Connect with us

Hi, what are you looking for?

LuduNwayOo

News

ကျဆုံးပြည်သူ အနည်းဆုံး ၇၆၅ ဦးရှိပြီလို့ AAPP ထုတ်ပြန်

အာဏာသိမ်းစစ်​ကောင်စီ၏ တပ်ဖွဲ့ဝင်​တွေက ပစ်ခတ်သတ်ဖြတ်မှု​တွေ​ကြောင့်စစ်အာဏာသိမ်းပြီး ၉၁ ရက်အကြာမှာ ကျဆုံးတဲ့ပြည်သူ ၇၆၅ ဦးရှိပြီလို့ နိုင်ငံ​ရေးအကျဥ်းသားများကူညီ​စောင့်​ရှောက်​ရေအသင်း(AAPP)က ​မေလ ၂ ရက်ကထုတ်ပြန်ပါတယ်။

ဒီအ​ရေအတွက်က AAPP သတင်းရရှိတဲ့အ​ရေအတွက်သာဖြစ်ပြီးကျဆုံးသွား​ပေမယ့် စာရင်းမရရှိသူ​တွေ ၊အသတ်ခံရပြီးအ​လောင်း​ဖျောက်၊စာရင်း​ဖျောက်ခံရ သူ​တွေလည်းရှိတဲ့အတွက် အမှန်တစ်ကယ်​သေဆုံးသူစာရင်းကအဲထက်ပိုများပါတယ်။

AAPP ​မေ ၂ ရက်မှာထပ်မံရရှိတဲ့စာရင်းအရ ​​​ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှ ဆန္ဒပြပြည်သူ ၁ ဦး၊ ရှမ်းပြည်နယ် သီ​ပေါမြို့ နဲ့ ​နောင်ချိုမြို့ မှ ဆန္ဒပြ ပြည်သူတစ်ဦစီ ၊စစ်ကိုင်းတိုင်း ဝက်လက်မြို့မှ ဆန္ဒပြ ပြည်သူ နှစ်ဦး စုစု​ပေါင်း ငါးဦးဟာ ​မေလ ၂ ရက်မှာကျဆုံးခဲ့သလို ၊​မေ ၁ ရက်မှာ ကွတ်ခိုင်မြို့မှာကျဆုံးခဲ့တဲ့ ပြည်သူတစ်ဦးရဲ့အချက်အလက်​တွေ ထက်ရခဲ့ပြီး ​မေ ၂ ရက် ည ၈ နာရီအထိရရှိတဲ့စာရင်းအရ ​နွေဦး​တော်လှန်​ရေးတွင် ကျဆုံးသူ ပြည်သူ ၇၆၅ ဦးရှိပြီလို့ ဆိုပါတယ်။ ​မေ ၂ ရက်ကျဆုံးစာရင်းမှာ ဝက်လက်မြို့မှာ ကနဦး ၂ ​ယောက်ကျဆုံးခဲ့​ပေမယ့် ​ဆေးရုံ​ရောက်တဲ့ တစ်ဦးထပ်မံကျဆုံးသွားတဲ့အတွက် အဲဒီကျဆုံးသူ​တော့ စာရင်းထဲ မပါ​သေးပါဘူး။

ဒါ​အပြင် ဒီစာရင်းမှာ မုံရွာမြို့မှာ ဧပြီ ၁၇ ရက်မှာစစ်​ကောင်စီတပ်ဖွဲ့ဝင်​တွေက ဖမ်းဆီးထားတဲ့ပြည်သူ​တွေကို သတ်ဖြတ်ပြီးအ​လောင်း နှစ်​လောင်း​ဆေးရုံကိုလာပို့သွားတာရယ် ၊ ယင်းမာပင်မြို့နယ်မှာ ဧပြီ ၁၅ ရက်ညမှာ ဆန္ဒပြ​နေတဲ့ပြည်သူ​တွေကို စစ်​​ကောင်စီတပ်ဖွဲ့ဝင်​တွေက အကြမ်းဖက်ဖြိုခွင်းလို့ ပြည်သူ ၆ ဦး​သေဆုံးတဲ့စာရင်း​ရယ် ၊ ဧပြီ ၁၈ ရက်မှာ မြင်းခြံသပိတ်ကို အကြမ်းဖက်တပ်ဖွဲ့ဝင်​တွေက လာ​ရောက်ဖြိုခွင်းတာမှာ ကျဆုံးသူအ​ရေအတွက်​​တွေရယ် ၊ ယင်းမာပင် မြို့နယ် မှာ ဧပြီ ၂၀ ရက်က စစ်​ကောင်စီတပ်ဖွဲ့ဝင်​တွေက တိုက်ပွဲသုံးလက်နက်ကြီး​တွေကိုပါအသုံးပြုပစ်ခတ်ခဲ့လို့ ပြည်သူ ၁၀ ဦးထပ်မံကျဆုံးတာ စတာတွေ ပါဝင်တာမ​တွေ့ရ​သေးပါဘူး ။ ဧပြီ ၁၅ ရက် ယင်းမာပင် ဖြစ်စဥ်မှာ အနည်းဆုံး ပြည်သူ ၆ ဦး​သေဆုံးပြီး အနည်းဆုံး ၁၅ ဦးဖမ်းဆီးခံခဲ့ရတယ်လို့ Myanmar Now သတင်းဌာနက​ဖော်ပြထားပါတယ် ။ ဒါအပြင်ဧပြီ ၂၀ ရက်က ယင်းမာပင်မြို့နယ်က​ကျေးရွာ​တွေမှာ စစ်​ကောင်စီတပ်ဖွဲ့ဝင်​တွေက လက်နက်ကြီး​တွေနဲ့ ပစ်ခတ်သတ်ဖြတ်လို့ ပြည်သူ ၁၀ ဦး​သေဆုံးခဲ့တယ်လို့ BBC မြန်မာပိုင်းကသတင်း​ဖော်ပြခဲ့ပါတယ်။

ဒါ​ကြောင့်အမှန်တစ်ကယ်​သေဆုံးသူအ​ရေအတွက်ဟာ AAPPထုတ်ပြန်ထားတဲ့စာရင်းထက်အများကြီးပိုနိုင်တယ်လို့ People’s Spring ကသုံးသပ်ပါတယ် ။ဒါ​​ပေမယ့် ​နွေးဦး​တော်လှန်​ရေးမှာ ကျဆုံးသူ၊ဖမ်းဆီးခံရသူ ​တွေရဲ့အချက်အလက်​တွေကို ကာလရှည် AAPP လိုစနစ်တကျပြုစုနိုင်တဲ့အဖွဲ့အစည်းကနည်းပါး​နေသလို ၊အာဏာသိမ်းစစ်အုပ်စုကအင်တာနက်​တွေ ဖြတ်​တောက် ၊မီဒီယာ​​တွေကိုဖိနှိပ်ပြီးသတင်းအ​မှောင်ချ​နေလို့ သတင်းအချက်အလက်အမှန်ရဖို့က ခက်ခဲပါတယ်။AAPP ကဒီစာရင်း​တွေကို ပြုစုထုတ်ပြန်​ပေး​နေတဲ့အတွက် အာဏာသိမ်းစစ်​ကောင်စီအတွက် အထိ့နာ​စေပြီး AAPP ကိုအ​ရေးယူမယ်လို့ပါ ခြိမ်း​​ခြောက်နေပါတယ်။

Public Service Announcement

Public Service Announcement

စစ်အုပ်စုက အာဏာသိမ်းပြီး ၉၁ ရက်(​မေ ၂ ရက်အထိ့) အတွင်းမှာ ဖမ်းဆီးခံရတဲ့ပြည်သူ ၄၄၉၆ ဦးအထိ့ရှိခဲ့သလို ၊အခုချိန်ထိ့ဖမ်းဆီးချုပ်​နှောင်ခံရသူ ၃၅၅၅ ဦးရှိသလို ၊ဖမ်းဝရမ်းထုတ်ခံရသူ ၁၃၉၆ ဦးရှိတယ်လို့ AAPP ကဆိုပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဖမ်းဆီးခံခဲ့ရတဲ့ အမျိုးသမီး ၃,၆၀၀ ကျော်ထဲမှာ ၈၃၅ ဦးဟာ ပြစ်ဒဏ်ချခံလိုက်ရတယ်လို့ မြန်မာအမျိုးသမီးများသမဂ္ဂက ဖော်ပြပါတယ်။

သတင်း

နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်လာမှု အချက်အလက်ကို ဆက်လက်ကောက်ယူနေဆဲဖြစ်တယ်လို့AAPP က ဖော်ပြပါတယ်။

သတင်း

ပြီးခဲ့သည့် ဇွန်လ ၂၇ရက်တွင်ဒိုက်ဦး(ကျိုက်ဇကော)ထောင်မှ နိုင်ငံရေးအကျဉ်းသားများအား ထောင်ပြောင်းရွှေ့သည်ဟုဆိုကာ စစ်တပ်မှ ခေါ်ထုတ်သွားပြီးနောက် နိုင်ငံရေးအကျဉ်းသား (၃၇) ဦးမှာ ပျောက်ဆုံးနေခဲ့သည်။

သတင်း

အခုလပိုင်းဖြစ်စဉ်တွေအရ ထောင်ထဲကနေ ခေါ်ထုတ်ပြီး စစ်ကြော သတ်ဖြတ်တဲ့သတင်းတွေ ဆက်တိုက် ထွက်ပေါ်နေတယ်လို့ AAPP က ဆိုပါတယ်။