Connect with us

Hi, what are you looking for?

News

အာဖဂန် ကျောင်းတစ်ကျောင်းနား ဗုံးကွဲမှုကြောင့် သေဆုံးသူ ၆၀ ကျော်ထိရှိလာ

အာဖဂန် နစ္စတန် နိုင်ငံက ကျောင်းတစ်ကျောင်းနားမှာ ဖြစ်ပွားတဲ့ ဗုံးကွဲမှုကြောင့် သေဆုံးသူ ၆၀ ကျော်ထိ မြင့်တက်လာပြီ ဖြစ်ပါတယ်။

မေလ ၉ ရက်က ကဘူးလ်မြို့တော်မှာရှိတဲ့ အလယ်တန်းကျောင်း တစ်ခုရဲ့ အပြင်ဖက်မှာ ဗုံးတွေ ဆက်တိုက် ပေါက်ကွဲခဲ့တာပါ။ သေဆုံးသူတွေထဲမှာ ကျောင်းဆင်းလာတဲ့ ကျောင်းသူ မိန်းကလေး တော်တော်များများ ပါဝင်ကြောင်း ဒေသခံ မီဒီယာတွေက ဖော်ပြပါတယ်။

ဒက်ရှ်အီဘာချီ ရပ်ကွက်က ဗုံးကွဲမှုတွေနဲ့ ပတ်သက်လို့ ဘယ်အဖွဲ့အစည်းကမှ တာဝန်ခံ ကြေညာထားတာမျိုး မရှိသေးပါဘူး။ ဗုံးပေါက်ကွဲမှုကြောင့် အနီးတဝိုက်မှာ နေထိုင်တဲ့ ဆွန်နီ မွတ်ဆလင်တွေပါ သေဆုံးခဲ့ကြပါတယ်။ အာဖဂန် အစိုးရက ဒီလုပ်ရပ်ကို တာလီဘန် စစ်သွေးကြွတွေ ကျူးလွန်ခဲ့တယ်လို့ ဝေဖန် စွပ်စွဲခဲ့ပေမယ့် တာလီဘန်တွေက ငြင်းဆိုထားပါတယ်။

အာဖဂန်ကနေ အမေရိကန်တပ်တွေ ပြန်လည် ရုပ်သိမ်းဖို့ စီစဉ်နေတဲ့ အချိန်မှာပဲ တစ်ဖက်မှာလည်း အာဖဂန် အစိုးရနဲ့ တာလီဘန်တွေကြား တိုက်ပွဲတွေ အရှိန်မြင့်လာနေပါတယ်။ လူနေ ရပ်ကွက်တွေကို ပစ်မှတ်ထားတဲ့ အကြမ်းဖက်မှုတွေလည်း ပိုမို ထူထပ်လာတာ တွေ့ရပါတယ်။

ကျောင်းနားမှာ ဖြစ်ပွားတဲ့ ဗုံးပေါက်ကွဲမှုတွေကြောင့် သေဆုံးခဲ့တဲ့ ကလေးတွေကို စုဝေးပြီး မြေချ သင်္ဂြိုဟ်တဲ့ အစီအစဉ်တွေ စတင်နေပြီ ဖြစ်ပါတယ်။ အမေရိကန် အစိုးရက အာဖဂန်မှာ စာသင်ကျောင်းကို ပစ်မှတ်ထားခဲ့တဲ့ တိုက်ခိုက်မှုဟာ စက်ဆုပ် ရွံရှာစရာ ကျူးလွန်မှုမျိုးလို့ ထုတ်ပြန် ရှုတ်ချခဲ့ပါတယ်။ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်ဟာ စက်တင်ဘာ ၁၁ ရက် မတိုင်ခင် အာဖဂန် အခြေစိုက် အမေရိကန် စစ်တပ်အားလုံး ပြန်လည် ရုပ်သိမ်းဖို့ ရက်သတ်မှတ် ကြေညာထားပြီး ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကျောင်းသူတွေ နေတဲ့ အဆောင်ကို တမင် မီးရှို့ခဲ့တယ်ဆိုတဲ့ သံသယကြောင့် ကင်ညာရဲတပ်ဖွဲ့ဟာ ကျောင်းသူ မိန်းကလေး ၈ ဦးကို ဖမ်းဆီးထားပါတယ်။

သတင်း

တနင်္သာရီမြို့နယ်၊ တကူကျေးရွာစာသင်ကျောင်းကို အာဏာသိမ်းစစ်တပ်က မေလ ၁၃ရက်မှာ တိုက်လေယာဉ်နဲ့ ဗုံးကြဲခဲ့လို့ စာသင်ကျောင်းဆောင် ၂ဆောင် ပျက်စီးခဲ့ရကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

တူရကီမှာ ၂ ရက်အတွင်း ဒုတိယမြောက် စာသင်ကျောင်း ပစ်ခတ်မှု တစ်ခုနဲ့ ကြုံတွေ့ခဲ့ပြီး ၉ ဦးသေ၊ ၁၃ ဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဆေးရုံတစ်ခုကို ပါကစ္စတန်က လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် လူပေါင်း ရာနဲ့ချီ သေဆုံးခဲ့ကြောင်း အာဖဂန် နစ္စတန်က စွပ်စွဲခဲ့ပါတယ်။