Connect with us

Hi, what are you looking for?

News

အကယ်ဒမီ ၇ ဆုရှင် ညွန့်ဝင်း ကွယ်လွန်

မြန်မာ့ရုပ်ရှင်လောကတွင် ရုပ်ရှင်ထူးချွန်ဆု အများဆုံးရရှိထားသည့် သရုပ်ဆောင်ညွန့်ဝင်းသည် ယနေ့နံနက်တွင် ကွယ်လွန်သွားခဲ့သည်။

ကွယ်လွန်ချိန်တွင် ညွန့်ဝင်းသည် အသက် ၈၂ နှစ်အရွယ်ရှိပြီဖြစ်သည်။

ညွှန့်ဝင်းသည် ဗန်တိုလူလေးနှင့် သူဇာ ၊ ချစ်သူဝိုင်းဝိုင်းလည်၊ တတိယအရွယ်၏ ဒုတိယဝေဒနာ၊ သီတာခုနှစ်တန်၊ သူ့ကျွန်မခံပြီ၊ ဆန်ရေ နှင့် လျှို့ဝှက်သောနှင်း ဇာတ်ကားများဖြင့် ထူးချွန်ဆု ၇ ဆု ရရှိထားသည်။

“ ပြောင်မြောက်လွန်းလှတဲ့ အနုပညာရှင်ကြီး၊ တန်ဖိုးမဖြတ်နိုင်တဲ့ အနုပညာ ကြယ်ပွင့်ကြီး ခုတော့ကြွေလွင့်သွားရှာပြီပေါ့။ ရင်နှင့်အမျှ နှမျှော တသ လွမ်းဆွတ်နေတော့မှာပါ။ အကို ကောင်းရာဘုံဘဝ ရောက်ပါစေ” ဟု ညွန့်ဝင်း၏ အနုပညာမောင်နှမတစ်ဦးဖြစ်သည့် ဝါဝါဝင်းရွှေက ၎င်း ၏ ဖေ့စ်ဘွတ်ခ်၌ ရေးသားထားသည်။

ဆက်စပ်သတင်းများ

သတင်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးတာဝန်ထမ်းဆောင်ခဲ့သူ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုမျိုးဇော်သိန်း (ခ)ကိုဘိုဘို (ခ)ကိုဘီလားဟာ ဧပြီ ၇ရက် ညနေပိုင်းက ကွယ်လွန်သွားခဲ့ပါတယ်။

သတင်း

​စစ်ကိုင်းတိုင်း၊ ကလေးအကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား ကိုဝင်းမြင့်စိုးဟာ ထောင်တွင်းကျန်းမာရေးစောင့်ရှောက်မှု လုံလောက်စွာမရရှိတာကြောင့်ကွယ်လွန်သွားခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

အင်ဒိုနီးရှားမှာ ပွက်ပွက်ဆူနေတဲ့ ရေနွေးကို သောက်ဖို့ အတင်းအကျပ် ဖိအားပေး ခံခဲ့ရတဲ့ ကလေးငယ် တစ်ဦးဟာ မသေဆုံးခင်မှာ သူ့ကို အဓမ္မ ခိုင်းစေခဲ့သူကို ဖော်ထုတ်သွားခဲ့ပါတယ်။

သတင်း

မန္တလေးမြို့က ထင်ရှားတဲ့ စာရေးဆရာ သင့်နော် ဒီကနေ့ စက်တင်ဘာ ၂၇ ရက် နေ့လယ်ပိုင်းမှာ ကွယ်လွန်သွားခဲ့ပါတယ်။