Connect with us

Hi, what are you looking for?

News

မြေနီကုန်းခုံးကျော်တံတားပေါ်ရှိ ရဲကားအနီး ဗုံးပေါက်

ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ် မြေနီကုန်းခုံးကျော်တံတားပေါ်ရှိ ရဲကားတစ်စီးအနီးတွင် ယနေ့ (ဇူလိုင် ၂ ရက်)နံနက် ၈နာရီကျော်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း အခင်းဖြစ်ပွားရာအနီးရှိ ပြည်သူတစ်ဦးက ပြောသည်။

လှိုင် EPCရုံး​ရှေ့တွက်လည်း ဗုံးနှစ်လုံး​ပေါက်

“ဗုံးက ၈ နာရီကျော်လောက်က ဘက်စ်ကား စောင့်နေတုန်း မြေနီကုန်း ခုံးတံတားပေါ်မှာ ဗုံးပေါက်တာပါ။ ကားအကြီး ဘီးပေါက်တယ် ထင်တာ ပြီးမှ ဗုံးပေါက်မှန်းသိတာပါ။ ရဲကားနားမှာ ပေါက်တယ်လို့တော့ သိရတယ်။ ဒဏ်ရာရအခြေအနေတော့ သေချာမသိရသေးပါဘူး။ ဆေးရုံကားတွေ ရဲကားတွေတော့ အများကြီးပဲ ရောက် လာတယ် ” ဟု ၎င်းက ပြောသည်။

အဆိုပါ ဗုံးပေါက်မှုကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြားရောက်ရှိလာပြီး မြေနီကုန်းခုံးတံတား လမ်းပိတ်ဆို့၍ စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများက ​ဆိုသည်။

ယမန်နေ့ (ဇူလိုင် ၁ ရက်)ကလည်း မြေနီကုန်း လမ်းဆုံမီးပွိုင့်နားရှိ ယာဉ်ထိန်းရဲရုံးတွင်ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး လမ်းသွား၊လမ်းလာအမျိုးသမီးငယ်တစ်ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ယနေ့နံနက် ၁၀နာရီခန့် နှင့် ၁၀နာရီ၁၀မိနစ်ခန့်တို့တွင် လှိုင်မြို့နယ် (၉)ရပ်ကွက်ရှိ ဘူတာရုံလမ်းမှတ်တိုင်အနီး လှိုင်EPC ရုံး(မီတာရုံး)ရှေ့ ဗုံးပေါက်ကွဲမှုနှစ်ကြိမ်ဖြစ်ပွားခဲ့သည်။

အဆိုပါ​ပေါက်ပွဲမှု​ကြောင့် အမျိုးသားတစ်ဦး ဒဏ်ရာရရှိခဲ့သည်။

ထို့အပြင် ၁၀နာရီမိနစ် ၂၀တွင် စသ်​ကောင်စီတပ်ဖွဲ့များ​ရောက်လာပြီး ရှာ​ဖွေစစ်​ဆေးမှုများပြုလုပ်​နေ​ကြောင်း အဆိုပါရပ်ကွက်​နေပြည်သူတစ်ဦးက ​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းမြို့က စစ်ကောင်စီရဲ့မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအနီး ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ရန်ကုန်တိုင်း ၊မြောက်ဒဂုံမြို့နယ်မှာရှိတဲ့ ကြက်ခြေနီရုံးနားမှာအသက်နှစ်လသားအရွယ်အမွှာကလေးနှစ်ဦးကို သြဂုတ်လ ၂ ရက်က လာရောက်စွန့်ပစ်သွားတဲ့ဖြစ်စဉ်ဖြစ်ခဲ့တ​ယ်လို့ လူမှုကူညီရေးလုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

ရန်ကုန်မြို့လယ် ၊ကမာရွတ်မြို့နယ်မှာ တစ်ယောက်တည်းလမ်းလျှောက်တဲ့ အမျိုးသမီးတွေကိုအမျိုးသားတဦးကလိုက်နှောက်ယှက်တဲ့ဖြစ်ရပ်ကိုလုံခြုံ​ရေးကင်မရာ( စီစီတီဗီ)က အမိအရ မှတ်တမ်းတင်နိုင်ခဲ့ပါတယ် ။

သတင်း

ရန်ကုန်မြို့မှာ မိုးဆက်တိုက်ရွာသွန်းနေတာကြောင့် မြို့နယ်တော်တော်များများမှာ လမ်းမတွေပေါ်အထိ ရေကြီးရေလျှံမှုတွေဖြစ်နေပြီး လမ်းပိတ်တာတွေကြုံနေရတယ်လို့ မြို့ခံတွေကပြောပါတယ်။