Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန်မြို့ငလျင်နဲ့ နိုးထရပြန်၊ပင်လယ်ဝ အင်အားအနည်းငယ်ရှိငလျင်လှုပ်

ပင်လယ်ဝအနီးကို ဗဟိုပြုတဲ့ ရစ်ခ်တာစကေး ၃ဒဿမ၅အဆင့်ရှိ အင်အားအနည်းငယ်ရှိတဲ့ငလျင်ကြောင့် ရန်ကုန်မြို့မှာငလျင်လှုပ်တာသိသိသာသာခံစားခဲ့ရပါတယ်။

ဇူလိုင်-၄၊၂၀၂၆။စိုင်းနောင်/People’s Spring

ပင်လယ်ဝအနီးကို ဗဟိုပြုတဲ့ ရစ်ခ်တာစကေး ၃ဒဿမ၅အဆင့်ရှိ အင်အားအနည်းငယ်ရှိတဲ့ငလျင်ကြောင့် ရန်ကုန်မြို့မှာငလျင်လှုပ်တာသိသိသာသာခံစားခဲ့ရပါတယ်။

ဇူလိုင်လ ၄ရက် မနက် ၆နာရီ ၅၁မိနစ်ခန့်မှာ ငလျင်လှုပ်တာပါ။ ကမ်းရိုးတန်းအနီးကို ဗဟိုပြုပြီး မြေအနက် ၁၀ ကီလိုမီတာမှာ လှုပ်သွားတာလို့ ငလျင်သတင်းတွေ ထုတ်ပြန်ပေးနေတဲ့ ထိုင်းမိုးဇလဌာန(TMD)က ဖော်ပြထားပါတယ်။

အမေရိကန်ဘူမိလေ့လာရေး အသင်း(USGS )နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၊လူမှုရေးရာ၊ အလုပ်သမားနဲ့လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MoSLHA)ကတော့ မနက် ၇နာရီ၃၀မိနစ်အထိ သတင်းမထုတ်ပြန်သေးပါဘူး။

Public Service Announcement

Public Service Announcement

ဒီငလျင်ကြောင့် စမ်းချောင်း၊ကမာရွတ်၊ လှိုင်၊ မရမ်းကုန်း၊ ဗဟန်း၊ တာမွေမြို့အပါအဝင် ရန်ကုန်မြို့မှာ သိသာတဲ့ ငလျင်ခံစားလိုက်ရပါတယ်။

“မရမ်းကုန်းမှာ တော်တော်ကြမ်းတာ။အိမ်ထဲကနေ ပြေးထွက်ရတယ်။ အထပ်မြင့်ကလူတွေပါ ပြေးရတာ”လို့ မြို့ခံတစ်ဦးကပြောပါတယ်။

“ကိတ်ဗာဒီ ဂိုးပြန်သွင်းပြီးချိန်လောက်မှာလှုပ်တာ။လှုပ်ချိန်တော့ နည်းနည်းကြာသလိုပဲ”လို့ လှိုင်မြို့နယ်မှာ နေသူတစ်ဦးက ပြောပါတယ်။ဒီနေ့ မနက်ပိုင်းမှာ ကမ္ဘာ့ဖလား ရှုံးထွက်ပွဲစဉ်အဖြစ် အာဂျင်တီးနားနဲ့ ကိတ်ဗာဒီအသင်း အကြိတ်အနယ်ကန်နေချိန် ရန်ကုန်မှာငလျင်လှုပ်တာပါ။

ရန်ကုန်မြို့ကိုသက်ရောက်စေခဲ့တဲ့ငလျင်တွေ ပြီးခဲ့တဲ့မေလနဲ့ ဇွန်လအတွင်း မကြာခဏလှုပ်ရှားခဲ့လို့ မြို့ခံတွေအကြား စိုးရိမ်မှုတွေရှိနေပါတယ်။ ဒါ့အပြင် ငလျင်အဖြစ်သတင်းမထုတ်တဲ့ မြေကျွံမှုအချို့ကြောင့်လည်း စိုးရိမ်နေကြပါတယ်။

ရန်ကုန်မြို့ဟာဒေးဒရဲ ပြတ်ရွှေ့ကြောင့်ငလျင်လှုပ်ရှားနိုင်သလို ရန်ကုန်မြစ်ဝအနီးရှိ ပြတ်ရွေ့တွေနဲ့ ထိုးစိုက်ဇုန်ကြောင့်လည်း ငလျင်လှုပ်နိုင်တယ်လို့ပညာရှင်တွေက သတိပေးထားပါတယ်။ပဲခူးမြို့အနီးကစစ်ကိုင်းပြတ်ရွေ့ရဲ့တောင်ဘက်စွန်းပိုင်းလှုပ်ရှားပါကလည်း ရန်ကုန်မြို့မှာ ငလျင် လှုပ်စေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၊ ကမ်းနားလမ်းအနီး ဆိုက်ကားသမားတစ်ဦး ဆိုက်ကားနင်းနေရင်း သေဆုံးမှု ဒီကနေ့ မနက်အစောပိုင်းမှာ ဖြစ်ခဲ့တယ်လို့ ကူညီကယ်ဆယ်သူနဲ့ မျက်မြင်တွေ့ရှိခဲ့သူတချို့က လူထုနွေဦးကို ပြောပါတယ်။

သတင်း

စစ်တပ်က လုံခြုံရေးတွေ တင်းကြပ်ထားတဲ့ ရန်ကုန်မြို့ လူစည်ကားရာနေရာအချို့မှာ တော်လှန်လူငယ်များစုပေါင်းပြီး (၆၄)နှစ်မြောက် ဆဲဗင်းဂျူလိုင် အထိမ်းအမှတ်လှုပ်ရှားမှုကို ဒီကနေ့ (ဇူလိုင် ၇)မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းငလျင်ကြီးလှုပ်ခတ်ချိန်ပြိုကျပျက်စီးပြီးလူ ၂၀၀ ကျော်ပိတ်မိသေဆုံးခဲ့တဲ့မန္တလေးမြို့ရှိ Sky Villa ကွန်ဒိုတည်ဆောက်သူ NTL ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင်ဦးနိုင်ထွန်းလင်းကို ထောင်ဒဏ်ငါးနှစ်ချလိုက်တယ်လို့ တရားရုံးနဲ့နီးစပ်သူတွေဆီကသိရပါတယ်။

သတင်း

ဒီကနေ့ ဇူလိုင် ၅ရက်မနက်အစောပိုင်းမှာ ဧရာဝတီတိုင်း၊ ကျိုက်ပိမြို့အနီးကိုဗဟိုပြုလှုပ်တဲ့ ရစ်ခ်တာစကေး ၃ ဒဿမ ၆ အဆင့်ရှိတဲ့ ငလျင်ကြောင့် ရန်ကုန်မြို့မှာ ငလျင်လှုပ်ရှားမှု ထပ်မံ ခံစားခဲ့ရပါတယ်။