Connect with us

Hi, what are you looking for?

သတင်း

ညောင်ပင်ကြီးရဲစခန်းသိမ်းတိုက်ပွဲတွင် စခန်း၌ဖမ်းဆီးခံထားရ​​သော ဗိုလ်နဂါး၏မိတ်​ဆွေများကိုပါကယ်ထုတ်နိုင်ခဲ့

စခန်းသိမ်းတိုက်ပွဲတွင် စစ်သားနှင့်ရဲ အနည်းဆုံး ၁၀ ဦး​ကျော်​သေဆုံးပြီးG3 သေနတ် ၄လက်၊MA သေနတ် ၁လက်၊စက်လက် သေနတ် ၁လက်၊ ၇၉ သေနတ် ၁နှင့် လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရရှိခဲ့​ကြောင်းလည်းULF ပြန်ကြား​ရေးဌာနကထုတ်ပြန်သည်။

(​ညောင်ပင်ကြီးရဲစခန်းရှိစစ်​ကောင်စီ စစ်သားနှင့် ရဲများထံမှ ​တော်လှန်​ရေးအဖွဲ့များသိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများ။ ဓါတ်ပုံ-ULF)
(​ညောင်ပင်ကြီးရဲစခန်းရှိစစ်​ကောင်စီ စစ်သားနှင့် ရဲများထံမှ ​တော်လှန်​ရေးအဖွဲ့များသိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများ။ ဓါတ်ပုံ-ULF)

▪︎သိမ်းဆည်းရမိ​သောလက်နက်ခဲယမ်းပုံများပုံ ULFထုတ်ပြန်

ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးကျေးရွာ၊ ညောင်ပင်ကြီးရဲစခန်းသိမ်းတိုက်ပွဲတွင် စခန်း၌ ဖမ်းဆီးခံထားရ​​သောဗိုလ်နဂါး​၏ မိတ်​ဆွေများကိုပါ ကယ်တင်နိုင်ခဲ့​ကြောင်းသိရသည်။

​ညောင်ပင်ကြီးရဲစခန်းသိမ်းတိုက်ပွဲကို ယင်မာပင်ခရိုင် ကွပ်ကဲရေးအဖွဲ့နှင့် အတူပြည်ထောင်စုလွတ်မြောက်ရေးတပ်ဦး(ULF)နှင့် Buffalo People Defense Force(လွိုင်ကော်အခြေစိုက်)တို့က ခရိုင်ကွပ်ကဲရေး၏တွဲဖက်စီစဥ်ညွှန်ကြားခြင်းဖြင့် ဇွန်လ ၉ ရက်ညနေ ၅ နာရီခွဲတွင်ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

တစ်နာရီ​ကျော်ကြာတိုက်ပွဲအတွင်းစစ်သား ၁၀ဦးထက်မနည်းသေဆုံးပြီး စခန်းတစ်ခုလုံးကိုလည်း မီးရှို့ဖျက်ဆီးနိုင်ခဲ့ကာ စခန်းတွင်းဖမ်းဆီးခံထားရ​​သော ဗိုလ်နဂါး၏ မိတ်ဆွေများကိုလည်း ကယ်ထုတ်နိုင်သည်ဟု ပြည်ထောင်စုလွတ်မြောက်ရေးတပ်ဦး(ULF)ကထုတ်ပြန်သည်။

(​ညောင်ပင်ကြီးရဲစခန်းရှိစစ်​ကောင်စီ စစ်သားနှင့် ရဲများထံမှ ​တော်လှန်​ရေးအဖွဲ့များသိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများ။ ဓါတ်ပုံ-ULF)
(​ညောင်ပင်ကြီးရဲစခန်းရှိစစ်​ကောင်စီ စစ်သားနှင့် ရဲများထံမှ ​တော်လှန်​ရေးအဖွဲ့များသိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများ။ ဓါတ်ပုံ-ULF)

သို့​သော် ဗိုလ်နဂါး၏ မိတ်​ဆွေဘယ်နှစ်ဦးကို ကယ်တင်ခဲ့သည်ကိုမူ အ​သေးစိပ်ထုတ်ပြန်ထားခြင်းမရှိ​ပေ။​စစ်ကိုင်းတိုင်းပုလဲနယ်တွင် ဗိုလ်နဂါးက MRDA တပ်ကိုဖွဲ့စည်းတည်​ထောင်ထားသည်။

Public Service Announcement

Public Service Announcement

“စခန်းသိမ်းနိုင်ဖို့ နှစ်လလောက် လက်နက်၊ခဲယမ်း အပါအဝင် တိုက်ခိုက်ဖို့ ပြင်ဆင်ခဲ့တယ်။စခန်းသိမ်း နိုင်တာ တော့ ဝင်တိုက်ပြီး တစ်နာရီလောက်အကြာမှာပဲ သိမ်းနိုင်ခဲ့တာ”ဟု Buffalo PDF တာဝန်ရှိသူကလူထုနွေဦး သို့ပြောသည်။

ရဲစခန်းကိုမီးရှို့ပြီးချိန်တွင် စစ်ကောင်စီဘက်မှ တိုက်လေယာဥ်များဖြင့်လာ​ရောက်ပစ်ခတ်ခဲ့ပြီး မဟာမိတ်ရဲဘော်များထဲမှ တစ်ဦး ဝမ်းဗိုက်ကျည်ထိမှန်ပြီး နိုင်ငံအတွက် အသက်ပေးလှူသွားခဲ့ပြီး တပ်ပေါင်းစုထဲမှ ရဲဘော်ငါးဦးလည်း အသေးစား ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ​တော်လှန်​ရေးတပ်ဖွဲ့များက​ပြောသည်။

Public Service Announcement
Public Service Announcement

စခန်းသိမ်းတိုက်ပွဲတွင် စစ်သားနှင့်ရဲ အနည်းဆုံး ၁၀ ဦး​ကျော်​သေဆုံးပြီးG3 သေနတ် ၄လက်၊MA သေနတ် ၁လက်၊စက်လက် သေနတ် ၁လက်၊ ၇၉ သေနတ် ၁နှင့် လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရရှိခဲ့​ကြောင်းလည်းULF ပြန်ကြား​ရေးဌာနကထုတ်ပြန်သည်။

ညောင်ပင်ကြီး ရွာ အပါအဝင် အနီးတစ်ဝိုက်၌ စစ်ကောင်စီတပ်က အင်အား ရာဂဏန်းဖြင့်အင်အားဖြည့် တပ်စွဲပြီး ရဲစခန်းအနီးရှိ ဒေသခံပြည်သူများ၏နေအိမ်များကို မီးရှို့ နေသဖြင့် ပြည်သူ ထောင်နှင့်ချီ ထွက်ပြေးနေရသည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကာမိုင်းဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဒုတပ်ရင်းမှူး ၁ဦးကို စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် SNA ရဲ့ ဖမ်းဆီးခြင်းခံရမှုမဟုတ်ဘဲ သတင်းအမှားသာဖြစ်ကြောင်း KIA စစ်ဘက်တာဝန်ရှိသူက ပြောပါတယ်။

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။