Connect with us

Hi, what are you looking for?

News

လူ့အခွင့်အရေးကောင်စီမှာ မြန်မာ့အရေးဆက်လက်ဆွေးနွေးမယ်

လက်ရှိ (၄၇) ကြိမ်မြောက် လူ့အခွင့်အရေးကောင်စီအစည်းအဝေးမှာ အာဏာသိမ်းစစ်ကောင်စီရဲ့ ကိုယ်စား လှယ်နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ကိုယ် စားလှယ်နှစ်ဦးစလုံးကို တက်ရောက်ခွင့်ပြုမထားပါဘူး။

ကျင်းပနေဆဲ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီမှာ မြန်မာ့အရေးဆွေးနွေးငြင်းခုံပွဲ နှစ်ရပ်ကို ဆွေးနွေးမယ်လို့ မဲခွဲဆုံးဖြတ်ခဲ့ပါတယ်။

လက်ရှိ (၄၇) ကြိမ်မြောက် လူ့အခွင့်အရေးကောင်စီအစည်းအဝေးမှာ အာဏာသိမ်းစစ်ကောင်စီရဲ့ ကိုယ်စား လှယ်နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ကိုယ် စားလှယ်နှစ်ဦးစလုံးကို တက်ရောက်ခွင့်ပြုမထားပါဘူး။

ဒါကြောင့် မြန်မာကိုယ်စားပြုမှုမရှိတဲ့အခြေအနေမှာ မြန်မာ့အရေးကို မဆွေးနွေးသင့်ဘူးလို့ တရုတ်အပါအဝင် နိုင်ငံအချို့က အစည်းအဝေး အစီအစဥ်မှာပါတဲ့ မြန်မာ့အရေးဆွေးနွေးငြင်းခုံပွဲနှစ်ရပ်ကို ဖျက်သိမ်းဖို့ ကြိုးစားခဲ့ပါတယ်။

ဒါပေမယ့် မြန်မာ့အရေးဟာ ပိုမိုဆိုးရွားလာနေတာကြောင့် မူလအစီအစဥ်အတိုင်း ဆက်လက်ဆွေးနွေးသင့်တယ်လို့ ထောက်ခံတဲ့နိုင်ငံတွေလည်း ရှိပါတယ်။

Public Service Announcement

Public Service Announcement

ဒီအခြေအနေမှာ ကောင်စီအဖွဲ့ဝင် (၄၇) နိုင်ငံက မြန်မာ့အရေးကို ဆက်လက်ဆွေးနွေးသင့်၊ မသင့် မဲခွဲဆုံးဖြတ်ခဲ့ရာမှာ ထောက်ခံမဲ ၂၆၊ ကန့်ကွက်မဲ ၇ နဲ့ ကြားနေမဲ ၁၄ ရရှိခဲ့ပါတယ်။ကန့်ကွက်မဲတွေကို တရုတ်၊ ရုရှား၊ ကျူးဘား၊ ဘဟားမား၊ အဲရစ်တီးရား၊ ဖီဂျီ၊ ဗင်နီဇွဲလားနိုင်ငံတွေက ပေးခဲ့တာပါ။

အာဆီယံနိုင်ငံတွေထဲမှာ လူ့အခွင့်အရေးကောင်စီရဲ့ အဖွဲ့ဝင်ဖြစ်နေတဲ့ အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင်တို့က မြန်မာ့အရေးကို ဆက်လက်ဆွေးနွေးသင့်တယ်လို့ ထောက်ခံမဲပေးခဲ့တာဟာ အားတက်စရာဖြစ်တယ်လို့ လူ့အခွင့်အရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက ရှုမြင်ပါတယ်။

“မြန်မာနိုင်ငံလူ့အခွင့်အရေးတင်ပြဆွေးနွေးမဲ့ ဒီအစီအစဥ်နှစ်ခုကို ပျက်အောင်ကြိုးစားမှုရှိခဲ့ပေမယ့် မြန်မာနိုင်ငံလူ့အခွင့်အရေးကို ဆွေးနွေးလိုတဲ့ နိုင်ငံတွေရဲ့ထောက်ခံမှုကြောင့် ဆက်လက်တင်ပြဆွေးနွေးမှုတွေ လုပ်ဆောင်သွားနိုင်မှာဖြစ်ပါတယ်။ ထောက်ခံမဲပေးတဲ့နိုင်ငံတွေကို ကျေးဇူးတင်ရှိပါတယ်။ နိုင်ငံအသီးသီးကို လှုံ့ဆော်ပေးခဲ့တဲ့ သူများကိုလဲ ကျေးဇူးတင်ပါတယ်”လို့ ဦးအောင်မျိုးမင်းက ရေးသားထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းမြန်မာစစ်ဗိုလ်ချုပ်တွေကို ဆွေးနွေးပွဲ စားပွဲဝိုင်းဆီ ခေါ်လာဖို့ အားထုတ်မှုမှာ တိုးတက်မှုတချို့ ရရှိခဲ့တယ်လို့ အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)ရဲ့ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ယူထားသူ ဖိလစ်ပိုင်သမ္မတဖာဒီနန်မားကို့စ်ဂျူနီယာကပြောကြားခဲ့ပါတယ်။

သတင်း

လက်နက်ကိုင်တပ် ၁၉ဖွဲ့နဲ့ စုဖွဲ့ထားတဲ့ နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု(SRA)ရဲ့ ဒုတိယအကြိမ်ညီလာခံ ဖွင့်ပွဲအခမ်းအနားကို ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြောင်း SCEFက အောက်တိုဘာ ၁၀ရက်ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

သတင်း

စစ်အုပ်စုဟာ လူမှုဖွံ့ဖြိုးတိုးတက်ရေးအတွက် မိတ်ဖက်မဖြစ်နိုင်ဘူးလို့ ပြော

သတင်း

AA နဲ့အတူ လက်တွဲပြီး စစ်တပ်ကို တွန်းလှန်တိုက်ခိုက်မယ်လို့ အသိပေး