Connect with us

Hi, what are you looking for?

News

မြန်မာနိုင်ငံသားများကို ခိုလှုံခွင့်​ပေးရန်နှင့် စစ်တပ်ကို လက်နက်​ရောင်းချမှု တားမြစ်ပိတ်ပင်ရန် အ​မေရိကန်နှင့်​ တောင်ကိုရီးယားသမ္မတတို့ ​တောင်းဆို

မြန်မာနိုင်ငံသားများကို လုံခြုံစွာခိုလှုံခွင့်ပေးရန်နှင့် မြန်မာစစ်တပ်ကို လက်နက်ရောင်းချမှုတားမြစ်ပိတ်ပင်ရန် ကမ္ဘာ့နိုင်ငံများကို အမေရိကန်သမ္မတနှင့် တောင်ကိုရီးယားသမ္မတတို့က တောင်းဆိုလိုက်သည်။

ဓာတ်ပုံ - The White House See Less

တောင်ကိုရီးယားသမ္မတမွန်ဂျေအင်း၏ အမေရိကန်ခရီးစဉ်အတွင်း အိမ်ဖြူတော်၌ သမ္မတဂျိုးဘိုင်ဒန်နှင့်တွေ့ဆုံခဲ့ရာ ယင်းတွေ့ဆုံမှုအပြီးတွင် ခေါင်းဆောင်နှစ်ဦး၏ ပူးတွဲကြေညာချက်၌ တောင်းဆိုခဲ့ခြင်းဖြစ်သည်။

အရပ်သားပြည်သူများအပေါ် မြန်မာစစ်တပ်နှင့် ရဲတပ်ဖွဲ့က အကြမ်းဖက်ခြင်းအပေါ် ပြတ်သားစွာ ကန့်ကွက်ရှုတ်ချကြောင်း နှင့် အကြမ်းဖက်မှုများချက်ချင်းရပ်တန့်ရန် အထက်ပါခေါင်းဆောင်နှစ်ဦးက တိုက်တွန်းထားသည်။

ယင်းနောက် ဖမ်းဆီးထိန်းသိမ်းခံထားရသူများကို ပြန်လွှတ်ပေးရန်နှင့် ဒီမိုကရေစီလမ်းကြောင်းပေါ် နောက်ပြန်လှည့်ရန် အမေရိကန်နှင့် တောင်ကိုရီးယားခေါင်းဆောင်နှစ်ဦးက ပူးတွဲထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အခြေအနေတွေ ပိုမိုတင်းမာလာရင် အမြန်ဆုံး ထွက်ခွာကြဖို့၊ ဒါမှမဟုတ် ထွက်ခွာနိုင်အောင် အသင့်ပြင်ထားဖို့ အရှေ့အလယ်ပိုင်း ဒေသတွင်း နိုင်ငံတွေမှာ ရှိနေတဲ့ အမေရိကန် နိုင်ငံသားတွေကို အမေရိကန် အစိုးရက တိုက်တွန်းခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်ဆီက နောက်ထပ် တိုက်ခိုက်မှုတွေ ကြုံလာရင် ဒေသတွင်း နိုင်ငံတွေမှာရှိတဲ့ ရေနံတွင်းတွေနဲ့ စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေကို ပစ်မှတ်ထား လက်တုံ့ပြန်သွားမယ်လို့ အီရန်က သတိပေးခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်နိုင်ငံ၊ နီဗားဒါး ပြည်နယ်မှာရှိတဲ့ အမေရိကန် လေတပ်ရဲ့ လျှို့ဝှက်စခန်း Area 51 နားထိ တောမီးတွေ ပျံ့နှံ့ ကူးစက်လာနေကြောင်း သိရပါတယ်။

နိုင်ငံတကာ

အမေရိကန် တပ်တွေကို ဒုံးကျည်တွေနဲ့ ပစ်ခတ်ဖို့ ကြိုးစားခဲ့တဲ့ အီရန်ရဲ့ လုပ်ရပ်ကို အပြင်းအထန် တိုက်ခိုက်မှုတွေနဲ့ လက်တုံ့ပြန်ခဲ့ကြောင်း အမေရိကန် စစ်တပ်က ပြောပါတယ်။