စမ်းချောင်းမြို့နယ် ကျွန်းတောလမ်းမပေါ်မှာ ဒီကနေ့ ညနေ ၃ နာရီခွဲဝန်းကျင်က ကားတစ်စီးမီးလောင်ကျွမ်းခဲ့ပါတယ်။
ကားတစ်စီးလုံးနီးပါးမီးလောင်သွားတာဖြစ်ပြီး အဲဒီကားပိုင်ရှင်ကအဆိုတော်ယုန်လေးရဲ့ကားဖြစ်တယ်လို့ အဲဒီအနားမှာနေထိုင်တဲ့ စမ်းချောင်းသားတစ်ဦးက ပြောပါတယ်။
![](https://i0.wp.com/www.ludunwayoo.com/wp-content/uploads/2021/04/174642938_1701856973330153_7060344615422412884_n.jpg?resize=768%2C1024&ssl=1)
ကားနံပတ်က 2E/9900 ဖြစ်ပြီး ကားပိုင်ရှင်ယုန်လေးကတော့ မီးလောင်တဲ့နေရာကိုလာတာမတွေ့ဘူးလို့ ဆိုပါတယ်။
ကားမီးလောင်တဲ့ ကျွန်းတောလမ်းဓမ္မာရုံနားကို မီးသတ်၊ ကြက်ခြေနီအပြင် ရဲနဲ့ စစ်ကားတွေရောက်လာခဲ့ပြီး အဲဒီနားက လမ်းတစ်ဝိုက်ကိုလည်း ခဏပိတ်ထားခဲ့တယ်လို့ အဲဒီမျက်မြင်ကပြောပါတယ်။
![Public Service Announcement](https://i0.wp.com/www.ludunwayoo.com/wp-content/uploads/2024/04/Safer-practices_inside_psa_ads.jpg?resize=880%2C138&ssl=1)
Public Service Announcement
![](https://www.ludunwayoo.com/wp-content/uploads/2024/08/banner-logo1-50px.png)