Connect with us

Hi, what are you looking for?

News

၅၀၅-က ရုပ်သိမ်းဖို့ ခံဝန်ကိစ္စမျိုးဆက်သွယ်လာတာမရှိခဲ့ဘူးလို့ သည်​ခေတ်​နေ ​ပြော

“အနုပညာရှင် ၂၄ ဦးကို ၅၀၅-က နဲ့ဆွဲထားတဲ့ အမှု စစ်ကောင်စီ ပြန်ရုပ်”

အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲများတွင် ပါဝင်ခဲ့သောကြောင့် ပုဒ်မ ၅၀၅-က ဖြင့် မတရား အမှုဖွင့်ခံထားရသည့် အနုပညာရှင် ၂၄ ဦးကို အမှုမှရုတ်သိမ်းလိုက်သည်။

သက်မွန်မြင့်၊ ချစ်သုဝေ၊ အေးဝတ်ရည်သောင်း၊ အေးမြတ်သူ၊ စူးရှနိုင်၊ ခါရာ၊ G Fatt ၊ ဟန်နေတာ၊ J Fire စသည့် အနုပညာရှင်များအပါအဝင် ပုဒ်မ ၅၀၅ က ဖြင့် အမှုဖွင့်ခံထားရသူ ၂၄ ဦးကို အမှုမှရုတ်သိမ်းလိုက်ကြောင်း ဇွန် ၂၉ ရက်တွင် စစ်ကောင်စီက သတင်းထုတ်ပြန်သည်။

ပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်ခံထားရသည့် အနုပညာရှင်များအနက် ၂၄ ဦးစာရင်း၌ ပါဝင်သူမ​ျားသည် အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုများတွင် ပြင်ပ ပယောဂတစ်စုံတစ်ရာကြောင့် ပါဝင်ခဲ့သည်ဟု ယူဆကာ အမှုမှရုတ်သိမ်းခဲ့ခြင်းဖြစ်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။

စစ်ကောင်စီက ပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်ခံထားရသည့် အနုပညာရှင်များကို အမှုမှရုတ်သိမ်းပေးရန် ခံဝန်ထိုးခိုင်းသည်ဟု သတင်းထွက်ပေါ်သော်လည်း အတည်မပြုနိုင်ပေ။

Public Service Announcement

Public Service Announcement

ပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်ခံထားရသည့် ဒါရိုက်တာ သည်ခေတ်နေက ခံဝန်ထိုးသည့်ကိစ္စမျိုး ဆက်သွယ်ခြင်းမရှိကြောင်း နှင့် အနုပညာရှင်များကို အမှုမှရုတ်သိမ်းသည့် အကြောင်းကိုလည်း အင်တာဗျူးမေးသည့် အချိန်မှသာ သိရကြောင်း ပြောသည်။

စစ်ကောင်စီက ဂီတ၊ ရုပ်ရှင် မှ အနုပညာရှင်များကို အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုများတွင် ပါဝင်သောကြောင့် ပုဒ်မ ၅၀၅ ဖြင့် တရားစွဲဆိုခဲ့သောကြောင့် လက်ရှိအချိန်အထိ ထွက်ပြေးတိမ်းရှောင်နေရသည့် အနုပညာရှင် အများအပြားရှိပြီး လူမင်း၊ ပြေတီဦး၊ ပိုင်တံခွန်၊ ရဲတိုက်၊ အိန္ဒြာကျော်ဇင်၊ မေတိုးခိုင် စသည့် အနုပညာရှင်များက အင်းစိန်ထောင်၌ ထိန်းသိမ်းခံရကာ အမှုရင်ဆိုင်နေရသည်။

ဆက်စပ်သတင်းများ

သတင်း

OSP ၊ TPBI ၊ Grand Prix ၊Index Creative Village ကုမ္ပဏီ​တွေထွက်ခွာသွားပြီး ၊ SCG ဘိလပ်​မြေထုတ်စက်ရုံ နှစ်ရုံရပ်နားထား

သတင်း

လုပ်ငန်းလိုင်စင်များ ရုပ်သိမ်းခံရခြင်းနှင့်ပတ်သက်၍ တိုးမြစ်စာအုပ်တိုက်နှင့် လပြည့်လင်းပုံနှိပ်တိုက်တို့ထံ လတ်တလောဆက်သွယ်​၍ မရသေးပေ။

ဗီဒီယို

ပြင်သစ် အစိုးရကတော့ ဘာကီနာဖာဆိုက စစ်တပ်တွေ ကတိုက်ကရိုက် ရုပ်သိမ်းမလား ဆိုတာကို အတည်မပြုသေးပေမယ့် ဘာကြောင့် အခုလို အသည်းအသန် တပ်ရုပ်ခိုင်းနေသလဲ ဆိုတာကို စုံစမ်း မေးမြန်းသွားမယ်လို့ ပြောပါတယ်။

သတင်း

ဒီလို လွှတ်ပေးတာဟာ မနက်ဖြန်မှာ ကျရောက်မယ့် အမျိုးသားအောင်ပွဲနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ဖြစ်တယ်လို့ လည်းစစ်ကောင်စီက ဆိုပါတယ်။