Connect with us

Hi, what are you looking for?

News

မြန်မာ့အ​ရေး ကုလအထူးကိုယ်စားလှယ်နှင့် ကန်နိုင်ငံခြား​ရေးဒုဝန်ကြီး​​တွေ့ဆုံဆွေး​နွေး

အမေရိကန်နိုင်ငံခြားရေးဒုဝန်ကြီးဟာ ​ကုလသမဂ္ဂအတွင်းရေးမှူးရဲ့အထူးကိုယ်စားနဲ့တွေ့ဆုံပြီး မြန်မာ့အရေးဆွေးနွေးခဲ့တယ်လို့ ကန်နိုင်ငံခြားရေးဝန်ကြီးဌာန သတင်းထုတ်ပြန်ပါတယ်။

ဒုတိယဝန်ကြီး Wendy Sherman ဟာ ကုလအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Christine Schraner Burgenerကို ဇွန် ၂၂ ရက်က မြို့တော် ဝါရှင်တန်ဒီစီမှာ တွေ့ဆုံခဲ့တာဖြစ်ပြီး မြန်မာစစ်တပ်ရဲ့ အကြမ်းဖက်မှု၊ ဖိနှိပ်မှုတွေ အဆုံးသတ်ရေး နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ကြိုးပမ်းမှုတွေကို ထည့်သွင်းဆွေးနွေးခဲ့ပါတယ်။

ဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်သွားနိုင်ဖို့ မြန်မာလူထုရဲ့အားထုတ်မှုတွေမှာ ကူညီနိုင်ရေးနဲ့ သဘောတူဆုံးဖြတ်ချက်ငါးရပ်ကို မြန်မာစစ်တပ်က တာဝန်ယူဆောင်ရွက်ဖို့ အာဆီယံက တိုက်တွန်းရေးတို့ကိုလည်း ဆွေးနွေးခဲ့ပါတယ်။

ဒါ့အပြင် မြန်မာပြည်တွင်းက ထိခိုက်လွယ်ပြည်သူတွေကို မဖြစ်မနေလူသားချင်းစာနာမှုအကူအညီပေးနိုင်ရေး အားထုတ်ဆောင်ရွက်မှုတွေ၊ နိုင်ငံရေးခိုလှုံခွင့်တောင်းခံသူတွေ၊ ဒုက္ခသည်တွေကို လုံခြုံတဲ့ခိုလှုံခွင့်​ပေးရေးနဲ့ အကူအညီပေးနိုင်ရေး ဒေသတွင်းက နိုင်ငံတွေကို အားပေးဖို့ကိစ္စတွေကိုလည်း ဆွေးနွေးခဲ့တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်း စစ်တပ်ကို ထိပ်သီး အစည်းအဝေးတွေ တက်ရောက်ခွင့်ကနေ ဆက်လက် တားဆီး ပိတ်ပင်ထားမယ့် အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)ရဲ့ ဆုံးဖြတ်ချက်ကို အာဆီယံ လူ့အခွင့်အရေးဆိုင်ရာ လွှတ်တော် အမတ်များ အစုအဖွဲ့ (APHR)က ကြိုဆိုလိုက်ပါတယ်။

နိုင်ငံတကာ

နိုင်ငံရဲ့ နျူကလီးယား စစ်လက်နက်တွေ ဖျက်သိမ်းရေးကို တောင်းဆိုခဲ့တဲ့အတွက် အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)ကို မြောက်ကိုရီးယားက ဝေဖန်ထိုးနှက်ခဲ့ပါတယ်။

သတင်း

အာဆီယံရဲ့ ဘုံသဘောတူညီချက်တိုင်းကို အမြဲမပြတ်ပူးပေါင်းလုပ်ဆောင်သွားမယ်လို့ ဆို

သတင်း

ထိုင်းနဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးတွေ တွေ့ဆုံရာမှာ မြန်မာ့နိုင်ငံရေး အကျပ်အတည်းကိုပါ ထည့်သွင်း ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။