Connect with us

Hi, what are you looking for?

News

လူ့အခွင့်အရေးကောင်စီမှာ မြန်မာ့အရေးဆက်လက်ဆွေးနွေးမယ်

လက်ရှိ (၄၇) ကြိမ်မြောက် လူ့အခွင့်အရေးကောင်စီအစည်းအဝေးမှာ အာဏာသိမ်းစစ်ကောင်စီရဲ့ ကိုယ်စား လှယ်နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ကိုယ် စားလှယ်နှစ်ဦးစလုံးကို တက်ရောက်ခွင့်ပြုမထားပါဘူး။

ကျင်းပနေဆဲ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီမှာ မြန်မာ့အရေးဆွေးနွေးငြင်းခုံပွဲ နှစ်ရပ်ကို ဆွေးနွေးမယ်လို့ မဲခွဲဆုံးဖြတ်ခဲ့ပါတယ်။

လက်ရှိ (၄၇) ကြိမ်မြောက် လူ့အခွင့်အရေးကောင်စီအစည်းအဝေးမှာ အာဏာသိမ်းစစ်ကောင်စီရဲ့ ကိုယ်စား လှယ်နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ကိုယ် စားလှယ်နှစ်ဦးစလုံးကို တက်ရောက်ခွင့်ပြုမထားပါဘူး။

ဒါကြောင့် မြန်မာကိုယ်စားပြုမှုမရှိတဲ့အခြေအနေမှာ မြန်မာ့အရေးကို မဆွေးနွေးသင့်ဘူးလို့ တရုတ်အပါအဝင် နိုင်ငံအချို့က အစည်းအဝေး အစီအစဥ်မှာပါတဲ့ မြန်မာ့အရေးဆွေးနွေးငြင်းခုံပွဲနှစ်ရပ်ကို ဖျက်သိမ်းဖို့ ကြိုးစားခဲ့ပါတယ်။

ဒါပေမယ့် မြန်မာ့အရေးဟာ ပိုမိုဆိုးရွားလာနေတာကြောင့် မူလအစီအစဥ်အတိုင်း ဆက်လက်ဆွေးနွေးသင့်တယ်လို့ ထောက်ခံတဲ့နိုင်ငံတွေလည်း ရှိပါတယ်။

Public Service Announcement

Public Service Announcement

ဒီအခြေအနေမှာ ကောင်စီအဖွဲ့ဝင် (၄၇) နိုင်ငံက မြန်မာ့အရေးကို ဆက်လက်ဆွေးနွေးသင့်၊ မသင့် မဲခွဲဆုံးဖြတ်ခဲ့ရာမှာ ထောက်ခံမဲ ၂၆၊ ကန့်ကွက်မဲ ၇ နဲ့ ကြားနေမဲ ၁၄ ရရှိခဲ့ပါတယ်။ကန့်ကွက်မဲတွေကို တရုတ်၊ ရုရှား၊ ကျူးဘား၊ ဘဟားမား၊ အဲရစ်တီးရား၊ ဖီဂျီ၊ ဗင်နီဇွဲလားနိုင်ငံတွေက ပေးခဲ့တာပါ။

အာဆီယံနိုင်ငံတွေထဲမှာ လူ့အခွင့်အရေးကောင်စီရဲ့ အဖွဲ့ဝင်ဖြစ်နေတဲ့ အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင်တို့က မြန်မာ့အရေးကို ဆက်လက်ဆွေးနွေးသင့်တယ်လို့ ထောက်ခံမဲပေးခဲ့တာဟာ အားတက်စရာဖြစ်တယ်လို့ လူ့အခွင့်အရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက ရှုမြင်ပါတယ်။

“မြန်မာနိုင်ငံလူ့အခွင့်အရေးတင်ပြဆွေးနွေးမဲ့ ဒီအစီအစဥ်နှစ်ခုကို ပျက်အောင်ကြိုးစားမှုရှိခဲ့ပေမယ့် မြန်မာနိုင်ငံလူ့အခွင့်အရေးကို ဆွေးနွေးလိုတဲ့ နိုင်ငံတွေရဲ့ထောက်ခံမှုကြောင့် ဆက်လက်တင်ပြဆွေးနွေးမှုတွေ လုပ်ဆောင်သွားနိုင်မှာဖြစ်ပါတယ်။ ထောက်ခံမဲပေးတဲ့နိုင်ငံတွေကို ကျေးဇူးတင်ရှိပါတယ်။ နိုင်ငံအသီးသီးကို လှုံ့ဆော်ပေးခဲ့တဲ့ သူများကိုလဲ ကျေးဇူးတင်ပါတယ်”လို့ ဦးအောင်မျိုးမင်းက ရေးသားထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

သတင်း

စစ်ဆင်ရေးမှာ ကျဆုံးခဲ့ရတဲ့ ရဲဘော် ၃ဦး ဦးညွှတ်အလေးပြုကြောင်း ဖော်ပြ

သတင်း

ဩစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့မှာ ပြည်ပရောက် မြန်မာတွေ စုပေါင်းပြီး ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို မြန်မာပြည်သူတွေကိုယ်စား ဆက်လက်အသိအမှတ်ပြုခန့်အပ်ထားပေးဖို့ တောင်းဆိုဆန္ဒပြပွဲကို စက်တင်ဘာ ၁၃ ရက်က ပြုလုပ်ခဲ့ပါတယ်။

Facebook