Connect with us

Hi, what are you looking for?

News

အ​လော့ဘွမ်​တောင်စခန်း ကြည်း​ကြောင်း​မှထိုးစစ်ဆင်ရာ စစ်​ကောင်စီပင်အထိနာ​နေ၍ လေ​ကြောင်းတိုက်ခိုက်မှုပိုပြုလုပ်

ကချင်ပြည်နယ် မိုးမောက်မြို့နယ်တွင် ကချင်လွတ်လပ်​ရေးတပ်မ​တော်(KIA) ကသိမ်းပိုက်ထား​သော အ​လော့ဘွမ်​တောင်​စခန်း​ဒေသကို အာဏာသိမ်းစစ်ကောင်စီက ယနေ့ ကြည်း​ကြောင်းမှမတိုက်​တော့ဘဲ လေကြောင်းတိုက်ခိုက်မှု ၉ကြိမ်ပြုလုပ်ခဲ့​ကြောင်း ကချင်ဒေသခံတစ်ဦးက ပြောသည်။

“အောက်ခြေ တိုက်ပွဲတော့ မရှိဘူးပေါ့။ လေယာဉ်နဲ့‌တော့၉ ကြိမ်လာပစ်တယ်။တစ်ခါလာနှစ်စီးပေါ့”ဟု ၎င်းက ပြောသည်။ ​

KIA ၏သတင်းရင်းမြစ်တစ်ဦးကလည်း ယ​နေ့တွင် စစ်​ကောင်စီက အထိ့နာ​နေ​သော ကြည်း​ကြောင်းမှ ထိုးစစ်မဆင်​လေ​ကြောင်းမှ တိုက်ခိုက်မှု ပိုမိုပြုလုပ်လာပြီး ၊တိုက်​လေယာဥ် ကိုးစီးဖြင့်လာ​ရောက်တိုက်ခိုက်ခဲ့​ကြောင်း​ပြောသည်။
လေကြောင်းမှ တိုက်ခိုက်မှု အကြိမ်ကြိမ် ပြုလုပ်ခဲ့သော်လည်း မိုးမောက်မြို့နယ် ရှိ အလော့ဘွမ်တပ်စခန်းကို KIAက ဆက်လက်ထိန်းချုပ်ထားဆဲ ဖြစ်သည်ဟု အဆိုပါဒေသခံက ပြောသည်။

“ခြေလျင်နဲ့ တိုက်မှပဲ သိမ်းလို့ရမှာ။ အခု က တောင်ခြေနဲ့တော်တော်ဝေးတဲ့ နေရာမှာ တိုက်ပွဲဖြစ်နေတာ။လေယာဉ်နဲ့ လာပစ်လည်း ဟိုဘက်က ထိခိုက်ဒဏ်ရာရတာ မရှိသလောက်ပဲ”ဟု ဒေသခံတစ်ဦးက ပြောသည်။

မြေပြင်တိုက်ပွဲ ဖြစ်ပွားမှုတွင် စစ်ကောင်စီဘက်မှ အထိနာလျက်ရှိပြီး မနေ့က ဧပြီ ၂၉ရက် တွင် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၂၀ထက်မနည်း သေဆုံးခဲ့ပြီး ‌လက်နက် ၁၈လက် သိမ်းဆည်းရရှိခဲ့​ကြောင်း ဒေသခံ က ပြောသည်။

Public Service Announcement

Public Service Announcement

ယခင် စစ်ကောင်စီတက်စွဲထားသည့် အလော့ဘွမ်တပ်စခန်းကို မတ်လ ၂၅ ရက်တွင် KIA က တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီက တပ်စခန်းပြန်ရရေး ဧပြီ ဒုတိယပတ်မှစ၍ ‌ကြည်းကြောင်း ၊ လေကြောင်းမှ ထိုးစစ်ဆင်လျက်ရှိသည်။
သို့​သော် ကြည်း​ကြောင်းမှထိုးစစ်ဆင်တိုင်း စစ်​ကောင်စီတပ်ဖွဲ့ဝင်များသာ တပ်ရင်းအလိုက်ပြုတ်သည်အထိ့ ​သေဆုံး၊ဒဏ်ရာရခြင်း ၊စစ်သုံပန်းအဖြစ်အဖမ်းခံရခြင်း ၊ထွက်​ပြေးရခြင်းများကြုံ​နေကာ အထိနာ​နေသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နယ်မြေ များလာပြီး စစ်တပ် ဆုံးရှုံးမှုများလာလို့ အများပြည်သူ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ကချင်ပြည်နယ် ခေါင်လန်ဖူးမြို့နယ် မြန်မာ-တရုတ်နယ်စပ် နယ်ခြားမှတ်တိုင် ၃၀ ဒေသက စစ်တပ်နဲ့ ပြည်သူ့စစ် ပူးပေါင်းတပ်စွဲထားတဲ့ရဟတ်ယာဉ်ကွင်းပါ တပ်စခန်းဟာ စစ်ရေးအရ အရေးပါတာကြောင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်ဟာ ၃ကြိမ်တိုင်ထိုးစစ်ဆင်ခဲ့ရကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်တပ်ကဗုံးအလုံး​ရေ​ထောင်ချီကြဲ​ပေမယ့်ရေ​ကြောင်းနဲ့ကုန်း​ကြောင်းတိုက်ပွဲမှာရှုံး

သတင်း

ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ် မြန်မာ-တရုတ်နယ်စပ် နယ်ခြားမှတ်တိုင် ၃၀ အမတ်ပေါ် ဒေသက စစ်တပ်ရဲ့ ဗျူဟာစခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က စက်တင်ဘာ ၁၈ရက်မှာ သိမ်းပိုက်ရရှိခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က အသိပေးပါတယ်။