Connect with us

Hi, what are you looking for?

ဗီဒီယို

ပြင်သစ်တပ်တွေ ရုပ်သိမ်းပေးဖို့ အာဏာသိမ်း ဘာကီနာဖာဆို စစ်တပ်တောင်းဆို

ပြင်သစ် အစိုးရကတော့ ဘာကီနာဖာဆိုက စစ်တပ်တွေ ကတိုက်ကရိုက် ရုပ်သိမ်းမလား ဆိုတာကို အတည်မပြုသေးပေမယ့် ဘာကြောင့် အခုလို အသည်းအသန် တပ်ရုပ်ခိုင်းနေသလဲ ဆိုတာကို စုံစမ်း မေးမြန်းသွားမယ်လို့ ပြောပါတယ်။

ပြည်တွင်းမှာ လုံခြုံရေးယူ ဖြန့်ကျက်ထားတဲ့ ပြင်သစ် စစ်တပ်တွေ ရုပ်သိမ်း ထွက်ခွာပေးဖို့ ဘာကီနာဖာဆို အာဏာသိမ်း စစ်အစိုးရက တောင်းဆိုလိုက်ပါတယ်။

အစိုးရပိုင် (AIB) သတင်းဌာနက အစိုးရ အနေနဲ့ ဘာကီနာဖာဆိုမှာ ရှိနေတဲ့ ပြင်သစ် စစ်တပ်တွေ တစ်လအတွင်း ထွက်ခွာဖို့ တောင်းဆိုထားလိုက်ကြောင်း ဖော်ပြသွားပါတယ်။ ၂၀၁၈ ခုနှစ်တုန်းက ရယူထားတဲ့ သဘောတူညီမှုအရ လာမယ့် တစ်လအတွင်း ပြင်သစ် စစ်တပ်တွေ ထွက်ခွာပေးရမယ်လို့လည်း AIBက ဆိုပါတယ်။

ပြင်သစ် အစိုးရဟာ ဘာကီနာဖာဆို နိုင်ငံမှာ စစ်သည်တွေ ဆက်လက် ဖြန့်ကျက်ထားဖို့ စီစဉ်နေခြင်းက မူလ သဘောတူညီမှုတွေကို ချိုးဖောက်တာ ဖြစ်တယ်လို့ စစ်အစိုးရ အာဘော် AIBက ပြောပါတယ်။ ဘာကီနာဖာဆိုမှာ ပြင်သစ် တပ်ဖွဲ့ဝင် ၄၀၀ ဝန်းကျင်လောက် ဆက်ပြီး တပ်စွဲထားဆဲ ဖြစ်ပါတယ်။

ဒါဟာ အရင်နှစ်တွေတုန်းက ဘာကီနာဖာဆိုနဲ့ ဒေသတွင်း နိုင်ငံတချို့မှာ ထကြွ သောင်းကျန်းခဲ့တဲ့ အိုင်အက်စ်နဲ့ အယ်လ်ကိုင်ဒါ ဆက်စပ် စစ်သွေးကြွတွေကို ကူညီ ဖြိုခွင်းဖို့ အားဖြည့် ဖြန့်ကျက်ထားခဲ့တာပါ။ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာတော့ ဘာကီနာဖာဆိုရဲ့ မြို့တော် အူဂါဒူဂူမှာ စစ်တပ် အလိုတော်ရိ တချို့က ပြင်သစ် စစ်သည်တွေ ဆက်ပြီး တပ်စွဲထားတဲ့ ကိစ္စအပေါ် အပြင်းအထန် ကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။

Public Service Announcement

Public Service Announcement

တချို့ ဆန္ဒပြသူတွေဟာ ဘာကီနာဖာဆိုနဲ့ ရုရှား အလံတွေကို ဝှေ့ရမ်းနေတာလည်း မြင်ရပါတယ်။ ရုရှားဟာ ဘာကီနာဖာဆိုရဲ့ စစ်အစိုးရကို အဓိက ထောက်ပံ့ပေးနေတဲ့ အင်အားကြီးနိုင်ငံ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ လတုန်းက ဘာကီနာဖာဆို စစ်တပ်ဟာ လုံခြုံရေး အကြောင်းပြချက်နဲ့ ရုရှား ကြေးစား စစ်တပ် Wagnerရဲ့ တပ်ဖွဲ့ဝင်တွေကို ဖိတ်ကြားခဲ့ကြောင်း ဂါနာ သမ္မတ နာနာ အကူဖို အဒိုဒိုက ပြောကြားခဲ့ပါသေးတယ်။

ပြင်သစ် အစိုးရကတော့ ဘာကီနာဖာဆိုက စစ်တပ်တွေ ကတိုက်ကရိုက် ရုပ်သိမ်းမလား ဆိုတာကို အတည်မပြုသေးပေမယ့် ဘာကြောင့် အခုလို အသည်းအသန် တပ်ရုပ်ခိုင်းနေသလဲ ဆိုတာကို စုံစမ်း မေးမြန်းသွားမယ်လို့ ပြောပါတယ်။

လွန်ခဲ့တဲ့ တစ်နှစ်တိတိလောက်တုန်းက ဘာကီနာဖာဆို စစ်တပ်က ဒုတိယ ဗိုလ်မှူးကြီး ပေါလ် ဟင်နရီ ဒမ်မီဘာဟာ သမ္မတ ရော့ချ်ကာဘိုရီကို ဖြုတ်ချပြီး အာဏာသိမ်းခဲ့ပါတယ်။ ဒါပေမဲ့ သူ့ရဲ့ အာဏာ သက်တမ်းက သိပ်မရှည်လိုက်ဘဲ ဗိုလ်ကြီး အီဘရာဟင် ထယာအိုရေး ဦးဆောင်တဲ့ တပ်တွင်း ဒုတိယ အင်အားစု တစ်ခုက အောက်တိုဘာလမှ နောက်တစ်ကြိမ် အာဏာသိမ်းယူခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်၊သဲအင်း ကျေးရွာက ကျောင်းထိုင်ဆရာ‌‌တော် တပါးကို အာဏာသိမ်းစစ်တပ်ကဖမ်းဆီးနှိပ်စက်သတ်ဖြတ်လိုက်ပြီး အနီးပတ်ဝန်းကျင်က ကျေးရွာ တွေကိုလည်း ပေါ်တာဆွဲဖမ်းဆီးမှုတွေလုပ်​နေတယ်လို့ ဒေသခံ တွေက ပြောပါတယ်။

သတင်း

စစ်တပ်ကဗုံးအလုံး​ရေ​ထောင်ချီကြဲ​ပေမယ့်ရေ​ကြောင်းနဲ့ကုန်း​ကြောင်းတိုက်ပွဲမှာရှုံး

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

ရွှေဝါရောင်တော်လှန်ရေးမှာ သံဃာတော်တွေနဲ့ ပြည်သူတွေကို စစ်အာဏာရှင်က ရက်ရက်စက်စက် နှိက်စက်သတ်ဖြတ်ခဲ့တာကို မမေ့ကြဖို့နဲ့ စစ်အာဏာရှင်တွေကဘုံရန်သူပျောက်အောင် သွေးခွဲလေ့ရှိတာကိုသတိထားကြဖို့ရွှေဝါရောင်ဆရာတော် ဆရာတော် မင်းသုညက မိန့်ကြားလိုက်ပါတယ်။