Connect with us

Hi, what are you looking for?

News

ဒဂုံ (အရှေ့)မှ ရပ်ကွက်အုပ်ချုပ်ရေးမှူး သေနတ်ဖြင့်ပစ်သတ်ခံရ

စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများနှင့် ပြည်သူလူထုများအား အကြမ်းဖက်ပစ်ခတ်သတ်ဖြတ်ခဲ့သည့် စစ်ကောင်စီအား သတင်းပေးသူ ဒလန်များ၊ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးများ၊ စစ်ကောင်စီ ယန္တရားတွင် ပါဝင်နေသူများအား လုပ်ကြံသတ်ဖြတ်မှုများ မကြာခဏ ဖြစ်ပေါ်လျက်ရှိသည်။

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ် အမှတ်(၂)ရပ်ကွက်မှ အာဏာသိမ်းစစ်​ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူး တစ်ဦး ယနေ့နေ့လည်ပိုင်းက သေနတ်ဖြင့်လုပ်ကြံသတ်ဖြတ်ခံရကြောင်း ရက်ကွက်နေပြည်သူတစ်ဦးက People’s Springသို့ ပြောသည်။

“ငါတို့ ရပ်ကွက်က အုပ်ချုပ်ရေးမှူး သေနတ်နဲ့ပစ်ခတ်ထိတယ်။ ၆လမ်းထိပ်က ထမင်းဆိုင်မှာ။ အဲဒီ လမ်းထိပ်က ပြန်လာတဲ့သူပြောတာ။ ပစ်တာ ၆ချက်လို့ ပြောတယ်။ အသက်ရှင်ဖို့တော့မလွယ်ဘူး” ဟု ၎င်းကဆက်​ပြောသည်။

သေနတ်ဖြင့်ပစ်ခတ်ခံရသူသည် ဦးမျိုးအောင် ဆိုသူဖြစ်ပြီး ၎င်းကို ယခင်ကလည်း လာရောက် လုပ်ကြံခဲ့ဖူးသည်ဟု​ဒေသခံအချို့ကဆိုသည်။

“အရင်တုန်းက သူ့အိမ်မှာ ပထမတစ်ခေါက်က အိမ်ရှေ့တစ်ခါလာပစ်သွားတယ်။နောက်တစ်ခေါက်က အိမ်ထဲကို ပစ်တယ်။ အခုဖြစ်တာက ထမင်းဆိုင်မှာဖြစ်တာ” ဟု အဆိုပါ ရပ်ကွက်တွင်နေထိုင်သူက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများနှင့် ပြည်သူလူထုများအား အကြမ်းဖက်ပစ်ခတ်သတ်ဖြတ်ခဲ့သည့် စစ်ကောင်စီအား သတင်းပေးသူ ဒလန်များ၊ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးများ၊ စစ်ကောင်စီ ယန္တရားတွင် ပါဝင်နေသူများအား လုပ်ကြံသတ်ဖြတ်မှုများ မကြာခဏ ဖြစ်ပေါ်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့လယ်ခေါင်ကျောက်တံတားမြို့နယ် ပန်းဆိုးတန်းနဲ့ မဟာဗန္ဓုလလမ်းထောင့်မှာ ဒီကနေ့ (စက်တင်ဘာ ၁၉)ညမှာအမျိုးသားတစ်ဦး မူးယစ်ဆေးသုံးစွဲပြီး ကားကိုမောင်းနှင်တာမှာ လမ်း​ပေါ်ရှိတဲ့ ကား​တွေကို လိုက်လံတိုက်ခိုက်မှု ဖြစ်ပွားခဲ့တယ်လို့ဒေသခံပြည်သူတွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့မှာ စားအုန်းဆီဈေးတွေ သတ်မှတ်ဈေးထက် ၂ဆလောက် မြင့်တက်နေပြီး ရပ်ကွက်တွေမှာလည်း စာအုန်းဆီ ခွဲတမ်းဝယ်ယူရတာ ပိုခက်ခဲလာတယ်လို့ ဒေသခံတွေက‌ ပြောပါတယ်။

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်တွေမှာ စက်တင်ဘာ ၂ပတ်အတွင်း မတရားဖမ်းဆီးပေါ်တာဆွဲခံရသူ ၉၀ ကျော် ရှိတယ်လို့ မြေပြင်ကင်းထောက်အဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့မှာ ဒီနေ့(စက်တင်ဘာ၁၄) နေ့လည်ပိုင်းက လေပြင်းတိုက်ခတ်မှုကြောင့် မြို့နယ်လေးခုမှာသစ်ပင်လဲကျတဲ့ ဖြစ်စဉ်တွေဖြစ်ခဲ့ပြီး လမ်းပိတ်မှုတွေဖြစ်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။