Connect with us

Hi, what are you looking for?

News

မြန်မာစစ်ခေါင်းဆောင်တွေအပေါ် ထပ်တိုးအရေးယူဒဏ်ခတ်​ရေး သြစတြေးလျအစိုးရကို လွှတ်တော်ဖိအားပေး

မြန်မာစစ်ခေါင်းဆောင်တွေကို ပိတ်ဆို့အရေးယူမှု တိုးချဲ့ဖို့နဲ့ သြစတြေးလျနိုင်ငံမှာ ဆက်လက်နေထိုင်လိုသူတွေကို နိုင်ငံသားပေးဖို့ ဝန်ကြီးချုပ်မော်ရစ်ဆင်အစိုးရကို တောင်းဆိုဖိအားပေးမှုတွေရှိလာပါတယ်။

ဖေဖော်ဝါရီ ၁ရက် အာဏာသိမ်းမှုကြောင့် ရာနှင့်ချီတဲ့ ဆန္ဒပြသူအရပ်သားတွေကို မြန်မာလုံခြုံရေးတပ်ဖွဲ့တွေက သတ်ဖြတ်ခဲ့ပေမယ့် သြစတြေးလျ အစိုးရဟာ နိုင်ငံတကာဖိအား ကြီးကြီးမားမားရင်ဆိုင်နေရတဲ့ မြန်မာစစ်တပ်ထိပ်ပိုင်းဗိုလ်ချုပ်ကြီးတွေကို အရေးယူဒဏ်ခတ်တာ ရပ်တန့်ထားခဲ့ပါတယ်။

သြစတြေးလျအစိုးရရဲ့ ရပ်တည်ချက်နဲ့ပတ်သက်လို့ လစ်ဘရယ်၊ အမျိုးသားရေး၊ လေဘာ နဲ့ ဂရင်းစ်ကိုယ် စားပြု လွှတ်တော်အမတ်တွေဟာ ဒီနေ့ (ဇွန် ၂၄ ရက်)မှာ အစီရင်ခံသစ်တစ်စောင်ထုတ်ပြန်ပြီး မေးခွန်းထုတ်​ဝေဖန်လိုက်ပါတယ်။

သဘောတူဆုံးဖြတ်ထားတဲ့အစီရင်ခံစာမှာ ဆန္ဒပြသူတွေအပေါ် ဖိနှိပ်အကြမ်းဖက်မှုနဲ့ ဒီမိုကရေစီဖယ်ရှားမှုမှာ ပါဝင်ပတ်သက်ခဲ့တဲ့ မြန်မာစစ်တပ်အရာရှိကြီးတွေနဲ့ စစ်တပ်နဲ့ဆက်စပ်တဲ့စီးပွားရေး လုပ်ငန်းတွေကို ပစ်မှတ်ထား ထပ်တိုးအရေးယူဒဏ်ခတ်သင့်တယ်လို့ ဖော်ပြပါတယ်။

အရေးယူမှုမှာ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း(MEC) နဲ့ မြန်မာ့ဦးပိုင်(MEHL)စတဲ့ စီးပွားရေးလုပ်ငန်းတွေကို ထည့်သွင်းသင့်တယ်လို့ နိုင်ငံခြားရေး၊ ကာကွယ်ရေးနှင့်ကုန်သွယ်ရေး ပူးတွဲကော်မတီက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

လက်ရှိမှာ မြန်မာစစ်တပ်အပေါ် နိုင်ငံတကာဖိအားတိုးလာပေမယ့် သြစတြေးလျ အစိုးရဟာ စစ်တပ်အာဏာ သိမ်းပြီးနောက်ပိုင်း ထပ်တိုးအရေးယူမှုတစ်ခုမှ ကြေညာထားတာမရှိပါဘူး။

သြစတြေးလျဟာ ၂၀၁၈ က စစ်တပ်အရာရှိကြီး ၅ ဦးကို အရေးယူဒဏ်ခတ်ခဲ့ပေမယ့် အဲဒီစာရင်းမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ ဒုခေါင်းဆောင် စိုးဝင်းတို့ မပါဝင်ခဲ့ပါဘူး။
ကိုးကား -The Guardian

ဆက်စပ်သတင်းများ

အတွေးအမြင်

"ကျွန်​တော်တို့က သူတို့ကိုအားကိုးပါတယ်ဆိုမှ သူတို့ကအချင်းချင်းရန်ဖြစ်​နေကြ​တော့ ဘယ်သူ့အားကိုးရမယ်မသိဘူး "

သတင်း

စစ်ကောင်စီအာဏာသိမ်းထားတဲ့ ၃ နှစ်ကျော်ကာလအတွင်း အရပ်သားနေအိမ် တစ်သိန်းကျော် မီးရှို့ဖျက်ဆီးခံရကြောင်း Data for Myanmar အဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

ဩစတြေးလျနဲ့ နယူးဇီလန် နိုင်ငံတွေကြား ပင်လယ်ပြင်မှာ တရုတ်ရေတပ်ရဲ့ စစ်ရေး လေ့ကျင်နေမှုကို နှစ်နိုင်ငံစလုံးက နိုးနိုးကြားကြား စောင့်ကြည့်နေကြပါတယ်။

နိုင်ငံတကာ

ဘရာဇီး သမ္မတဟောင်း ဂျဲရ် ဘော်လ်ဆိုနာရိုဟာ အာဏာသိမ်းဖို့ ကြံစည်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်အတွက် စွဲချက်တင်ခြင်း ခံခဲ့ရကြောင်း သိရပါတယ်။

Facebook