Connect with us

Hi, what are you looking for?

မေးမြန်းခန်း

သွား​ရောက်ကူညီသူတွေအနေနဲ့ ငလျင်ဘေးကြုံခဲ့ရသူတွေကို သာမာန်လှူဒါန်းခြင်းမျိုး၊ကျန်းမာရေးစောင့်ရှောက်မှုမျိုး လုပ်ဆောင်ပေးတဲ့အပြင် နွေးနွေးထွေးထွေး ဆက်ဆံပေးတာမျိုး၊ အားပေးစကားပြောတာမျိုးတွေကိုပါ လုပ်ဆောင်ပေးဖို့ တိုက်တွန်းလိုပါတယ်”

ဖျက်အားပြင်း​မြေငလျင်ဒဏ်ဆိုးဝါးစွာရွာခံခဲ့ရတဲ့​ မန္တလေးမြို့မှာ ငလျင်သင့်ပြည်သူ​တွေကို ကျန်းမာရေးစောင့်ရှောက်မှု ပေးနေတဲ့ CDM ဆရာဝန်တစ်ဦးကို People’s Spring ကဧပြီ ၂ ရက်​နေ့မှာ ဆက်သွယ်​မေးမြန်းထားပါတယ်။

■မန္တ​လေးမှာငလျင်သင့်ပြည်သူ​တွေကို ကုသပေး​နေတဲ့ဒေါက်တာ ရဲဝေနဲ့​ မေးမြန်းခန်း

ဖျက်အားပြင်း​မြေငလျင်ဒဏ်ဆိုးဝါးစွာရွာခံခဲ့ရတဲ့​ မန္တလေးမြို့မှာ ငလျင်သင့်ပြည်သူ​တွေကို ကျန်းမာရေးစောင့်ရှောက်မှု ပေးနေတဲ့ CDM ဆရာဝန်တစ်ဦးကို People’s Spring ကဧပြီ ၂ ရက်​နေ့မှာ ဆက်သွယ်​မေးမြန်းထားပါတယ်။ ဆရာဝန်ရဲ့ လုံခြုံ​ရေး​ကြောင့် အမည်ကို​ လွှဲထားတာဖြစ်ပါတယ်။

​မေးမြန်း-သုည/People’s Spring

မေး – မန္တလေးက ငလျင်ဒဏ်ခံနေရတဲ့နေရာတွေမှာ ဆရာတို့အနေနဲ့ ကျန်းမာရေးစောင့်ရှောက်မှုကို ဘယ်လိုကူညီပေးနေလဲ။

Public Service Announcement

Public Service Announcement

ဖြေ – ကျွန်တော်က ငလျင်ဖြစ်ပြီး ၂ ရက်အကြာ ၃၀ ရက်နေ့မှ မန္တလေးကို ကူညီကယ်ဆယ်ရေးအဖွဲ့တွေနဲ့ လိုက်လာတာပါ။ အဓိကက ကျန်းမာရေးနဲ့ ပတ်သက်တာကို ဘာများကူညီပေးနိုင်မလဲ ဆိုတဲ့ စိတ်နဲ့ ရောက်လာတာပါ။ လက်ရှိမှာတော့ အရိုးကျိုးတာ၊ ထိခိုက်ရှနာနဲ့ ဦးခေါင်းဒဏ်ရာတွေကို စိတ်ချရတဲ့ ဆေးရုံ၊ ဆေးခန်း မရောက်ခင်စပ်ကြား ကျွန်တော်တို့က ကူညီပေးနေတာပါ။ နောက်ပြီး မသန့်ရှင်းတဲ့ ဖုန်မှုန့်တွေကြောင့် ဒဏ်ရာကို အနာပိုးဝင်တာမျိုး မဖြစ်အောင်လည်း လုပ်ဆောင်ပေးရပါတယ်။ ဒါပေမယ့်လည်း လိုအပ်တဲ့ ဆေးဝါး အပြည့်အစုံကတော့ ဆေးရုံတွေမှာပဲရနိုင်တဲ့အတွက် ဆေးရုံမပို့နိုင်ခင်စပ်ကြား ကျွန်တော်တို့ အကောင်းဆုံး ကူညီလုပ်ဆောင်ပေးနေပါတယ်။ ကူညီကယ်ဆယ်ရေးဝန်ထမ်းတွေကို ထိခိုက်မိတာမျိုး ရှိခဲ့ရင်လည်း ချက်ချင်းကုသမှုတွေ ဆောင်ရွက်ပေးနေပါတယ်။

မေး – ဒီလိုပြင်းထန်တဲ့ ငလျင်ဒဏ်ခံစားရတဲ့ နေရာတွေမှာ ဖြစ်ပေါ်လာနိုင်တဲ့ ရောဂါအခြေအနေတွေ အကြောင်းကိုလည်း ပြောပြပေးပါဦး ဆရာ။

ဖြေ – ဒီအပိုင်းမှာ ပြောရမယ် ဆိုရင် နှစ်ချက် ရှိပါတယ်။ ပထမအချက်က ထိခိုက်ဒဏ်ရာနဲ့ ရောဂါ၊ ဒုတိယအချက်က ကူးစက်ရောဂါ တွေပါ။ ပထမအချက်က ကျွန်တော်ခုနက ပြောခဲ့သလို ထိခိုက်ဒဏ်ရာတွေကို ဒီအချိန်မှာ ကြီးကြီးသေးသေး မပေါ့ဆသင့်ပါဘူး။ လက်ရှိမှာ မန္တလေးမြို့က ငလျင်ကြောင့် အခြေခံအဆောက်အဦးတွေ ပျက်စီးနေတယ်။ ဖုန်မှုန့်တွေ အများစု လေထဲမှာ ပျံ့လွှင့်နေသလို ရောဂါပိုးတွေလည်း ပျံ့နှံ့နေနိုင်ပါတယ်။ ဒါ့ကြောင့် ထိခိုက်မှု ဖြစ်ခဲ့တယ် ဆိုရင်လည်း ကိုယ့်ရဲ့ အနာကို သန့်ရှင်းအောင် အရက်ပြန်နဲ့ ဆေးကြောမယ်။ သွေးထွက်မလွန်အောင် ရှေးဦးသူနာပြုနည်းနဲ့ လုပ်ဆောင်မယ်။ စိတ်ချရတဲ့ ဆေးရုံ၊ ဆေးခန်းတွေက ပြသပြီး ခန္ဓာကိုယ် ကျန်းမာရေး စစ်ဆေးမှုကို လုပ်ကို လုပ်ဆောင်သင့်ပါတယ်။ ဒါမှလည်း အရိုးကျိုးသွားသလား၊ ကြွက်သားပျက်စီးတာမျိုး ရှိသွားလား ဆိုတာကို တိတိပပ သိရပြီး ကုသမှု လုပ်ဆောင်နိုင်မှာပဲ ဖြစ်ပါတယ်။ ဒီအချက်မှာ ကယ်ဆယ်ရေးဝန်ထမ်းတွေနဲ့လည်း သက်ဆိုင်ပါတယ်။ ကိုယ်က ကယ်ဆယ်နေတာပဲ ဆိုတဲ့စိတ်နဲ့ ထိခိုက်ဒဏ်ရာ ရခဲ့ရင် မပေါ့ဆသင့်ဘူး။ ကိုယ် ကိုယ်တိုင် ကျန်းမာရေးကောင်းနေမှ သူတစ်ပါးကိုလည်း ကယ်ဆယ်နိုင်မှာပဲ ဖြစ်ပါတယ်။

ဒုတိယအချက်ကတော့ ကူးစက်ရောဂါပါ။ အခုက ငလျင်ဒဏ်ကြောင့် အဆောက်အဦးတွေ ပျက်ဆီးသွားလို့ လေထုက မသန့်ရှင်းတော့ဘူး။ သန့်ရှင်းတဲ့ရေ နည်းပါးလာတယ်။ စိတ်ချရတဲ့ အစားအစာရရှိမှု ခက်ခဲလာမယ်။ ကျန်းမာရေးစောင့်ရှောက်မှုတွေ လက်လှမ်းမမီဘူး။ မနိုင်ဘူး။ ဒါတွေကြုံနေရတယ်။ ဒါတွေဖြစ်လာတဲ့အခါ ဘယ်လိုမျိုး ကူးစက်ရောဂါ ကြုံနိုင်မလဲ ဆိုတော့ ဝမ်းပျက်ဝမ်းလျောရောဂါ (ဥပမာ – ကာလဝမ်းရောဂါလိုမျိုး၊ အူရောင်ငန်းဖျားလိုမျိုး) ကို မသန့်ရှင်းတဲ့ရေ၊ အစားအစာတွေကနေ တဆင့် ကူးစက်လာနိုင်တယ်။ နောက်ပြီး အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါတွေ ဆိုရင်လည်း (ဥပမာ- တီဘီ၊ အအေးမိတာနဲ့ ကိုဗစ်လိုမျိုး) ကိုယ်ရှောင်နေရတဲ့ နေရာမှာ လူနေထူထပ်တာမျိုးတွေကြောင့် ဖြစ်လာနိုင်ပါတယ်။ ရေနဲ့ ဆိုင်တဲ့ ရောဂါ ဆိုရင်လည်း ငလျင်ကြောင့် ပြိုပျက်ထားတဲ့ နေရာတွေကနေ အနီးအနား ရေမြောင်းတွေကို စီးဆင်းသွားနိုင်တယ်။

ဒီလို ရေဆိုးရေညစ်တွေကနေ ခြင်ပေါက်ဖွားတာမျိုး၊ ကြွက်တွေရှိလာတာမျိုးတွေ ဖြစ်လာနိုင်တဲ့အတွက် သွေးလွန်တုပ်ကွေးလိုမျိုး၊ လက်ပ်တိုစပိုင်ရိုးစစ်လို တုပ်ကွေးရောဂါမျိုးတွေ ကူးစက်ပြန့်ပွားလာနိုင်ပါတယ်။

မေး – ငလျင်ဒဏ်ခံရတဲ့ ပြည်သူတွေအနေနဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေရော ဖြစ်လာနိုင်လား ဆရာ။

ဖြေ – သေချာတာပေါ့။ သေချာပေါက် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုကို ကြုံနိုင်တာပေါ့ဗျာ။ PSTD လို့ ခေါ်တဲ့ (Post Traumatic Stress Disorder) ငလျင်ကြောင့် စိတ်ဒဏ်ရာရခြင်းက သေချာပေါက် ဖြစ်နိုင်ပါတယ်။ ကိုယ့်မိသားစု၊ ကိုယ့်အိမ်၊ ကိုယ့်ပိုင်ဆိုင်မှု စတာတွေကို ဆုံးရှုံးလိုက်ရတဲ့အတွက် စိုးရိမ်ပူပန်မှုနဲ့ စိတ်ကျရောဂါတွေ ဖြစ်လာနိုင်ပါတယ်။ ဒါ့ကြောင့် သွားရောက်ကူညီသူတွေအနေနဲ့ ငလျင်ဘေးကြုံခဲ့ရသူတွေကို သာမာန်လှူဒါန်းခြင်းမျိုး၊ကျန်းမာရေးစောင့်ရှောက်မှုမျိုး လုပ်ဆောင်ပေးတဲ့အပြင် နွေးနွေးထွေးထွေး ဆက်ဆံပေးတာမျိုး၊ အားပေးစကားပြောတာမျိုးတွေကိုပါ လုပ်ဆောင်ပေးဖို့ တိုက်တွန်းလိုပါတယ်။

မေး -ကူးစက်ရောဂါတွေ မဖြစ်အောင် ဘယ်လိုကြိုတင်ကာကွယ်သင့်လဲ။

ဖြေ – ကူးစက်ရောဂါတွေ မဖြစ်အောင်လို့ အခုလက်ရှိမှာ သန့်ရှင်းတဲ့ရေကို ဦးစားပေးသောက်သုံးပါ။ ရေသန့်ဘူး ဝယ်သောက်မှ မဟုတ်ပါဘူး။ ရေကို ကြိုချက်ပြီး သောက်လို့ရပါတယ်။ ရေကို ကြိုချက်သောက်ပါ။ ရေသန့်ဘူးကြီးတွေ ဝယ်သောက်မယ် ဆိုရင်လည်း ရေသန့်စင်ဆေးပြားမျိုးတွေ ထည့်ပြီးမှ သောက်သုံးပါ။ လက်ကို ဆပ်ပြာနဲ့ မကြာခဏ ဆေးကြောပါ။ ထိခိုက်ရှနာတွေ ဖြစ်ခဲ့ရင်လည်း အနာကို သေချာပိုးသတ်ပါ။ သန့်ရှင်းစွာထားပါ။ လိုအပ်တဲ့ ကုသမှု ခံယူပါ။ နောက်ပြီး ဒီကာလမှာ ခြင်ကိုက် မခံရအောင် ကာကွယ်ပါ။ ခြင်ထောင်တွေ ခြင်ဆေးတွေ အသုံးပြုပါ။ အစားအစာတွေကို သန့်သန့်ရှင်းရှင်း ထားပြီးမှ စားပါ။ အမှိုက်တွေကို စနစ်တကျ လွှင့်ပစ်ပါ။ ရေမြောင်းတွေကို ရေစီးရေလာ ကောင်းအောင် သန့်ရှင်းပေးပါ။ အမှိုက်သရိုက်တွေ ရေမြောင်းထဲ မလွှင့်ပစ်ပါနဲ့။ စိတ်ဒဏ်ရာရရှိခဲ့တဲ့ သူတွေနဲ့ ကြုံခဲ့ရင်လည်း တစ်ဦးထဲ ပစ်ပယ်မထားပါနဲ့။ ပတ်ဝန်းကျင်နဲ့ နွေးနွေးထွေးထွေး ဆက်ဆံပေးပါ။ စိတ်ခွန်အားပေးပါ။ လိုအပ်ရင် စိတ်ကျန်းမာရေး ကုသမှု ခံယူပါ။ အထူးသဖြင့် ကလေးငယ်တွေ၊ သက်ကြီးရွယ်အိုတွေနဲ့ နာတာရှည်ရောဂါသည်တွေကို ဒီအချိန်မှာ ဦးစားပေးစောင့်ရှောက်ပေးပါလို့ ပြောချင်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ငလျင်ဒဏ်သင့် မန္တလေး မြို့က သုသာန်တွေမှာ မီးသင်္ဂြိုဟ်ခ ဟာ ယခင်ကထက် ထက်ဝက် ဈေးတက်သွားတယ်လို့ လူမှုကူညီရေးအသင်းအချို့ဆီကသိရပါတယ်။

နိုင်ငံတကာ

ငလျင်ကြောင့် ပြိုကျခဲ့တဲ့ ဆောက်လုပ်ဆဲ အထပ်မြင့်တိုက် စီမံကိန်းနဲ့ ဆက်စပ်တဲ့ တရုတ် ကုမ္ပဏီ အမှုဆောင် တစ်ဦးကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးလိုက်ပါတယ်။

ဆောင်းပါး

မန္တလေးမြို့ပေါ်ရှိ ပြိုပျက်နေသော အဆောက်အဦးများအောက်က လမ်းမပေါ်တွင် ရွှေရင်အေး၊ မုန့်လက်ဆောင် တွန်းလှည်းလေးတစီးသည် တရွေ့ရွေ့ဖြတ်သန်းလာသည်။ စျေးသည် အမျိုးသမီးသည် အပြိုအပျက်လွတ်ရာတနေရာရောက်တော့ လှည်းကိုခေတ္တရပ်ရင်း မုန့်လက်ဆောင်တခွက် ဖျော်သောက်ရင်း သူ့ဝမ်းသူပြန်ဖြည့်နေသည်။ "စျေးက မရောင်းရသေးဘူး"ဟု သူက စိတ်မသက်မသာပြောပြသည်။

သတင်း

ငလျင်လှုပ်ခတ်ပြီးနောက် စစ်ကိုင်းမြို့နယ်၊ ခိုတောင်ရွာမှာ ရေတွင်းရေတိုင်တွေ ရေမထွက်တော့လို့ သောက်ရေ အခက်အခဲရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။