Connect with us

Hi, what are you looking for?

LuduNwayOo

News

သံဃာတစ်ပါးမောင်းတဲ့ကားက ဆိုင်ကယ်ကိုဝင်တိုက်ပြီး မြေးအဖိုးနှစ်ဦးသေဆုံး

မော်လမြိုင်မှာ သံဃာတစ်ပါးမောင်းလာတဲ့ ကားက ဆိုင်ကယ် ၅ စီးကို ဝင်တိုက်ပြီး ၂ ဦး ပွဲချင်းပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မော်လမြိုင်မှာ သံဃာတစ်ပါးမောင်းလာတဲ့ ကားက ဆိုင်ကယ် ၅ စီးကို ဝင်တိုက်ပြီး ၂ ဦး ပွဲချင်းပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သေဆုံးသွားတဲ့ မြေးအဖိုးက ဆေးရုံပို့ချိန်လမ်းမှာပဲဆုံးသွားတာဖြစ်တယ်လို့ ကယ်ဆယ်ရေးလုပ်ခဲ့တဲ့ ဘိုဘိုဝင်းလူမှုကယ်ဆယ်ရေးအသင်းက တင်ထားပါတယ်။

ကားမောင်းလာတဲ့သံဃာကတော့ ဒဏ်ရာရရှိခဲ့ပြီး ကုတင် ၃၀၀ ဆံ့စစ်ဆေးရုံကိုပို့ဆောင်ပေးခဲ့တယ်လို့ဆိုပါတယ်။

ဧပြီ ၁၈ ရက် ညနေ ၄ နာရီခွဲဝန်းကျင်က မော်လမြိုင်မြို့ ဈေးကြိုဆန်တန်းဓမ္မာရုံရှေ့ မော်လမြိုင်-ကျိုက်ခမီလမ်းမကြီးပေါ်မှာဖြစ်ပွားတဲ့ ယာဉ်တိုက်မှုဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

အရှိန်ပြင်းပြင်းနဲ့ မောင်းလာတဲ့ကားက ဆိုင်ကယ်ကိုဝင်တိုက်ပြီးမှ လမ်းဘေးမှာရပ်ထားတဲ့ ဆိုင်ကယ် ၄ စီးကိုထပ်တိုက်မိခဲ့တာဖြစ်တယ်လို့ ဘိုဘိုဝင်းလူမှုကယ်ဆယ်ရေးအသင်းက ထုတ်ပြန်ထားပါတယ်။

အဲဒီ သံဃာတစ်ပါးမောင်းနှင်လာတဲ့ ကားမှာ ဇင်းကျိုက် ရွှေဒင်္ဂါးကျောင်းတိုက်စာတန်း ကပ်ထားတာကို တွေ့ရတယ်လို့ဆိုပါတယ်။

သေဆုံးသွားတဲ့မြေးအဖိုးက မော်လမြိုင်မဟာမြိုင်ရပ်ကွက်ထဲက ဖြစ်တယ်လို့ သိရပြီး ကလေးငယ်က ၉ နှစ်အရွယ်ပဲရှိသေးတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

News

စမ်းချောင်းမြို့နယ် ကျွန်းတောလမ်းမပေါ်မှာ ဒီကနေ့ ညနေ ၃ နာရီခွဲဝန်းကျင်က ကားတစ်စီးမီးလောင်ကျွမ်းခဲ့ပါတယ်။