Connect with us

Hi, what are you looking for?

News

ဗြိတိန်ပါလီမန်တွင် မြန်မာ့အရေးပတ်သက်၍ စုံစမ်းစစ်ဆေးမှုကြားနာပွဲပြုလုပ်မည်

ဗြိတိန်ပါလီမန်နိုင်ငံခြားရေးရာကော်မတီသည် မြန်မာ့အရေးနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုကြားနာပွဲတစ်ရပ်ကို မေလ၂၅ ရက်တွင် ကျင်းပပြုလုပ်မည်ဟု ထုတ်ပြန်ထားသည်။

အဆိုပါကြားနာပွဲ၏ ပထမပိုင်းဆွေးနွေးမှုအစီအစဉ်တွင် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဒေါက်တာဆာဆာ၊ ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ရက်(Karen Peace Support Network) အထွေထွေအတွင်းရေးမှူး နော်ကညော့ဖော နှင့် တက်ကြွလှုပ်ရှားသူ မသဥ္ဇာရွှန်းလဲ့ရည် တို့က မြန်မာနိုင်ငံ၏ ပကတိ အခြေအနေကို ထွက်ဆိုရှင်းလင်းမည်ဖြစ်သည်။

ဒုတိယပိုင်းဆွေးနွေးမှုအစီအစဉ်တွင် ကုလသမဂ္ဂ၏ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာအထူး အစီရင်ခံစာတင်သွင်းသူ တွမ်အန်ဒရူးစ်၊ Burma Campaign UK ဒါရိုက်တာ မာ့ခ်ဖာမာနား နှင့် Human Rights Watch မှ Asia Advocacy Director ဂျွန်ဆစ်ချ်တန် တို့က ဗြိတိန်၏လုပ်ဆောင်နိုင်စွမ်းအခန်းကဏ္ဍနှင့်ပတ်သက်၍ ဆွေးနွေးမည်ဖြစ်သည်။

အထက်ပါကြားနာပွဲသည် မြန်မာ့အရေးနှင့်ပတ်သက်သော ကော်မတီ၏ အစီရင်ခံစာအကျဉ်းကိုအထောက် အကူပြုစေမည်ဖြစ်ကြောင်း ဗြိတိန်နိုင်ငံခြားရေးရာကော်မတီ၏ ထုတ်ပြန်ချက်၌ ဖော်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာ့အရေးကို အင်ဒို-ပစိဖိတ်ဒေသ မဟာဗျူဟာမြောက်ဦးစားပေးအဖြစ် အသိအမှတ်ပြုဖို့ အမေရိကန်၊ သြစတြေးလျ၊ အိန္ဒိယ၊ ဂျပန် တို့ပါဝင်တဲ့ လေးနိုင်ငံ လုံခြုံရေးဆွေးနွေးဖက်နိုင်ငံများအဖွဲ့ QUAD ကို တော်လှန်ရေးနဲ့ အရပ်ဘက်အဖွဲ့အစည်း ၆၆ ခု ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။

သတင်း

မတရားစစ်အာဏာသိမ်းခံထားရတဲ့ ၅ နှစ်တာကာလ မြန်မာနိုင်ငံရဲ့ ပကတိအခြေအနေနဲ့ စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီစနစ်အသွင်ကူးပြောင်းနိုင်ရေး မြန်မာ့အရေးကြားနာပွဲကို ဒီကနေ့ (မတ်လ ၂) မှာ ဂျပန်အထက်လွှတ်တော်အမတ်များရုံးမှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)ရဲ့ ရပ်တည်ချက်တွေကို ခိုင်ခိုင်မာမာ ဆက်လက် ထိန်းသိမ်းထားဖို့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)က တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။

သတင်း

သံအမတ်ကြီးဦးကျော်မိုးထွန်းအားထောက်ခံပွဲကို အမေရိကန်၊ ကနေဒါ၊ ဂျပန်နှင့် တောင်ကိုရီးယားရောက် မြန်မာများ ပြုလုပ်