Connect with us

Hi, what are you looking for?

News

မန္တလေးမြို့​ပေါ်တိုက်ပွဲကို ​စောင့်ကြည့်​နေပြီး စိုးရိမ်​ကြောင်း ကန်နှင့်က​နေဒါသံရုံးထုတ်ပြန်

မန္တလေးတွင် အရပ်သားများသေဆုံး၊ ဒဏ်ရာရမှုတို့ ရှိနိုင်သည်ဟူသော အစောပိုင်းသတင်းများအပါအဝင် ဆက်လက်ဖြစ်ပွားနေသော ပစ်ခတ်မှုသတင်းများကို မိမိတို့စောင့်ကြည့်နေပါသည်။ စစ်မက်ရေးရာ တင်းမာလာနေမှုကို စိုးရိမ်ပူပန်မိပြီး အကြမ်းဖက်မှုရပ်တန့်ရန်အရေးပေါ်တောင်းဆိုပါသည်။

မန္တ​လေးမြို့​ပေါ် တိုက်ပွဲဖြစ်ပွားမှုတွင် အရပ်သားများ​သေဆုံး၊ထိခိုက်ဒဏ်ရာရမှုနှင့် ပတ်သက်ပြီး စိုးရိမ်​ကြောင်း ရန်ကုန်မြို့ရှိ အ​မေရိကန်သံရုံးနှင့်က​နေဒါသံရုံးတို့က ထုတ်ပြန်သည်။

“မန္တလေးတွင် အရပ်သားများသေဆုံး၊ ဒဏ်ရာရမှုတို့ ရှိနိုင်သည်ဟူသော အစောပိုင်းသတင်းများအပါအဝင် ဆက်လက်ဖြစ်ပွားနေသော ပစ်ခတ်မှုသတင်းများကို မိမိတို့စောင့်ကြည့်နေပါသည်။ စစ်မက်ရေးရာ တင်းမာလာနေမှုကို စိုးရိမ်ပူပန်မိပြီး အကြမ်းဖက်မှုရပ်တန့်ရန်အရေးပေါ်တောင်းဆိုပါသည်”ဟု ထုတ်ပြန်သည်။

ထို့အပြင် ရန်ကုန်မြို့ရှိ က​နေဒါသံရုံးကလည်း “ယနေ့ မန္တလေးမြို့တွင် ဖြစ်ပွားနေသော တိုက်ခိုက်မှုများအပေါ် မြန်မာနိုင်ငံဆိုင်ရာ ကနေဒါသံရုံးမှ များစွာ စိုးရိမ်မကင်း ဖြစ်နေပါသည်။ အကြမ်းဖက်မှုများ၊ ခြိမ်းခြောက်မှုများ၊ ခြောက်လှန့်မှုများကို ရပ်တန့်ရန်နှင့် အရပ်သားများကို ကာကွယ်ပေးရန်လည်း ကျွန်ုပ်တို့အနေဖြင့် တောင်းဆိုလိုပါသည်။”ဟု ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ပေါ်တာစွဲခံထားရပြီး မန္တလေးနန်းတွင်းမှာ ချုပ်နှောင်ခံထားရတဲ့ လူငယ်တွေကို ပုသိမ်ကြီးနယ်က ခလရ(၁၁၆)နဲ့ (၁၁၉)တပ်ရင်းကို ပို့လိုက်ပြီလို့ မြို့ခံတွေက ပြောပါတယ်။