Connect with us

Hi, what are you looking for?

News

မန္တလေးမြို့​ပေါ်တိုက်ပွဲကို ​စောင့်ကြည့်​နေပြီး စိုးရိမ်​ကြောင်း ကန်နှင့်က​နေဒါသံရုံးထုတ်ပြန်

မန္တလေးတွင် အရပ်သားများသေဆုံး၊ ဒဏ်ရာရမှုတို့ ရှိနိုင်သည်ဟူသော အစောပိုင်းသတင်းများအပါအဝင် ဆက်လက်ဖြစ်ပွားနေသော ပစ်ခတ်မှုသတင်းများကို မိမိတို့စောင့်ကြည့်နေပါသည်။ စစ်မက်ရေးရာ တင်းမာလာနေမှုကို စိုးရိမ်ပူပန်မိပြီး အကြမ်းဖက်မှုရပ်တန့်ရန်အရေးပေါ်တောင်းဆိုပါသည်။

မန္တ​လေးမြို့​ပေါ် တိုက်ပွဲဖြစ်ပွားမှုတွင် အရပ်သားများ​သေဆုံး၊ထိခိုက်ဒဏ်ရာရမှုနှင့် ပတ်သက်ပြီး စိုးရိမ်​ကြောင်း ရန်ကုန်မြို့ရှိ အ​မေရိကန်သံရုံးနှင့်က​နေဒါသံရုံးတို့က ထုတ်ပြန်သည်။

“မန္တလေးတွင် အရပ်သားများသေဆုံး၊ ဒဏ်ရာရမှုတို့ ရှိနိုင်သည်ဟူသော အစောပိုင်းသတင်းများအပါအဝင် ဆက်လက်ဖြစ်ပွားနေသော ပစ်ခတ်မှုသတင်းများကို မိမိတို့စောင့်ကြည့်နေပါသည်။ စစ်မက်ရေးရာ တင်းမာလာနေမှုကို စိုးရိမ်ပူပန်မိပြီး အကြမ်းဖက်မှုရပ်တန့်ရန်အရေးပေါ်တောင်းဆိုပါသည်”ဟု ထုတ်ပြန်သည်။

ထို့အပြင် ရန်ကုန်မြို့ရှိ က​နေဒါသံရုံးကလည်း “ယနေ့ မန္တလေးမြို့တွင် ဖြစ်ပွားနေသော တိုက်ခိုက်မှုများအပေါ် မြန်မာနိုင်ငံဆိုင်ရာ ကနေဒါသံရုံးမှ များစွာ စိုးရိမ်မကင်း ဖြစ်နေပါသည်။ အကြမ်းဖက်မှုများ၊ ခြိမ်းခြောက်မှုများ၊ ခြောက်လှန့်မှုများကို ရပ်တန့်ရန်နှင့် အရပ်သားများကို ကာကွယ်ပေးရန်လည်း ကျွန်ုပ်တို့အနေဖြင့် တောင်းဆိုလိုပါသည်။”ဟု ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

ဧရာဝတီတိုင်း၊ ရွှေသောင်ယံမြို့နယ်အတွင်း ရက်အနည်းငယ်အကြာ တိုက်ပွဲငြိမ်သက်ခဲ့ပြီးနောက် ဇန်နဝါရီ၁၆ရက်ညနက်ပိုင်းမှစ၍ ဘောမိကျေးရွာအနီး၌ တိုက်ပွဲအပြင်းအထန်ဖြစ်ပြီး စစ်ကောင်စီက လေကြောင်းမှပါ ခုခံတိုက်ခိုက်ခဲ့သည်။

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်၊နမ့်မိုရွာအနီးတွင် SSPPနှင့် RCSSတို့ တိုက်ပွဲဖြစ်ပွားနေပြီး ဒေသခံများမှာ ဘေးလွတ်ရာ တိမ်းရှောင်နေရသည်။

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ် ကျောက်ဂူဒေသတွင် ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်(DPLA)နှင့် စစ် ကောင်စီတပ်တို့အကြားတိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေကြောင်း DPLAက ယနေ့ (ဇန်နဝါရီ ၁၆ရက်)တွင် သတင်းထုတ်ပြန်သည်။

သတင်း

မကွေးတိုင်း၊ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့တွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များကြား နှစ်ဘက်ထိတွေ့တိုက်ပွဲဖြစ် ပွားပြီး PDF ရဲဘော်တဦး ကျဆုံးခဲ့ကြောင်း ဒေသခံ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။