Connect with us

Hi, what are you looking for?

News

မုံရွာ-အရာတော်လမ်းကို ပြည်သူများအသုံးမပြုရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များသတိ့ပေး၊ စစ်ကိုင်းတိုင်းရှိလမ်းအများစုနှင့်ပတ်သပ်၍လည်းပြည်သူကိုအသိ့ပေး

အလားတူ စစ်ရေး အခြေအနေအရ ကလေး -ဂန့်ဂေါ လမ်းပိုင်းကို ယနေ့(အောက်တိုဘာ ၂၂ ရက်)ကစ၍ ရက်သတ္တပတ် အတွင်း မော်တော်ယာဥ်များ ဖြတ်သန်းသွားလာခြင်းမပြုရန် PDF Kalay ကလည်းထုတ်ပြန်ထားသည်။

မုံရွာ-အရာတော်လမ်းကို မိဘပြည်သူများအနေဖြင့် ကျန်းမာရေး အတွက် အရေးကြီးကိစ္စရပ်များမှလွဲ၍ လုံး၀ (လုံးဝ) အသုံးမပြုကြရန် မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များက ယနေ့ (အောက်တိုဘာ ၂၂ ရက်)တွင်အသိပေးထုတ်ပြန်သည်။

မိဘပြည်သူများ တစ်စုံတစ်ခု ထိခိုက်နစ်နာ ဒါဏ်ရာရရှိပါက မုံရွာမြို့ရှိ စစ်အာဏာရှင်တော်လှန်ရေး အဖွဲ့အစည်း ၅ ခုစလုံးမှ တာဝန်ယူနိုင်မည်မဟုတ်ဘဲ ကျွန်ုပ်တို့လည်း စိတ်မ
ကောင်းခြင်းကြီးစွာဖြစ်ပါသောကြောင့် မိမိတတ်နိုင်သောဘက်မှ တော်လှန်ရေးတိုက်ပွဲမှာ ပူးပေါင်းပါဝင်ပေးကြစေလိုသည်ဟု တိုက်တွန်းသည်။

ထို့အပြင် စစ်ကိုင်း-ရွှေဘို-အရာတော်-မုံရွာ-ချောင်းဦး-မြင်းမူ-ထီးဆောင်း-နောင်ကြီးအိုင် လမ်းများတွင် ပြည်သူများအနေဖြင့် မလို အပ်ပဲ ဖြတ်သန်းသွားလာခြင်းများ မပြုလုပ်ကြပါရန်နှင့် ခရီးသွားပြည်သူများ၊ခရီးသွားယာဥ်များ၊ ကုန်ကားများအနေဖြင့်လည်း မိမိတို့ရောက်ရာနေရာတွင် ရပ်နားပေးကြပါရန် Black Hawk Force Myinmu(BHFM)အဖွဲ့မှ ယနေ့ နံနက်ပိုင်းတွင် ကြေညာသည်။

အလားတူ စစ်ရေး အခြေအနေအရ ကလေး -ဂန့်ဂေါ လမ်းပိုင်းကို ယနေ့(အောက်တိုဘာ ၂၂ ရက်)ကစ၍ ရက်သတ္တပတ် အတွင်း မော်တော်ယာဥ်များ ဖြတ်သန်းသွားလာခြင်းမပြုရန် PDF Kalay ကလည်းထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

“အဓိကတော့ စစ်ကောင်စီ တပ်တွေကို မိုင်းခွဲ ပြီးတော့ ပျောက်ကြားစနစ်နဲ့တိုက်နေရတာပါ။ ဒါကို ပြည်သူလူထုအနေနဲ့လည်း သိစေချင်တယ်။ထိခိုက်မှုတွေမရှိစေချင်ဘူး။ဒါကြောင့် ကျွန်တော် တို့ တော်လှန်ရေးအဖွဲ့တွေက ကြိုတင်အသိပေးနေကြရတာပါ”ဟု အရာတော်မြို့နယ် တော်လှန်ရေး အင်အားစု ARA မှ ဗိုလ်ပေါက်စီက ရှင်းပြသည်။

လက်ရှိတွင် စစ်ကောင်စီ က စစ်ကိုင်းတိုင်း အတွင်း စစ်အင်အား တိုးချဲ့၍ ဒေသခံကာကွယ်ရေး တပ်များနှင့် ပြည်သူ့ကာကွယ်ရေး တပ်များကို အလုံးအရင်း
ဖြင့် ထိုးစစ်ဆင်နေသည်။ယနေ့နံနက်ပိုင်းတွင်လည်း အရာတော်မြို့နယ်ရှိ ဒေသခံပြည်သူ့တော်လှန်ရေးအဖွဲ့စခန်းတစ်ခုကို စစ်ကောင်စီက အင်အား( ၂၀၀ )ဝန်းကျင်ဖြင့်ဝင်ရောက်စီးနင်းခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်တပ်က လူငယ်တွေပေါ်တာဆွဲဖမ်းဆီးနေချိန် ဘုရားကြီးပွဲတော်ကို ပြန်လည်ပြုလုပ်ဖို့ ပြင်ဆင်နေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ လူတစ်စုက အိမ်ခြံမြေပွဲစားတစ်ဦးကို အိမ်လိုက်ပြခိုင်းပြီး ဓါးနဲ့ခုတ်သတ်သွားကြောင်း မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်တပ်လက်အောက်ခံ စည်ပင်ဌာနက လမ်းဘေးစျေးသည်တွေကို ရှင်းလင်းရာမှာ လိုင်းကြေးမပေးနိုင်တဲ့ စျေးသည်တွေကို အဓိက ဖယ်ရှားနေကြောင်း မြို့ခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်းဒေသအတွင်း တနေရာမှာ အမျိုးသမီးမဟာမိတ် အင်အားစု (WAB) စုဖွဲ့မှု (၅)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဂျန်ဒါအသိပညာပေးမှုဆိုင်ရာ ဆွေးနွေးပွဲကို ဒီကနေ့ (စက်တင်ဘာ ၁၀) ပြုလုပ်ခဲ့ပါတယ်။

Facebook