Connect with us

Hi, what are you looking for?

News

မြန်မာစစ်ခေါင်းဆောင်တွေအပေါ် ထပ်တိုးအရေးယူဒဏ်ခတ်​ရေး သြစတြေးလျအစိုးရကို လွှတ်တော်ဖိအားပေး

မြန်မာစစ်ခေါင်းဆောင်တွေကို ပိတ်ဆို့အရေးယူမှု တိုးချဲ့ဖို့နဲ့ သြစတြေးလျနိုင်ငံမှာ ဆက်လက်နေထိုင်လိုသူတွေကို နိုင်ငံသားပေးဖို့ ဝန်ကြီးချုပ်မော်ရစ်ဆင်အစိုးရကို တောင်းဆိုဖိအားပေးမှုတွေရှိလာပါတယ်။

ဖေဖော်ဝါရီ ၁ရက် အာဏာသိမ်းမှုကြောင့် ရာနှင့်ချီတဲ့ ဆန္ဒပြသူအရပ်သားတွေကို မြန်မာလုံခြုံရေးတပ်ဖွဲ့တွေက သတ်ဖြတ်ခဲ့ပေမယ့် သြစတြေးလျ အစိုးရဟာ နိုင်ငံတကာဖိအား ကြီးကြီးမားမားရင်ဆိုင်နေရတဲ့ မြန်မာစစ်တပ်ထိပ်ပိုင်းဗိုလ်ချုပ်ကြီးတွေကို အရေးယူဒဏ်ခတ်တာ ရပ်တန့်ထားခဲ့ပါတယ်။

သြစတြေးလျအစိုးရရဲ့ ရပ်တည်ချက်နဲ့ပတ်သက်လို့ လစ်ဘရယ်၊ အမျိုးသားရေး၊ လေဘာ နဲ့ ဂရင်းစ်ကိုယ် စားပြု လွှတ်တော်အမတ်တွေဟာ ဒီနေ့ (ဇွန် ၂၄ ရက်)မှာ အစီရင်ခံသစ်တစ်စောင်ထုတ်ပြန်ပြီး မေးခွန်းထုတ်​ဝေဖန်လိုက်ပါတယ်။

သဘောတူဆုံးဖြတ်ထားတဲ့အစီရင်ခံစာမှာ ဆန္ဒပြသူတွေအပေါ် ဖိနှိပ်အကြမ်းဖက်မှုနဲ့ ဒီမိုကရေစီဖယ်ရှားမှုမှာ ပါဝင်ပတ်သက်ခဲ့တဲ့ မြန်မာစစ်တပ်အရာရှိကြီးတွေနဲ့ စစ်တပ်နဲ့ဆက်စပ်တဲ့စီးပွားရေး လုပ်ငန်းတွေကို ပစ်မှတ်ထား ထပ်တိုးအရေးယူဒဏ်ခတ်သင့်တယ်လို့ ဖော်ပြပါတယ်။

အရေးယူမှုမှာ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း(MEC) နဲ့ မြန်မာ့ဦးပိုင်(MEHL)စတဲ့ စီးပွားရေးလုပ်ငန်းတွေကို ထည့်သွင်းသင့်တယ်လို့ နိုင်ငံခြားရေး၊ ကာကွယ်ရေးနှင့်ကုန်သွယ်ရေး ပူးတွဲကော်မတီက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

လက်ရှိမှာ မြန်မာစစ်တပ်အပေါ် နိုင်ငံတကာဖိအားတိုးလာပေမယ့် သြစတြေးလျ အစိုးရဟာ စစ်တပ်အာဏာ သိမ်းပြီးနောက်ပိုင်း ထပ်တိုးအရေးယူမှုတစ်ခုမှ ကြေညာထားတာမရှိပါဘူး။

သြစတြေးလျဟာ ၂၀၁၈ က စစ်တပ်အရာရှိကြီး ၅ ဦးကို အရေးယူဒဏ်ခတ်ခဲ့ပေမယ့် အဲဒီစာရင်းမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ ဒုခေါင်းဆောင် စိုးဝင်းတို့ မပါဝင်ခဲ့ပါဘူး။
ကိုးကား -The Guardian

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်၊သဲအင်း ကျေးရွာက ကျောင်းထိုင်ဆရာ‌‌တော် တပါးကို အာဏာသိမ်းစစ်တပ်ကဖမ်းဆီးနှိပ်စက်သတ်ဖြတ်လိုက်ပြီး အနီးပတ်ဝန်းကျင်က ကျေးရွာ တွေကိုလည်း ပေါ်တာဆွဲဖမ်းဆီးမှုတွေလုပ်​နေတယ်လို့ ဒေသခံ တွေက ပြောပါတယ်။

သတင်း

စစ်တပ်ကဗုံးအလုံး​ရေ​ထောင်ချီကြဲ​ပေမယ့်ရေ​ကြောင်းနဲ့ကုန်း​ကြောင်းတိုက်ပွဲမှာရှုံး

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

ရွှေဝါရောင်တော်လှန်ရေးမှာ သံဃာတော်တွေနဲ့ ပြည်သူတွေကို စစ်အာဏာရှင်က ရက်ရက်စက်စက် နှိက်စက်သတ်ဖြတ်ခဲ့တာကို မမေ့ကြဖို့နဲ့ စစ်အာဏာရှင်တွေကဘုံရန်သူပျောက်အောင် သွေးခွဲလေ့ရှိတာကိုသတိထားကြဖို့ရွှေဝါရောင်ဆရာတော် ဆရာတော် မင်းသုညက မိန့်ကြားလိုက်ပါတယ်။