Connect with us

Hi, what are you looking for?

LuduNwayOo

News

အာဏာသိမ်းစစ်ခေါင်းဆောင်နဲ့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်တို့ ဂျကာတာမှာ တွေ့ဆုံခဲ့

အာဏာသိမ်း စစ်တပ် အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ခရစ္စတင်း ရှရာနာ ဘာဂျနာတို့ လူချင်းတွေ့ဆုံ ဖြစ်ခဲ့ကြောင်း သိရပါတယ်။


ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့တော်မှာ ကျင်းပတဲ့ အာဆီယံ အစည်းအဝေးမှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ဘာဂျနာတို့ တွေ့ဆုံ စကားပြောဖြစ်ခဲ့ကြောင်း Nikkei Asia သတင်းဌာနက ဖော်ပြခဲ့ပါတယ်။


ဘာဂျနာနဲ့ ဆွေးနွေးချိန်မှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က စစ်တပ် အာဏာသိမ်းရခြင်းဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ရွေးကောက်ပွဲမှာ မဲမသမာမှုတွေ ဖြစ်ခဲ့တာကြောင့်လို့ ကာကွယ် ပြောဆိုသွားခဲ့ပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲ ရလဒ်မှာ စစ်တပ်ရဲ့ မဟာမိတ်တွေ အကြီးအကျယ် ရှုံးနိမ့်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီက သောင်ပြိုကမ်းပြို မဲရလဒ်နဲ့ အနိုင်ရခဲ့ပါတယ်။


ဘာဂျနာက မြန်မာနိုင်ငံကို လာရောက်ခွင့်ပြုဖို့ တိုက်တွန်း တောင်းဆိုခဲ့ပေမယ့် မင်းအောင်လှိုင်ဖက်က တိတိကျကျ တုံ့ပြန် ဖြေကြားခဲ့တာမျိုး မရှိဘူးလို့ ဆိုပါတယ်။ ဧပြီ ၂၄ ရက်က ပြုလုပ်တဲ့ အာဆီယံ အစည်းအဝေးဟာ မြန်မာပြည်သူတွေအပေါ် စစ်တပ်ရဲ့ အကြမ်းဖက် ဖိနှိပ် သတ်ဖြတ်မှုတွေကို တားဆီးဖို့ ရည်ရွယ်ထားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ အာဆီယံ အဖွဲ့ရဲ့ မြန်မာ့အရေး ဘုံသဘောတူညီချက် ၅ ချက်ကို ထုတ်ပြန် ကြေညာခဲ့ရာမှာတော့ ပျော့ပျောင်းလွန်းနေတဲ့အပေါ် မြန်မာပြည်သူတွေက စိတ်ပျက်ခဲ့ကြပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီ ၅ ချက်ထဲမှာ လက်ရှိ ဖမ်းဆီးထားတဲ့ မြန်မာ့နိုင်ငံရေး အကျဉ်းသား အားလုံးကို ချက်ချင်း ပြန်လွှတ်ပေးဖို့ဆိုတဲ့ တောင်းဆိုမှုကိုလည်း နောက်ဆုံးအဆင့် ထုတ်ပြန်ချိန်ကျမှ စာသားပြောင်းလဲ ပြင်ဆင် ဖယ်ရှားလိုက်တယ်လို့ သိရပါတယ်။ စစ်တပ်ဟာ အာဏာသိမ်းခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်း နိုင်ငံရေးသမားတွေ၊ အနုပညာရှင်တွေ၊ ပရဟိတ အဖွဲ့ဝင်တွေ၊ အသိပညာရှင် အတတ်ပညာရှင်တွေ၊ ဆန္ဒပြသူတွေ အပါအဝင် လူပေါင်း ၃၀၀၀ ကျော်ကို ဖမ်းဆီးထားခဲ့ပါတယ်။ ပြီးတော့ စစ်တပ်နဲ့ ရဲတွေရဲ့ အကြမ်းဖက် ဖြိုခွင်းမှုတွေကြောင့် သေဆုံးသူ ၇၅၀ ကျော်ထိ များပြားလာခဲ့ပြီ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

စစ်တပ်က အာဏာသက်တမ်း ၅ နှစ်ထပ်တိုးတဲ့ ကိစ္စကို ပြီးခဲ့တဲ့ သီတင်းပတ်ကုန် ညီလာခံမှာ လျင်လျင်မြန်မြန်ပဲ ဆုံးဖြတ်ချက် ချခဲ့ပြီး အဲဒီ ဆွေးနွေးမှုတွေကို နိုင်ငံရေးပါတီတွေ တက်ရောက်ခဲ့ခြင်းလည်း မရှိကြောင်း ဒေသခံ မီဒီယာတွေက ဖော်ပြသွားခဲ့ပါတယ်။

ဘာသာပြန် ဆောင်းပါး

အာဏာသိမ်း စစ်တပ်ရဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ရက်ရက်စက်စက် ဖြိုခွင်းမှုတွေကို ဆန္ဒပြသူတွေက အဆင်ပြေသလို ကြုံရာကျပန် ဖန်တီးထားတဲ့ လက်လုပ်​သေနတ်တွေနဲ့ ခုခံခဲ့ကြပါတယ်။

နိုင်ငံတကာ

မြန်မာနိုင်ငံက စည်းလုံးတဲ့၊ ငြိမ်းချမ်းတဲ့၊ သာယာဝပြောတဲ့ အခြေအနေမျိုး ရပ်တည်နိုင်ရင် အကျိုးအမြတ် အရရှိဆုံးက ထိုင်းနိုင်ငံ ဖြစ်လာမယ်လို့လည်း ဆရက်သာက ပြောကြားသွားပါတယ်။

သတင်း

ရတနာပုံခန်းမကို အာဏာသိမ်းခဲ့သည့် ၂၀၂၁ မေလအတွင်းက စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကိုယ်တိုင် တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။