News မုံရွာ-အရာတော်လမ်းကို ပြည်သူများအသုံးမပြုရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များသတိ့ပေး၊ စစ်ကိုင်းတိုင်းရှိလမ်းအများစုနှင့်ပတ်သပ်၍လည်းပြည်သူကိုအသိ့ပေး အလားတူ စစ်ရေး အခြေအနေအရ ကလေး -ဂန့်ဂေါ လမ်းပိုင်းကို ယနေ့(အောက်တိုဘာ ၂၂ ရက်)ကစ၍ ရက်သတ္တပတ် အတွင်း မော်တော်ယာဥ်များ ဖြတ်သန်းသွားလာခြင်းမပြုရန် PDF Kalay ကလည်းထုတ်ပြန်ထားသည်။ LuduNwayOoအောက်တိုဘာ 22, 2021
News ထားဝယ်ခရိုင်ကောင်စီအဖွဲ့ဝင် ဦးညီညီအောင် သေနတ်ဖြင့် ပစ်ခံရ ခရိုင်ကောင်စီဝင် ဦးညီညီအောင်အား ထားဝယ်မြို့ တလိုင်းထိန်ရပ်ကွက်၊ တရုတ်တန်းလမ်းရှိ လမင်းဟန်လက်ဖက်ရည်ဆိုင်ရှေ့တွင် နံနက်၈ နာရီခန့်က ပစ်ခံရခြင်းဖြစ်သည်။ LuduNwayOoအောက်တိုဘာ 22, 2021
News စစ်တပ်က စစ်မြေပြင်တွင်ယခင်က တပ်သားအလောင်းနှင့်လက်နက်ကျန်ခဲ့မှုအလွန်ရှားဟုMNDAAပြော၊ သိမ်းဆည်းရမိသောလက်နက်များထုတ်ပြန် အောက်တိုဘာ ၁၉ရက်တွင် MNDAAနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား ၄၀ခန့်ဖြင့် တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှအထိနာ၍ ထွက်ပြေးခဲ့ပြီး ၊စစ်မြေပြင်၌ အလောင်း ၁၈လောင်းကျန်ရစ်ကာ MNDAA ဘက်မှ လက်နက်ခဲယမ်းအချို့ကို သိမ်းပိုက်ရရှိခဲ့ကြောင်း ဖော်ပြခဲ့သည်။ LuduNwayOoအောက်တိုဘာ 22, 2021
News အရာတော်မြို့နယ်မှ ဒေသခံကာကွယ်ရေးတပ်စခန်းကို စစ်ကောင်စီတပ်ဝင်စီး ၊ ပြည်သူ့တပ်ဖွဲ့ဝင်များ ထိခိုက် ဖမ်းဆီးခံရမှုမရှိ ထို့အပြင် Monywa Ranger တပ်စခန်းကိုလည်း ယနေ့မနက်တွင်ပင် ဝင်ရောက်စီးနင်းခြင်းခံရပြီး ပစ္စည်းအချို့ဖျက်ဆီးခံရကြောင်း သတင်းထွက်ပေါ်နေသော်လည်း People's Springက သီးခြားအတည်မပြုနိုင်သေးပေ။ LuduNwayOoအောက်တိုဘာ 22, 2021
News စစ်ကောင်စီတပ် အင်အားတိုးချလာ၍စစ်ဖြစ်လျှင်အမြန်တိမ်းရှောင်ရန် ထီးချိုင့်PDF သတိပေး စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အင်အားတိုးမြှင့်နေသည့် အကြမ်းဖက်စစ်ကောင်စီတပ်သည်ထီးချိုင့်တွင်လည်း စစ်အင်အားအများအပြားဖြန့်ကျက်ထား၍ တိုက်ပွဲများ ဖြစ်လာနိုင်သည်ဟု သတိပေး ထားသည်။ LuduNwayOoအောက်တိုဘာ 22, 2021