Connect with us

Hi, what are you looking for?

သတင်း

သေဘောဘိုး စခန်း သိမ်းတိုက်ပွဲ ပြင်းထန်နေ

ကရင်ပြည်နယ် ၊ မြဝတီတောင်ဘက် ၊ဒေါနတောင်အရှေ့ခြမ်း ထိုင်း – မြန်မာ နယ်စပ်နားက စစ်ကောင်စီတပ်ရဲ့ သေဘောဘိုး တပ်စခန်း ကို KNU နဲ့ ပူးပေါင်း တပ်က ထိုးစစ်ဆင်ရာမှာ တိုက်ပွဲပြင်းထန်နေပြီး ထိုင်းဘက်ဆီ အရပ်သား ၃၀၀ နီးပါး ထွက်ပြေးတိမ်းရှောင်လာကြတယ်လို့ ထိုင်းနယ်စပ်ရင်းမြစ်တွေက ဖော်ပြပါတယ်။

မေ – ၂၇ ၊၂၀၂၅ ၊နိုင်ပကောင်း/People’s Spring

ကရင်ပြည်နယ် ၊ မြဝတီတောင်ဘက် ၊ဒေါနတောင်အရှေ့ခြမ်း ထိုင်း – မြန်မာ နယ်စပ်နားက စစ်ကောင်စီတပ်ရဲ့ သေဘောဘိုး တပ်စခန်း ကို KNU နဲ့ ပူးပေါင်း တပ်က ထိုးစစ်ဆင်ရာမှာ တိုက်ပွဲပြင်းထန်နေပြီး ထိုင်းဘက်ဆီ အရပ်သား ၃၀၀ နီးပါး ထွက်ပြေးတိမ်းရှောင်လာကြတယ်လို့ ထိုင်းနယ်စပ်ရင်းမြစ်တွေက ဖော်ပြပါတယ်။

ဒီနေ့ (မေလ ၂၇ ရက်)မှာ မြဝတီ – ဝေါ်လေလမ်းပိုင်းက သေဘောဘိုး တပ်စခန်းကို KNU နဲ့ ပူးပေါင်းတပ်က ဒရုန်းတွေ​၊ လက်နက်ကြီးတွေသုံးပြီး ပစ်ခတ်တိုက်ခိုက်တာလို့သိရပါတယ်။

တစ်နေ့လုံးနီးပါး အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားနေပြီး မြန်မာဘက်က အရပ်သား ပြည်သူ ၂၉၀ ဦး ထိုင်းဘက်ကို ထွက်ပြေးလာကြတယ်လို့ ထိုင်းနယ်စပ်ရင်းမြစ်က အသိပေးထားပါတယ်။

Public Service Announcement

Public Service Announcement

တိုက်ပွဲ အခြေအနေနဲ့ပတ်သက်ပြီး KNU ရဲ့ ကော့ကရိတ်မြို့နယ် အုပ်ချုပ်ရေး ပိုင်း ဥက္ကဋ္ဌ ပဒိုစောဖားတရာက “ပစ်နေကြတုန်းပဲလို့ကြားတယ်” လို့ ပြောပါတယ်။

KNU ရဲ့ အုပ်ချုပ်ရေးနယ်မြေသတ်မှတ်ပုံအရ ဘလက်ဒို တပ်စခန်းတည်ရှိတဲ့ ဝေါ်လေမြို့ဟာ ဒူပလာယာခရိုင် ၊ ကော့ကရိတ်မြို့နယ်ထဲမှာ ပါဝင်တယ်လို့သိရပါတယ်။

ဝေါ်လေဒေသတွင်း သတင်းရင်းမြစ်တစ်ဦးကတော့ သေဘောဘိုးရွာနဲ့ တောင်နီရွာကြားမှာ နှစ်ဖက် တိုက်ပွဲ ပြင်းထန်နေတယ်လို့ အသိပေးပါတယ်။

လက်ရှိတိုက်ခိုက်နေတဲ့ သေဘောဘိုး တပ်စခန်းကို ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် မေလမှာ KNU နဲ့ ပူးပေါင်းတပ်က တိုက်ယူဖူးပါတယ်။

ဒါပေမယ့် စစ်ကောင်စီတပ်က နယ်စပ်ခြေကုပ်စခန်းကိုလက်လွှတ်မခံလိုတာကြောင့်အလုံးအရင်းနဲ့ တန်ပြန်ထိုးစစ်ဆင်ရာမှာ KNU က ပြန်လည်လက်လွှတ်ပေးခဲ့ရတာပါ။

ပြီးခဲ့တဲ့ ရက်ပိုင်း မေလ ၂၃ ရက်ကတော့ သေဘောဘိုး တပ်စခန်း နားက ဘလက်ဒို တပ်စခန်းကို KNU က တိုက်ယူထားပါတယ်။

ဘလက်ဒိုစခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိုင်းဘက်ကကိုထွက်ပြေးရသလို လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရမိတယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

KNU ဟာ ထိုင်း – မြန်မာ နယ်စပ်တလျှာက်မှာရှိတဲ့ တပ်မဟာ (၇) စစ်ရေးလှုပ်ရှားရာ နယ်မြေထဲက စစ်ကောင်စီတပ်စခန်းအားလုံးနီးပါးကိုတိုက် ခိုက် သိမ်းယူပြီးနောက် တပ်မဟာ ( ၆) ဘက်က နယ်စပ်စခန်းတွေကို ဆက်လက်တိုက်ခိုက်လာတာတွေ့ရပါတယ်။

ဘလက်ဒို စခန်း ကျသွားပေမယ့် KNU တပ်မဟာ (၆) စစ်ရေးလှုပ်ရှားရာနယ်မြေ မြဝတီမြို့ တောင်ဘက်ခြမ်း ၊ဝေါ်လေဒေသမှာ စစ်ကောင်စီတပ်ရဲ့ တပ်စခန်းတွေအနေနဲ့ ဝေါ်လေဗျုဟာ ၊သေဘောဘိုး ၊ ဝါးမီထ ၊ ဥကရစ်ထ၊ ကနဲလေး၊ မော်ခီး တပ်စခန်းတွေ ကျန်ရှိနေပါတယ်။

စစ်ကောင်စီတပ်ဘက်ကတော့ ထိုင်းနယ်စပ်တလျှောက်မှာ တပ်စွဲထားတဲ့ တပ်စခန်းတွေ တိုက်ခိုက်ခံရတာနဲ့ပတ်သက်ပြီး သတင်းထုတ်ပြန်တာမရှိပါဘူး။

မြန်မာဘက်က တိုက်ပွဲတွေကြောင့် ထိုင်းစစ်တပ်ကလည်းနယ်စပ်တလျောက် တပ်ဖြန့်ထားပြီး အခြေအနေကို အနီးကပ်စောင့်ကြည့်နေရတယ်လို့ ထိုင်းမီဒီယာတွေက ဖော်ပြထားကြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၇) ဘားအံ(ဖားအံ)ခရိုင်အတွင်းရှိ ကြယ်ပြောင်ကုန်း စစ်ကောင်စီတပ်စခန်းက သိမ်းပိုက်ရရှိခဲ့တဲ့ လက်နက်ခဲယမ်း မှတ်တမ်းဓာတ်ပုံနဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးမှု အခြေအနေတွေကို KNU ဗဟိုက ထုတ်ပြန်လိုက်ပါတယ်။

သတင်း

မြန်မာဖက်ခြမ်းက အွန်လိုင်း ငွေလိမ်ဂိုဏ်း (ကျားဖြန့်)တွေ အခြေစိုက်ရာ KK Park အထူးစီးပွားရေး ဇုန်ကနေ ထွက်ပြေးလာသူတွေကြောင့် နယ်စပ်ကို တင်းတင်းကျပ်ကျပ် စောင့်ကြည့်နေကြောင်း ထိုင်းစစ်တပ်က ပြောပါတယ်။

သတင်း

ထိုင်း - မြန်မာ ကုန်သွယ်ရေးအာရှလမ်းမကြီးမှာစစ်ရေးအရ အရေးပါတဲ့ သင်္ဃန်းညီနောင်ဒေသကို ပြန်လည်ထိန်းချုပ်နိုင်သွားတဲ့ စစ်ကောင်စီတပ်ဟာ လက်လွှတ်ဆုံးရှုံးထားရတဲ့တပ်စခန်းတွေရှိရာမြဝတီမြို့တောင်ဘက်ခြမ်းဆီ စစ်ကြောင်းထိုးဖို့ စုဖွဲ့ ပြင်ဆင်မှု ပြုလုပ်နေတယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်။

သတင်း

ထိုင်းအာဏာပိုင်တွေရဲ့ အင်တာနက် ဖြတ်တောက် ပိတ်ဆို့မှုတွေကို ကျော်လွှားဖို့အတွက် မြန်မာနိုင်ငံဖက်ခြမ်း၊ နယ်စပ်အခြေစိုက် ကျားဖြန့် အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေဟာ Starlink ဂြိုဟ်တု အင်တာနက် စနစ်ကို ပြောင်းလဲ အသုံးပြုလာနေကြောင်း သိရပါတယ်။