Connect with us

Hi, what are you looking for?

News

စ​စ်ကောင်စီတပ်နှင့် ကရင်နယ်ခြား​စောင့်တပ် အချင်းချင်းမှားပစ် ၁၅ ဦး​သေ

စစ်ကောင်စီတပ်နှင့် BGFတို့သည် မေလ ၁၃ရက်က ဖာပွန်မြို့နယ် ကမမောင်းဒေသ၌ မှားယွင်းပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အာဏာသိမ်းစစ်ကောင်စီတပ်နှင့်၎င်း၏ သြဇာခံ ကရင်နယ်ခြားစောင့်တပ်(BGF)တို့ အချင်းချင်းမှားယွင်း ပစ်ခတ်၍ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၃ဦးသေဆုံးပြီး BGF တပ်ဖွဲ့ဝင် ၁၂ဦး သေဆုံးခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)တပ်မဟာ(၅)ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး စောကလယ်ဒိုက ပြောကြားသည်။

စစ်ကောင်စီတပ်နှင့် BGFတို့သည် မေလ ၁၃ရက်က ဖာပွန်မြို့နယ် ကမမောင်းဒေသ၌ မှားယွင်းပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“သူတို့ချင်းမှားပြီး ပစ်ခတ်မှုတွေ ဖြစ်ကြတော့ ကျွန်တော်တို့ သတင်းရရှိမှု အရဆိုရင် BGF ဘက်မှာ ၁၂ဦး ကျပြီးတော့ စစ်ကောင်စီ ဘက်က ၃ဦးကျတယ်။ အဲဒီမှာ အရပ်သား ၃ယောက်သေဆုံးတယ်လို့ သတင်းရရှိတယ်”ဟု ဒုဗိုလ်မှူးကြီး စောကလယ်ဒိုက ပြောသည်။

ထိုသို့မှားယွင်းပစ်ခတ်ကြခြင်းမှာ စစ်ရေးလှုပ်ရှားမှုနှင့်ပတ်သတ်ပြီး တစ်ဖွဲ့နှင့် တစ်ဖွဲ့ ဆက်သွယ်မှု အားနည်း၍ ဖြစ်နိုင်သည်ဟု ၎င်းကသုံးသပ်သည်။

Public Service Announcement

Public Service Announcement

BGF အရာရှိ တစ်ဦးကမူ မှားယွင်းပစ်ခတ်သည်ဟု အွန်လိုင်း၌ သတင်းဖော်ပြမှုတွေ့ရသော်လည်း သတင်းမှားများသာဖြစ်ကြောင်း ဆိုသည်။

” အခုပဲ မေးပြီးပြီ ဘာမှ မဖြစ်ပါဘူးတဲ့။ ကမမောင်းနဲ့ ကတိုင်ဋိ နဲ့တောင် သွားလာနေပြီ။ လမ်းကတော့ တို့တပ်တွေကတော့ လုံခြုံရေးနဲ့ သွားလာနေပြီ”ဟု ၎င်းကဆိုသည်။

ဒုဗိုလ်မှူးကြီးစောကလယ်ဒိုကမူ ကမမောင်းဒေသ၌ ပင် ယမန်နေ့က စစ်ကောင်စီတပ် ခမရ(၄၀၈)နှင့် KNU တပ်မဟာ(၅) အကြား တိုက်ပွဲဖြစ်ပွားခဲ့​သေး​ကြောင်းလည်း ပြောသည်။

“အဲဒီလိုဖြစ်တဲ့နေရာမှာ စစ်ကောင်စီ အဖွဲ့က ၉ဦးကျဆုံးပြီး ၆ဦး ဒဏ်ရာရတယ်လို့ ကျွန်တော်တို့ကို သတင်းပေးထားတယ်”ဟု ၎င်းကဆက်​ပြောသည်။
KNU တပ်မဟာ(၅)ဘက်မှ ထိခိုက်ကျဆုံးမှု မရှိဟုလည်း ဒုဗိုလ်မှူးကြီးစောကလယ်ဒိုက ဆက်ပြောသည်။

KNU တပ်မဟာ(၅)နယ်မြေ ဖာပွန်ဒေသတွင် အာဏာသိမ်းစစ်ကောင်စီနှင့် တပ်မဟာ(၅)အကြား တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားလျက်ရှိသည်။ ထိုအပြင် KNU ကစစ်​ကောင်စီ စခန်း နှစ်ခုကို တိုက်ခိုက်သိမ်းပိုက်ထားသည်။
အဆိုပါ နယ်မြေတွင် BGF တပ်ရင်းအချို့ရှိရာ ယခု မေလတွင် BGF တပ်အင်အား တိုးလာပြီး တပ်ဖွဲ့ဝင် အင်အား ၅၀၀ကျော်ရှိကြောင်း KNUက ဆိုသည်။

ယခုလအတွင်း KNU တပ်မဟာ(၅)နှင့် BGF အကြား ထိတွေ့ ပစ်ခတ်မှု အချို့ ဖြစ်ပွားခဲ့ရာ BGF တပ်ဖွဲ့ဝင် အချို့ကျဆုံးခဲ့​ကြောင်း နှစ်ဖင်တာဝန်ရှိသူများက အတည်ပြုထားသည်။

ဆက်စပ်သတင်းများ

သတင်း

အနာဂတ်ကာလမှာ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးပြီး စီမံအုပ်ချုပ်နိုင်ဖို့နေရာကဏ္ဍ အသီးသီးမှာ ရှိနေတဲ့ အနာဂတ်မျိုးဆက်သစ်များအားမွေးထုတ်သွားကာ ကရင်ပြည် “ကော်သူးလေ”ထူထောင်ရေးကိုအတူတကွ အင်တိုက်အားတိုက်ကြိုးပမ်းဖော်ဆောင်တည်ဆောက်ကြဖို့ တိုက်တွန်းကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

သတင်း

မောတောင်မြို့ကို ပြန်ထိန်းချုပ်ထားတဲ့ စစ်တပ်က မြို့ခံတွေကို ဖမ်းဆီးနှိပ်စက်နေ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄) တပ်ရင်း(၁၁)ထံ စစ်ကောင်စီ တပ်သား ၁ဦး အလင်းဝင်လာကြောင်း KNUက သတင်းထုတ်ပြန်ပါတယ်။