်းကို သိမ်းပိုက်ခဲ့ရတာဗျ။

မေး-စခန်းကို ဝင်သိမ်းနိုင်ဖို့ အချိန်ဘယ်လောက်ယူခဲ့ရလဲ။ပြီးတော့ ခဲယမ်းဘယ်လောက်သုံးခဲ့ရလဲဗျ။

ဖြေ- စခန်းကို အပြီးသတ် ဝင်သိမ်းပြီး မီးရှို့ နိုင်ခဲ့တာကတစ်နာရီလောက်ကြာတယ်။စုစုပေါင်း ခန့်မှန်း ကျည်ဆံက ၇,၀၀၀ နဲ့ RPG ၇ ဖူး ရယ် ၊ 79 မမ ကျည် ဖူး ၇၀ လောက် ကုန်ခဲ့တယ်။

မေး-စခန်းသိမ်းပြီး ပြန်ရခဲ့တဲ့ လက်နက်၊ခဲယမ်းကအ​ရေအတွက်က​ရော။ပြီးတော့ ဗိုလ်နဂါးအသိတွေကို အချုပ်ခန်းထဲက ကယ်နိုင်ခဲ့တယ်ဆိုတာရောရှင်းပြ​ပေးပါလား။

ဖြေ- MA-13 နှစ်လက်၊ G-3 (BA-63) ​လေးလက်၊ Shotgun တစ်လက်၊ 7.62 ကျည် (၂,၀၄၀) တောင့်၊ 5.56 ကျည်အတောင့် ၅၀ ၊ 9 MM ကျည် (၅၀၀) ၊ ၄၀ မမ ဗုံးသီး ၂၉ လုံး၊လက်ပစ်ဗုံး ၁၃ လုံးနဲ့ ငွေသားသိန်းတစ်ရာကျော် သိမ်းနိုင်ခဲ့တယ်။ဗိုလ်နဂါး အသိတွေ ရဲ‌စခန်းမှာ အချူပ်ကြနေတာ။စုစုပေါင်းနှစ်ယောက်ဗျ။ ဘယ်လို ဖမ်းခံထားရလဲ ဆိုတာ အသေးစိတ်မသိဘူး။ဒါပေမယ့် သူနဲ့ဆက်စပ်ရာကို ပြန်လွှဲ နိုင်ခဲ့တယ်။

မေး- တိုက်ပွဲအတွင်းရဲဘော်တစ်ဦးကျဆုံးခဲ့ပြီး ၊ဒဏ်ရာရတဲ့ရဲဘော်အချို့ရှိခဲ့တယ်လို့သိရတယ်။ စစ်ကောင်စီတပ်သားတွေလဲ အသေများတာ ထုတ်ပြန်ချက်ဗီဒီယို ဖိုင်မှတ်တမ်းတွေမှာတွေ့ရတယ်။အဲဒါနဲ့ပတ်သက်လို့ ပြောပြပေးပါဦး။

ဖြေ- ကျဆုံးရဲဘော်က ရဟတ်ယာဥ်က ပစ်တဲ့ ကျည်ဆံက ဝမ်းဗိုက်ထိမှန် ကျဆုံးခဲ့တာပါ။တပ်ပေါင်းစုက ရဲဘော်လေးဦး အသေးစားဒဏ်ရာရတယ်။နောက် ရဲသုံးဦးအရှင်မိခဲ့တယ်ဆိုတာ မဟုတ်ပါဘူး။ အကုန် လုံးကို ရှင်းပစ်နိုင်ခဲ့တာပါ။စုစုပေါင်း စစ်ကောင်စီတပ်သား(ရဲအပါအဝင်) ၁၂ ဦးက မြေပြင်သေဆုံးတယ်ဆိုတာ တပ်အပ်ပြောနိုင်ပါတယ်။

မေး-ဇွန် ၁၀ ရက်အထိ စစ်တပ်က ညောင်ပင်ကြီးရွာကို မီးတင်ရှို့နေတယ်လဲပြောတယ်။ပြီးတော့ စစ်ကောင်စီတပ်က အင်အား ဖြည့်ထားတယ်လို့လဲ သိရတယ်။ဒါနဲ့ပတ်သက်လို့နောက်ဆုံးအခြေအနေသိရသလောက်ဖြေကြားပေးပါလား၊

ဖြေ-မနေ့က ကျွန်တော်တို့အဖွဲ့ ရဲစခန်းသိမ်းပြီးတဲ့အချိန်မှာ မုံရွာကနေ စကစ တွေသင်္ဘောနှစ်စီး တပ်ကူ ကူးလာပြီး ညောင်ပင်ကြီး ရဲစခန်းနားက ရှိတဲ့အိမ်တွေကို မီးရှို့နေတာဗျ။ဒီနေ့(ဇွန် ၁၀)မနက်ခင်းထိပဲ။

မေး- အခုလိုစစ်ကောင်စီတပ်စွဲထားတဲ့စခန်းကိုသိမ်းနိုင်ခဲ့တဲ့အတွက် ပြည်သူတွေကိုဘယ်လိုသတင်းစကားပါးချင်လဲ။

ဖြေ- ရှေ့ကာလတွေမှာဒီထက်ပိုကောင်းတဲ့ဒါမှမဟုတ် တော်လှန်ရေးပန်းတိုင်လိုမျိုး တိုက်ပွဲတွေ ရှိလာမှာဆိုတာ ကျိန်းသေ ပြောနိုင်တယ်။ဒါကြောင့် ပြည်သူများကို ကျွန်တော်တို့ တပ်ပေါင်းစုအနေနဲ့ အခုလိုမျိုး စခန်းသိမ်းတိုက်ပွဲများ ဖော်ဆောင်နိုင်ဖို့ ကျည်ဆံတစ်တောင့်ဖို့ဖြစ်ဖြစ် နိုင်တဲ့အားလေးနဲ့ ဝိုင်းဝန်းကူညီပေးကြဖို့ မေတ္တာရပ်ခံအပ်ပါတယ်ဗျ။

ဆက်စပ်သတင်းများ

သတင်း

တိုက်ပွဲဖြစ်ပွားရာနေရာဘက် မြစ်ကြီးနား လေတပ်မှ တိုက်လေယာဉ်ဖြင့် တိုက်ခိုက်လာကြောင်း KIA သတင်းပြန်ကြားရေးက ဖော်ပြသည်။

သတင်း

စစ်ဆင်ရေးအတွင်း ပူးတွဲတပ်ဖွဲ့များဘက်မှ ရဲဘော်တချို့ဒဏ်ရရှိခဲ့ပြီး ရန်သူ့တပ်မှ အ ချို့ချေမှုန်းခံရကာ စစ်သုံ့ပန်းဦးအား လက် ရဖမ်းဆီးမိပြီး အချို့မှာ ကစင့်ကလျားထွက် ပြေးသွားကြကြောင်း KPLA က အသိပေးသည်။

သတင်း

တပ်မ ၃၃ လက်အောင်ခံဖြစ်သည့် ဝှေခါရွာမှ စစ်ကောင်စီတပ်စခန်းကုန်းကို KIAနှင့်KPDF ပူးပေါင်းတပ်ဖွဲ့က ဇန်နဝါရီလ ၁၈ ရက်နေ့မှစတင်တိုက်ခိုက်ခဲ့ပြီး ဇန်နဝါရီလ ၂၀ ရက်နေ့တွင် သိမ်းပိုက်နိုင်ခဲ့သည်။

သတင်း

၂၀၂၃နှစ်ကုန်ပိုင်းတွင် ပြည်သူ့တော်လှန်ရေးသည် အလှည့်အပြောင်း အမှတ်သို့ရောက်ရှိသွားခဲ့ရာ စစ်ရေးအရတော်လှန်ရေးအင်အားစုများအနေဖြင့် မဟာဗျုဟာခံစစ် အနေအထားမှ မဟာဗျုဟာထိုးစစ်အနေအထားသို့ ပြောင်းလဲဆင်နွှဲနိုင်ခဲ့သည်ဟု ဆိုသည်။